ရန်ကုန်တိုင်းထဲက ဘုရားတွေကို ပြန်လည်ဖွင့်လှစ်

ရန်ကုန်တိုင်းထဲက ဘုရားတွေကို ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၂၈-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းထဲက ဘုရားစေတီတွေကို ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၄နာရီကနေစတင်ပြီး ပြန်လည်ဖူးမျှော် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ် ။

ဘုရားတွေအနေနဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေ စည်းကမ်ချက်င့်အတွေနဲ့အညီ ဖွင့်လှစ်ရမှာဖြစ်ပါတယ်။

“ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေနဲ့အညီ ဖွင့်မယ်ပေါ့။ မတ်စ်ပါရမယ်၊ အပူချိန်တိုင်းရမယ် နောက် ဆိုရှယ်ဒစ်စတန်းစင်းနဲ့အညီပေါ့။ ဘုရားကြီးပေါ်ကို လူ ၂၀၀၀ လောက်အထိ အဝင်အထွက်ခွင့်ပြုမယ်န်လို့ ခန့်မှန်းတယ်။ မုခ်ဦးလေးဘက်လုံး အဝင်အထွက်လုပ်မယ်။ အွန်လိုင်းစနစ်ရော ၊ လမ်းလျှောက်ပြီးလည်းလာလို့ရတဲ့ပုံသွားမယ်။ “လို့ ရွေတိဂုံဂေါပကအဖွဲ့ဝင် ဒေါက်တာရဲအောင်ကပြောပါတယ်။

ရွှေတိဂုံဘုရားကို Online-အွန်လိုင်းကနေ စာရင်းပေးပြီး လာရောက်ဖူးမျှော်ခွင့်ပေးတဲ့ စနစ်နဲ့ ဆောင်ရွက်မှာဖြစ်သလို အရင်က လူကိုယ်တိုင်လာရောက်ပြီး ဖူးမျှော်နိုင်တဲ့ပုံစံနဲ့ ဝင်ရောက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘုရားတွေကို တရားဝင်ဖွင့်ခွင့်ပြုလိုက်တဲ့ အကြောင်းကြားစာဟာ ရွှေတိဂုံဘုရားတာဝန်ရှိသူတွေဆီကို မရောက်ရှိသေးဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်းDown Town ဧရိယာအတွင်းရှိ ဘုရားစေတီတွေကိုတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ကနေ ကြီးကြပ်စစ်ဆေးသွားမှာဖြစ်ပါတယ်။

Down Town ပြင်ပရှိ ဘုရား၊စေတီတွေကိုတော့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ COVID-19 ကော်မတီဝင်တွေက စစ်ဆေးဆောင်ရွက်သွားမယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းမှာ အထင်ကရ ဘုရားစေတီပုထိုးတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်၊ ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ ရွှေဘုန်းပွင့်စေတီ၊ ကမ္ဘာအေးစေတီ၊ စွယ်တော်၊ ကျောက်တော်ကြီးဘုရား၊ ကျိုက်ဝိုင်း ၊သန်လျက်ကျိုက်ခေါက်စေတီ၊ ရေလယ်ကျောက်တန်း ၊ စတဲ့ဘုရားစေတီတွေ တည်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ စတင်ဖြစ်ပွားတဲ့ မတ်လကတည်းက ရန်ကုန်တိုင်းအတွင်းရှိ ဘုရားတွေကို ပထမအကြိမ် အချိန်ကန့်သတ်ပြီး၊ နောက်ဆုံးမှာ ခေတ္တပိတ်ထားခဲ့တာ ခုချိန်ထိဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းထဲက ဘုရားေတြကို ျပန္လည္ဖြင့္လွစ္

ရန္ကုန္၊ ဇူလိုင္ ၂၈-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းထဲက ဘုရားေစတီေတြကို ဇူလိုင္လ ၃၀ ရက္ေန႔ မနက္ ၄နာရီကေနစတင္ၿပီး ျပန္လည္ဖူးေမ်ွာ္ ခြင့္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ရန္ကုန္တိုင္း​အစိုးရအဖြဲ႔က ထုတ္ျပန္လိုက္ပါတယ္ ။

ဘုရားေတြအေနနဲ႔ ကိုဗစ္ ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ အမိန႔္၊ ၫႊန္ၾကားခ်က္ေတြ စည္းကမ္ခ်က္င့္အေတြနဲ႔အညီ ဖြင့္လွစ္ရမွာျဖစ္ပါတယ္။

“က်န္းမာေရးဆိုင္ရာ စည္းကမ္းခ်က္ေတြနဲ႔အညီ ဖြင့္မယ္ေပါ့။ မတ္စ္ပါရမယ္၊ အပူခ်ိန္တိုင္းရမယ္ ေနာက္ ဆို႐ွယ္ဒစ္စတန္းစင္းနဲ႔အညီေပါ့။ ဘုရားႀကီး​ေပၚကို လူ ၂၀၀၀ ေလာက္အထိ အဝင္အထြက္ခြင့္ျပဳမယ္န္လို႔ ခန္႔မွန္းတယ္။ မုခ္ဦးေလးဘက္လုံး အဝင္အထြက္လုပ္မယ္။ အြန္လိုင္းစနစ္​ေရာ ၊ လမ္းေလ်ွာက္ၿပီးလည္းလာလို႔ရတဲ့ပုံသြားမယ္။ “လို႔ ေရြတိဂုံေဂါပကအဖြဲ႔ဝင္ ေဒါက္တာရဲေအာင္ကေျပာပါတယ္။

ေရႊတိဂုံဘုရားကို Online-အြန္လိုင္းကေန စာရင္းေပးၿပီး လာေရာက္ဖူးေမ်ွာ္ခြင့္ေပးတဲ့ စနစ္နဲ႔ ေဆာင္ရြက္မွာျဖစ္သလို အရင္က လူကိုယ္တိုင္လာေရာက္ၿပီး ဖူးေမ်ွာ္ႏိုင္တဲ့ပုံစံနဲ႔ ဝင္​ေရာက္ခြင့္ျပဳသြားမယ္လို႔ သိရပါတယ္။

လက္႐ွိမွာေတာ့ ဘုရားေတြကို တရားဝင္ဖြင့္ခြင့္ျပဳလိုက္တဲ့ အေၾကာင္းၾကားစာဟာ ေရႊတိဂုံဘုရားတာဝန္႐ွိသူေတြဆီကို မေရာက္႐ွိေသးဘူးလို႔ သိရပါတယ္။

ရန္ကုန္တိုင္းDown Town ဧရိယာအတြင္းရွိ ဘုရားေစတီေတြကို​ေတာ့ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းဦး​​ေဆာင္တဲ့ စစ္ေဆးေရးအဖြဲ႕က​ေန ႀကီးၾကပ္စစ္ေဆးသြားမွာျဖစ္ပါတယ္။

Down Town ျပင္ပရွိ ဘုရား၊​ေစတီ​ေတြကိုေတာ့ သက္ဆိုင္ရာ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန​နဲ႔ COVID-19 ေကာ္မတီဝင္​ေတြက စစ္ေဆးေဆာင္႐ြက္သြားမယ္လို႔သိရပါတယ္။

ရန္ကုန္တိုင္းမွာ အထင္ကရ ဘုရားေစတီပုထိုး​ေတြျဖစ္တဲ့ ေရႊတိဂုံ​ေစတီ​ေတာ္၊ ဆူးေလဘုရား၊ ဗိုလ္တစ္ေထာင္ဘုရား၊ ေရႊဘုန္းပြင့္ေစတီ၊ ကမၻာေအးေစတီ၊ စြယ္ေတာ္၊ ေက်ာက္ေတာ္ႀကီးဘုရား၊ က်ိဳက္ဝိုင္း ၊သန္လ်က္က်ိဳက္ေခါက္ေစတီ၊ ေရလယ္ေက်ာက္တန္း ၊ စတဲ့ဘုရားေစတီေတြ တည္႐ွိပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ စတင္ျဖစ္ပြားတဲ့ မတ္လကတည္းက ရန္ကုန္တိုင္းအတြင္းရွိ ဘုရားေတြကို ပထမအႀကိမ္ အခ်ိန္ကန္႔သတ္ၿပီး၊ ေနာက္ဆုံးမွာ ေခတၱပိတ္ထားခဲ့တာ ခုခ်ိန္ထိျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW