အစိုးရအနေနဲ့ ထောင်ချောက်ထဲ မရောက်ဖို့ အထူးသတိပြုပြီး နိုင်ငံ့အကျိုးစီးပွားဆောင်ရွက်နေရ

အစိုးရအနေနဲ့ ထောင်ချောက်ထဲ မရောက်ဖို့ အထူးသတိပြုပြီး နိုင်ငံ့အကျိုးစီးပွားဆောင်ရွက်နေရ
နေပြည်တော်၊ ဇူလိုင် ၃၀-၂၀၂၀
စွမ်းရဲထွဋ် (VOM)
အစိုးရက မလိုလားသူတွေရဲ့ ထောင်ချောက်ထဲမရောက်ဖို့ အထူးသတိပြုပြီး နိုင်ငံ့အကျိုးစီးပွားကို ဆောင်ရွက်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ မေးမြန်းတဲ့ မေးခွန်းကို ပြန်ဖြေချိန်မှာ ထည့်ပြောသွားတာပါ။
“အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကိစ္စကြောင့် ဖိအားများနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ရာမှာ လက်တွေ့ကျကျ နဲ့ တရားမျှတစွာကိုင်တွယ်လျှက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကို မလိုလားသူများ ထောင်ချောက်ဆင်ထားတဲ့အကွက်အတွင်း မဝင်ရောက်နိုင်ဖို့ အထူးသတိပြုဆောင်ရွက်နေရပါတယ်။ ဒါကြောင့် မိမိတို့ပြည်သူများ အားလုံးအနေနဲ့ ယင်းအန္တရာယ်ကို သိရှိရှောင်ရှားနိုင်ဖို့လည်း အရေးကြီးပါကြောင်းနှင့် သံတမန်တွေ ရှေ့တန်းမျက်နှာစာမှာ ချဉ်းကပ်စည်းရုံးမှုကို အထောက်အကူပြုစေမယ့် အပြုသ ဘော ပြောဆိုဆောင်ရွက်မှုနဲ့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားလိုပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးစံနှုန်းမြင့်ဖို့တွေ၊ အနုစွမ်းအားနဲ့ နိုင်ငံ့ပုံရိပ်မြင့်ဖို့နဲ့ ပြည်တွင်းတိုးတက် မှုတွေရဖို့အတွက် အစိုးရရဲ့ အင်အားတစ်ခုတည်းအပေါ်ကို အားမထားဘဲ  လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့အားနဲ့ ဆောင်ရွက်သွားဖို့ လိုတယ်လို့ ဦးကျော်တင်က ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့လည်း အစိုးရကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်ပြီး အပြုသဘောဝေဖန်အကြံပြုချက်တွေလုပ်ပြီး တစ်ဖက်သတ်စွပ်စွဲမှုတွေကို အကြောင်းအကျိုးအညီညီ အခါအခွင့်သင့်တိုင်း ပြန်လည်ရှင်းလင်းပြောကြားပေးဖို့လည်း အထူးလိုအပ်ကြောင်းကိုလည်း ထည့်ပြောသွားတာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
အစုိးရအေနနဲ႔ ေထာင္ေခ်ာက္ထဲ မေရာက္ဖုိ႔ အထူးသတိၿပဳၿပီး နုိင္ငံ့အက်ိဳးစီးပြားေဆာင္ရြက္ေနရ
ေနၿပည္ေတာ္၊ ဇူလုိင္ ၃၀-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
အစိုးရက မလိုလားသူေတြရဲ့ ေထာင္ေခ်ာက္ထဲမေရာက္ဖုိ႔ အထူးသတိၿပဳၿပီး နုိင္ငံ့အက်ိဳးစီးပြားကုိ ေဆာင္ရြက္ေနရတယ္လုိ႔ အၿပည္ၿပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ၾကီးဌာနမွ ၿပည္ေထာင္စုဝန္ၾကီး ဦးေက်ာ္တင္က ဒီကေန႔ အမ်ိဳးသားလႊတ္ေတာ္မွာ ေၿပာပါတယ္။
ရခုိင္ၿပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁)က အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚထုေမ ေမးၿမန္းတဲ့ ေမးခြန္းကုိ ၿပန္ေၿဖခ်ိန္မွာ ထည့္ေၿပာသြားတာပါ။
“အစုိးရအေနနဲ႔ ရခုိင္ၿပည္နယ္ကိစၥေၾကာင့္ ဖိအားမ်ားနဲ႔ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ရာမွာ လက္ေတြ႔က်က် နဲ႔ တရားမွ်တစြာကုိင္တြယ္လွ်က္ရွိပါတယ္။ ဒီလို ေဆာင္ရြက္ရာမွာ မိမိတို႔နုိင္ငံရ့ဲ အက်ိဳးစီးပြားကုိ မလိုလားသူမ်ား ေထာင္ေခ်ာက္ဆင္ထားတဲ့အကြက္အတြင္း မဝင္ေရာက္နုိင္ဖုိ႔ အထူးသတိၿပဳေဆာင္ရြက္ေနရပါတယ္။ ဒါေၾကာင့္ မိမိတို႔ၿပည္သူမ်ား အားလံုးအေနနဲ႔ ယင္းအႏၱရာယ္ကုိ သိရွိေရွာင္ရွားနုိင္ဖုိ႔လည္း အေရးၾကီးပါေၾကာင္းႏွင့္ သံတမန္ေတြ ေရွ႕တန္းမ်က္ႏွာစာမွာ ခ်ဥ္းကပ္စည္းရံုးမႈကုိ အေထာက္အကူၿပဳေစမယ့္ အၿပဳသ ေဘာ ေၿပာဆိုေဆာင္ရြက္မႈနဲ႔ ညီညီညြတ္ညြတ္နဲ႔ ဝုိင္းဝန္းပူးေပါင္းေဆာင္ရြက္ၾကဖုိ႔ လုိအပ္ေၾကာင္းၿဖင့္ တုိက္တြန္း ေၿပာၾကားလုိပါတယ္”လုိ႔ ၿပည္ေထာင္စုဝန္ၾကီး ဦးေက်ာ္တင္က ေျပာပါတယ္။
ရခုိင္ၿပည္နယ္မွာ လူ႔အခြင့္အေရးစံႏႈန္းၿမင့္ဖုိ႔ေတြ၊ အနုစြမ္းအားနဲ႔ နုိင္ငံ့ပံုရိပ္ၿမင့္ဖုိ႔နဲ႔ ၿပည္တြင္းတုိးတက္ မႈေတြရဖုိ႔အတြက္ အစုိးရရဲ့ အင္အားတစ္ခုတည္းအေပၚကို အားမထားဘဲ  လႊတ္ေတာ္ကုိယ္စားလွယ္ေတြအပါအဝင္ ၿပည္သူတစ္ရပ္လံုးရဲ့အားနဲ႔ ေဆာင္ရြက္သြားဖုိ႔ လိုတယ္လုိ႔ ဦးေက်ာ္တင္က ေၿပာပါတယ္။
ဒါ့အၿပင္ ၿမန္မာၿပည္သူေတြအေနနဲ႔လည္း အစုိးရၾကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြကို နားလည္ၿပီး အၿပဳသေဘာေဝဖန္အၾကံၿပဳခ်က္ေတြလုပ္ၿပီး တစ္ဖက္သတ္စြပ္စြဲမႈေတြကုိ အေၾကာင္းအက်ိဳးအညီညီ အခါအခြင့္သင့္တိုင္း ၿပန္လည္ရွင္းလင္းေၿပာၾကားေပးဖုိ႔လည္း အထူးလိုအပ္ေၾကာင္းကိုလည္း ထည့္ေၿပာသြားတာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW