အိန္ဒိယနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံသား(၂)ဦးကို ဖမ်းဆီး

အိန္ဒိယနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံသား(၂)ဦးကို ဖမ်းဆီး

ကလေး၊ ဇူလိုင် ၂၅-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အိန္ဒိယနိုင်ငံကို အလုပ်သွားလုပ်နေရာကနေ မြန်မာနိုင်ငံအတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ သားအမိနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တမူးမြို့မရဲစခန်း ကနေ သိရပါတယ်။

မုံရွာမြို့နယ်၊ သမန္တာကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ခင်ချိုရီဆိုသူဟာ လွန်ခဲ့တဲ့ ၇ လ လောက်က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်ထဲမှာရှိတဲ့ လမ်ကားကျေးရွာမှာ ယက္ကန်းခေတ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ သားဖြစ်သူ မောင်ထက်ရှိုင်းဦးဟာ လွန်ခဲ့တဲ့ ၂ လ လောက်က မိခင်ရှိတဲ့ကျေးရွာကို သွားရောက်ပြီး သားအမိနှစ်ဦး ယက္ကန်းခေတ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို လုပ်ကိုင်နေခဲ့ရာကနေ COVID-19ကာလ လုပ်ငန်းတွေရပ်ဆိုင်းနေတာကြောင့် မြန်မာနိုင်ငံ ၊တမူးမြို့ကို ဇူလိုင်လ ၂၂ ရက်နေ့က နှစ်နိုင်ငံနယ်စပ်ကို တရားမဝင်လမ်းကြောင်းကနေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက် တမူးမြို့ကနေ မုံရွာမြို့ကိုပြန်ဖို့အတွက် ဇူလိုင်လ ၂၃ ရက်နေ့က တမူး-မုံရွာ ယာဉ်လိုင်းဖြစ်တဲ့ ရွှေစကား ယာဉ်လိုင်း နဲ့ လိုက်ပါလာခဲ့ရာမှာ တမူးမြို့ကနေ ကလေးမြို့အထွက် တမူးမြို့နယ် လေးမိုင်ဂိတ်စခန်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးကိုဆက်သွယ်မေးမြန်းရာမှာတော့ “သူတို့ကိုတော့ အခု ဆေးရုံမှာထားတယ်။ ထားပြီး Swab ယူမှာပေါ့၊ ယူပြီးလို့ ရောဂါပိုးမတွေ့ဘူးဆိုရင် တည်ဆဲ ဥပဒေအရ ဆက်ပြီးအရေးယူမယ်”လို့ ပြောပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ တမူး-မိုးရေး နယ်စပ်ဂိတ်ကို မတ်လ ထဲကနေ စတင်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက်ဆိုပြီး ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် အိန္ဒိယနိုင်ငံမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ဝင်လာနိုင်ဖို့ဆိုပြီး နှစ်နိုင်ငံအစိုးရကနေ တရားဝင် အပြန်အလှန်လက်ခံတာကိုလည်း ဆောင်ရွက်နေပါတယ်။

အဲ့ဒီလို ဆောင်ရွက်နေတဲ့အထဲက တရားမဝင်နယ်စပ်ဂိတ်ပေါက်တွေကနေ တရားမဝင် ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရှိပါက ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ ဇွန်လ ၁၂ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံမှာ ကျမ်းစာကျောင်း သွားတက်ပြီး နယ်စပ်ကနေ တမူးမြို့ကို တရားမဝင်ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးထောင်ချခဲ့ပြီး ဖြစ်ပါတယ်။

Photo – တမူး(ပြန်/ဆက်)
#voiceofmyanmar #VOM #တမူး

Zawgyi

အိႏၵိယႏိုင္ငံကေန တရားမဝင္ျပန္လာတဲ့အတြက္ ျမန္မာႏိုင္ငံသား(၂)ဦးကို ဖမ္းဆီး

ကေလး၊ ဇူလိုင္ ၂၅-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္မွာ အိႏၵိယႏိုင္ငံကို အလုပ္သြားလုပ္ေနရာကေန ျမန္မာႏိုင္ငံအတြင္း တရားမဝင္ ျပန္လည္ဝင္ေရာက္လာတဲ့ သားအမိႏွစ္ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ တမူးၿမိဳ႕မရဲစခန္း ကေန သိရပါတယ္။

မုံ႐ြာၿမိဳ႕နယ္၊ သမႏၲာေက်း႐ြာမွာ ေနထိုင္တဲ့ ေဒၚခင္ခ်ိဳရီဆိုသူဟာ လြန္ခဲ့တဲ့ ၇ လ ေလာက္က အိႏၵိယႏိုင္ငံ၊ မဏိပူရ္ျပည္နယ္၊ မိုးေရးၿမိဳ႕နယ္ထဲမွာရွိတဲ့ လမ္ကားေက်း႐ြာမွာ ယကၠန္းေခတ္တဲ့လုပ္ငန္းကုိ လုပ္ကိုင္ေနခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ သားျဖစ္သူ ေမာင္ထက္ရႈိင္းဦးဟာ လြန္ခဲ့တဲ့ ၂ လ ေလာက္က မိခင္ရွိတဲ့ေက်း႐ြာကို သြားေရာက္ၿပီး သားအမိႏွစ္ဦး ယကၠန္းေခတ္တဲ့လုပ္ငန္းကို လုပ္ကိုင္ေနခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီလို လုပ္ကိုင္ေနခဲ့ရာကေန COVID-19ကာလ လုပ္ငန္းေတြရပ္ဆိုင္းေနတာေၾကာင့္ ျမန္မာႏိုင္ငံ ၊တမူးၿမိဳ႕ကို ဇူလိုင္လ ၂၂ ရက္ေန႔က ႏွစ္ႏိုင္ငံနယ္စပ္ကို တရားမဝင္လမ္းေၾကာင္းကေန ျဖတ္သန္း ဝင္ေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီေနာက္ တမူးၿမိဳ႕ကေန မုံ႐ြာၿမိဳ႕ကိုျပန္ဖို႔အတြက္ ဇူလိုင္လ ၂၃ ရက္ေန႔က တမူး-မုံ႐ြာ ယာဥ္လိုင္းျဖစ္တဲ့ ေ႐ႊစကား ယာဥ္လိုင္း နဲ႔ လိုက္ပါလာခဲ့ရာမွာ တမူးၿမိဳ႕ကေန ကေလးၿမိဳ႕အထြက္ တမူးၿမိဳ႕နယ္ ေလးမိုင္ဂိတ္စခန္းမွာ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

တမူးခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဝင္းဦးကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ “သူတို႔ကိုေတာ့ အခု ေဆး႐ုံမွာထားတယ္။ ထားၿပီး Swab ယူမွာေပါ့၊ ယူၿပီးလို႔ ေရာဂါပိုးမေတြ႕ဘူးဆိုရင္ တည္ဆဲ ဥပေဒအရ ဆက္ၿပီးအေရးယူမယ္”လို႔ ေျပာပါတယ္။

ျမန္မာ-အိႏၵိယနယ္စပ္ျဖစ္တဲ့ တမူး-မိုးေရး နယ္စပ္ဂိတ္ကို မတ္လ ထဲကေန စတင္ၿပီးေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ပြားမႈ မရွိေစေရးအတြက္ဆိုၿပီး ပိတ္ထားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္ အိႏၵိယႏိုင္ငံမွာပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျပန္ဝင္လာႏိုင္ဖို႔ဆိုၿပီး ႏွစ္ႏိုင္ငံအစိုးရကေန တရားဝင္ အျပန္အလွန္လက္ခံတာကိုလည္း ေဆာင္႐ြက္ေနပါတယ္။

အဲ့ဒီလို ေဆာင္႐ြက္ေနတဲ့အထဲက တရားမဝင္နယ္စပ္ဂိတ္ေပါက္ေတြကေန တရားမဝင္ ျပန္လည္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို ေတြ႕ရွိပါက ဖမ္းဆီးအေရးယူတာေတြ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

ဒီလို ေဆာင္႐ြက္ရာမွာ ဇြန္လ ၁၂ ရက္ေန႔ကလည္း အိႏၵိယႏိုင္ငံမွာ က်မ္းစာေက်ာင္း သြားတက္ၿပီး နယ္စပ္ကေန တမူးၿမိဳ႕ကို တရားမဝင္ျပန္ဝင္လာတဲ့ ျမန္မာႏိုင္ငံသား ၆ ဦးကို ဖမ္းဆီးေထာင္ခ်ခဲ့ၿပီး ျဖစ္ပါတယ္။

Photo – တမူး(ျပန္/ဆက္)
#voiceofmyanmar #VOM #တမူး

Related posts

Leave a Comment

VOM News

FREE
VIEW