ဒေါ်နယ်ထရန့်ရဲ့ အနီးကပ်လုံခြုံရေးအကြံပေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ဒေါ်နယ်ထရန့်ရဲ့ အနီးကပ်လုံခြုံရေးအကြံပေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ဝါရှင်တန်၊ ဇူလိုင်-၂၈-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။

အိုဘရိုင်ယန်မှာ အပျော့စားရောဂါလက္ခဏာတွေပြသနေတာကြောင့် သီးခြားနေထိုင်စေကာ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေတယ်လို့ ဇူလိုင် ၂၇ ရက်မှာ အိမ်ဖြူတော်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သူ့မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပေမယ့် သမ္မတထရန့် သို့မဟုတ် ဒုတိယသမ္မတ မိုက်ပင့်စ်တို့မှာ ကူးစက်မှုအန္တရာယ်မရှိဘူးလို့ အိမ်ဖြူတော်ကပြောပါတယ်။

အိုဘရိုင်ယန်ဟာ ယခုလအစောပိုင်းမှာ ဖလော်ရီဒါကိုသွားရောက်တဲ့ ခရီးစဉ်တစ်ခုမှာ သမ္မတဒေါ်နယ်ထရန့်နဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူနဲ့ တွေ့ဆုံခဲ့ခြင်းမရှိတော့ဘူးလို့ ဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

အိမ်ဖြူတော်ဟာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်လျှက် ရှိပါတယ်။ အိုဘရိုင်ယန်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူဝန်ထမ်းတွေထဲမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန် တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ်တွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကူးစက်ခံရသူ ၄ ဒသမ ၂ သန်းကျော်ရှိနေပါတယ်။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ေဒၚနယ္ထရန္႔ရဲ႕ အနီးကပ္လံုျခံဳေရးအၾကံေပး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရ

၀ါရွင္တန္၊ ဇူလိုင္-၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္သမၼတ ေဒၚနယ္ထရန္႔ရဲ႕ အမ်ိဳးသားလံုျခံဳေရးအၾကံေပး ေရာဘတ္အိုဘရိုင္ယန္ဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံေနရတယ္လို႔ အိမ္ျဖဴေတာ္က ထုတ္ျပန္လိုက္ပါတယ္။

အိုဘရိုင္ယန္မွာ အေပ်ာ႔စားေရာဂါလကၡဏာေတြျပသေနတာေၾကာင္႔ သီးျခားေနထိုင္ေစကာ လုပ္ငန္းတာ၀န္ေတြကို ဆက္လက္ထမ္းေဆာင္ေနတယ္လို႔ ဇူလိုင္ ၂၇ ရက္မွာ အိမ္ျဖဴေတာ္က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

သူ႔မွာ ဗိုင္းရပ္စ္ကူးစက္ခံေနရေပမယ္႔ သမၼတထရန္႔ သို႔မဟုတ္ ဒုတိယသမၼတ မိုက္ပင္႔စ္တုိ႔မွာ ကူးစက္မႈအႏၱရာယ္မရိွဘူးလို႔ အိမ္ျဖဴေတာ္ကေျပာပါတယ္။

အိုဘရိုင္ယန္ဟာ ယခုလအေစာပိုင္းမွာ ဖေလာ္ရီဒါကုိသြားေရာက္တဲ႔ ခရီးစဥ္တစ္ခုမွာ သမၼတေဒၚနယ္ထရန္႔နဲ႔အတူ လိုက္ပါသြားခဲ႔ပါတယ္။ ဒါေပမယ္႔ ေနာက္ပိုင္းမွာ သူနဲ႔ ေတြ႔ဆံုခဲ႔ျခင္းမရိွေတာ႔ဘူးလို႔ ေဒၚနယ္ထရန္႔က သတင္းေထာက္ေတြကို ေျပာပါတယ္။

အိမ္ျဖဴေတာ္ဟာ တာ၀န္ထမ္းေဆာင္ေနတဲ႔ ၀န္ထမ္းေတြကို ဗိုင္းရပ္စ္စစ္ေဆးမႈေတြ ပံုမွန္ျပဳလုပ္လွ်က္ ရိွပါတယ္။ အိုဘရိုင္ယန္ဟာ ဗိုင္းရပ္စ္ကူးစက္ခံရသူ၀န္ထမ္းေတြထဲမွ ထိပ္တန္းတာ၀န္ရိွသူတစ္ဦးလည္း ျဖစ္ပါတယ္။

အေမရိကန္ ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္းျပည္နယ္ေတြမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြ အရိွန္အဟုန္နဲ႔ ျဖစ္ေပၚေနျပီး လက္ရိွအခ်ိန္ထိ တစ္နိုင္ငံလံုးအတိုင္းအတာနဲ႔ ကူးစက္ခံရသူ ၄ ဒသမ ၂ သန္းေက်ာ္ရိွေနပါတယ္။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW