ရန်ကုန်တိုင်းထဲက ဘုရားစေတီတွေကို ဖူးမျှော်ခွင့်မပြုသေးဘဲ ပိတ်ရက် ၁၅ ရက် ထပ်တိုး

ရန်ကုန်တိုင်းထဲက ဘုရားစေတီတွေကို ဖူးမျှော်ခွင့်မပြုသေးဘဲ ပိတ်ရက် ၁၅ ရက် ထပ်တိုး ရန်ကုန်၊ ဇူလိုင် ၃၀-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းထဲက တန်ခိုးကြီးဘုရားစေတီပုထိုးတွေကို ပြန်လည်ဖူးမျှော်ခွင့်ပြုမယ့် ဇူလိုင် ၃၀ ရက်နေ့မှာပဲ ဘုရားတွေဖူးမျှော်ခွင့်ကို ပြန်ပိတ်လိုက်ပြီး ပိတ်ရက်ကိုလည်း ၁၅ ရက်အထိ ထပ်တိုးလိုက်ပါတယ်။ ဘုရား၊ စေတီပုထိုးတွေနဲ့ ဘာသာရေးဆိုင်ရာ Church ၊ ဗလီ ၊ ဟိန္ဒူဘုရားရှိခိုး ကျောင်းတွေမှာ ရှိခိုးဝတ်ပြုခြင်းကို ခွင့်မပြီးသေးပါကြောင်း ဇူလိုင်လ ၂၇ ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ coronavirus Disease 2019 (COAD-19) ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအထင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ပုဂံလို ဒီမှာလည်း လူတွေပြုံဆင်းမှာကိုကြောက်တယ်။ သူတို့လည်း ချင့်ချိန်ပြီးလုပ်တယ်လို့ပြောရမယ်။ ပိတ်ဆိုပိတ်ဖွင့်ဆိုဖွင့်မယ်။ အများကြီးလုပ်ရအုံးမယ်။ အဲ့လောက်ဆိုထိန်းဖို့က အဆင်မပြေဘူး။ ဒါတွေအကုန်တက်နေရတယ်။ ဒါကြောင့်ညွှန်ကြားချက်ရမှပဲ ဖွင့်မယ်။…

Read More

အစိုးရအနေနဲ့ ထောင်ချောက်ထဲ မရောက်ဖို့ အထူးသတိပြုပြီး နိုင်ငံ့အကျိုးစီးပွားဆောင်ရွက်နေရ

အစိုးရအနေနဲ့ ထောင်ချောက်ထဲ မရောက်ဖို့ အထူးသတိပြုပြီး နိုင်ငံ့အကျိုးစီးပွားဆောင်ရွက်နေရ နေပြည်တော်၊ ဇူလိုင် ၃၀-၂၀၂၀ စွမ်းရဲထွဋ် (VOM) အစိုးရက မလိုလားသူတွေရဲ့ ထောင်ချောက်ထဲမရောက်ဖို့ အထူးသတိပြုပြီး နိုင်ငံ့အကျိုးစီးပွားကို ဆောင်ရွက်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ မေးမြန်းတဲ့ မေးခွန်းကို ပြန်ဖြေချိန်မှာ ထည့်ပြောသွားတာပါ။ “အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကိစ္စကြောင့် ဖိအားများနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ရာမှာ လက်တွေ့ကျကျ နဲ့ တရားမျှတစွာကိုင်တွယ်လျှက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကို မလိုလားသူများ ထောင်ချောက်ဆင်ထားတဲ့အကွက်အတွင်း မဝင်ရောက်နိုင်ဖို့ အထူးသတိပြုဆောင်ရွက်နေရပါတယ်။ ဒါကြောင့် မိမိတို့ပြည်သူများ အားလုံးအနေနဲ့ ယင်းအန္တရာယ်ကို သိရှိရှောင်ရှားနိုင်ဖို့လည်း အရေးကြီးပါကြောင်းနှင့် သံတမန်တွေ ရှေ့တန်းမျက်နှာစာမှာ ချဉ်းကပ်စည်းရုံးမှုကို အထောက်အကူပြုစေမယ့် အပြုသ ဘော…

Read More

မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအနီးတိုက်ပွဲဖြစ်

မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအနီးတိုက်ပွဲဖြစ် မြောက်ဦး၊ ဇူလိုင် ၃၀- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီလောက်ကနေစပြီး တပ်မတော်နဲ့ အေအေတို့ အုတ်ဖိုကန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ဒါ့အပြင် အုတ်ဖိုကန်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံးပျက်စီးသွားပြီး စစ်တွေ- ရန်ကုန်ကားလမ်းဟာလည်း မနက်ပိုင်းကနေ အခုညနေပိုင်းအချိန်ထိ ရပ်တန့်နေတယ်လို့ သိရပါတယ်။ အုတ်ဖိုကန်ကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အုတ်ဖိုကန်ကျေးရွာက ဦးခိုင်ထွန်းစိန်ပြောပြတာကတော့” တိုက်ပွဲက မနက်ပိုင်း ၅ နာရီလောက်ကတည်းက ကျနော်တို့ရွာဖက်မှာ ဖြစ်နေတာပါ။ ရဟတ်ယာဉ်နှစ်စီး နဲ့လည်းလာပြီးပစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်က ဗုံးလည်း ကြဲခဲ့ပါတယ်။ စက်သေနတ်နဲ့လည်း ပစ်ခဲ့ပါတယ်။ ရွာမှာလည်း လူမရှိတော့ဘူး။ အခြား ပတ်ဝန်းကျင်ကရွာတွေကို ပြေးသွားပါပြီ။ ကားတွေလည်း အားလုံးရပ်နေပါတယ်။…

Read More

တရုတ်နဲ့တင်းမာနေစဉ် အိန္ဒိယလေတပ်မှာ ပြင်သစ်ရာဖေးတိုက်လေယာဉ်တွေ ဖြည့်တင်း

တရုတ်နဲ့တင်းမာနေစဉ် အိန္ဒိယလေတပ်မှာ ပြင်သစ်ရာဖေးတိုက်လေယာဉ်တွေ ဖြည့်တင်း ဒေလီ၊ ဇူလိုင်-၃၀-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံနဲ့ နယ်စပ်မှာ တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အိန္ဒိယလေတပ်ဟာ ပြင်သစ်နိုင်ငံထုတ် ရာဖေးတိုက်လေယာဉ်ငါးစီးကို လက်ခံရရှိခဲ့ပါတယ်။ တိုက်လေယာဉ် ၃၆ စင်းဝယ်ယူဖို့ ပြင်သစ်နိုင်ငံနဲ့အတူ ၂၀၁၆ ခုနှစ်ကရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အိန္ဒိယဟာ ဘက်စုံသုံး ရာဖေးတိုက်လေယာဉ်တွေ ဝယ်ယူခြင်းနဲ့အတူ ဆိုဗီယက်ခေတ်လေယာဉ်တွေနဲ့ တည်ဆောက်ထားတဲ့ ၎င်းရဲ့လေတပ်ကို ခေတ်မီအောင်ပြုပြင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် အဲဒီလေယာဉ်တွေကို ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ ချက်ချင်းအသုံးပြုဖို့ မဖြစ်နိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ပေးပို့ဖို့ ကျန်ရှိနေသေးတဲ့ ရာဖေးတိုက်လေယာဉ်တွေကို လာမယ့်နှစ်မှာ လက်ခံရရှိမယ်လို့မျှော်လင့်ရပါတယ်။ ရာဖေးတိုက်လေယာဉ်တွေဟာ ပင်လယ်နဲ့ မြေပြင်မှာ အလွန်တိကျတဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်တာအပါအဝင် ခရီးဝေးပျံသန်းနိုင်တဲ့ ဘက်စုံသုံးလေယာဉ်တွေဖြစ်ပါတယ်။ Ref : BBC Photo: Indian Air Force #voiceofmyanmar…

Read More
VOM News

FREE
VIEW