အလုပ်မရှိဘဲထိုင်နေရင် မိသားစု အနာဂါတ်ပျောက်မှာမို့ ဝါသနာနဲ့လုံးဝမဆိုင်တဲ့ အကြော်သည်ဘဝ ရင်ဆိုင်နေရတဲ့ ယွန်းပညာရှင်
အလုပ်မရှိဘဲထိုင်နေရင် မိသားစု အနာဂါတ်ပျောက်မှာမို့ ဝါသနာနဲ့လုံးဝမဆိုင်တဲ့ အကြော်သည်ဘဝ ရင်ဆိုင်နေရတဲ့ ယွန်းပညာရှင် Voice Of Myanmar ၂၆ နှစ်တာ ဆည်းပူးလေ့လာလုပ်ကိုင်ခဲ့တဲ့ ပုဂံကယွန်းပညာရှင် ကိုကြည်စိုးဟာ ကမ္ဘာတဝှမ်းကျရောက်နေတဲ့ ကိုဗစ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ရပေမယ့် ဘဝကိုအရှုံးမပေးဘဲ ဧရာဝတီကမ်းဘေးက ပုဂံဘုရားအိုဘေးမှာအကြော်ရောင်းပြီး ဘဝကို ကြုံသလိုရင်ဆိုင်နေပါတယ်။ ဒီရောဂါကပ်ဆိုးကြီးပြီးရင် သူမြတ်နိုးတဲ့ ယွန်းအနုပညာနဲ့ပဲ ကျန်တဲ့အချိန်တွေကို ဖြတ်သန်းချင်တယ်လို့ဆိုပါတယ်။ ပုဂံမြင်းကပါရွာက ကိုကြည်စိုးရဲ့ လက်ရှိဖြတ်သန်းနေတဲ့ အခြေအနေကို VOM ဝိုင်းတော်သား ကိုလင်းခိုင်နဲ့ ကိုရှိုင်းအောင်တို့က ရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar #VOM #ပုဂံ Zawgyi အလုပ်မရှိဘဲထိုင်နေရင် မိသားစု အနာဂါတ်ပျောက်မှာမို့ ဝါသနာနဲ့လုံးဝမဆိုင်တဲ့ အကြော်သည်ဘဝ ရင်ဆိုင်နေရတဲ့ ယွန်းပညာရှင် Voice Of Myanmar ၂၆ နှစ်တာ ဆည်းပူးလေ့လာလုပ်ကိုင်ခဲ့တဲ့ ပုဂံကယွန်းပညာရှင် ကိုကြည်စိုးဟာ ကမ္ဘာတဝှမ်းကျရောက်နေတဲ့ ကိုဗစ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ရပေမယ့် ဘဝကိုအရှုံးမပေးဘဲ…
Read More
နေပြည်တော်ရှိ NLDဗဟိုရုံးချုပ်ကို လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်တဲ့ကိစ္စ ကျေနပ်မှုမရှိသူတွေက လာရောက်ကန့်ကွက်
Read More
ရန်ကုန်မြို့အလယ်မှာ ပြန်ပေးဆွဲတဲ့အဖွဲ့ကို ဖမ်းမိ
ရန်ကုန်မြို့အလယ်မှာ ပြန်ပေးဆွဲတဲ့အဖွဲ့ကို ဖမ်းမိ ရန်ကုန်၊ဇူလိုင် ၃၁-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားတဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရ ပါတယ်။ ပေါင်မြိုနယ်ရဲစခန်ရှေ့မှာ ဇူလိုင်လ ၃၀ရက်နေ့က ပြန်ပေးဆွဲတရားခံတွေရောက်ရှိနေတဲ့ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေဟာ မော်တော်ယာဉ်တွေကို ပူးပေါင်းစစ်ဆေးရာ ALph ard ခဲပုပ်ရောင် ကားပေါ်မှာ ဒေါ်ခင်ခင်လွင်နဲ့ ပြစ်မှုကျူးလွန်သူသုံးဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” ပြစ်မှုကျူးလွန်သူများမှာ တရားခံ ဝဏ္ဏ(ခ)မျိုးထွန်း သင်္ကန်းကျွန်းမြို့နယ်နေသူနဲ့အတူ လှသိန်း ဒေါပုံမြို့နယ်နေသူနဲ့ မင်းမင်းထွန်း တာမွေမြို့နယ်နေသူတို့ကို ဖမ်းဆီးရမိခဲ့တယ်”လို့ ပေါင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ကနေ YGN 9F/5686 Alphard ခဲရောင်ကားနဲ့ ထွက်ပြေးလာတာကို သက်ဆိုင်ရာရဲစခန်းအဆင့်ဆင့် ဆက်သွယ်ချိတ်ဆက်ပြီး သထုံခရိုင်ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…
Read More
ရခိုင်ပြည်သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိရဲ့လား
Read More
သမ္မတရွေးကောက်ပွဲရွှေ့မယ့် ဒေါ်နယ်ထရန့်အကြံကို ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေ လက်မခံ
သမ္မတရွေးကောက်ပွဲရွှေ့မယ့် ဒေါ်နယ်ထရန့်အကြံကို ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေ လက်မခံ ဝါရှင်တန်၊ ဇူလိုင်-၃၁-၂၀၂၀ မျိုးဆက် (VOM) မဲမသမာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ဒေါ်နယ်ထရန့်ရဲ့အကြံပြုချက်ကို ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေက ပယ်ချလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမှုတွေများလာနိုင်တာကြောင့် မဲလိမ်လည်မှုတွေနဲ့ မဲရလဒ်မတိကျမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ရွေးကောက်ပွဲကို ပြည်သူတွေ စနစ်တကျ၊ လုံခြုံဘေးကင်းစွာနဲ့ မဲပေးနိုင်ချိန်ထိ ရွှေ့ဆိုင်းရန်အတွက် သူကအကြုံပြုခဲ့တာပါ။ အမေရိကန်အထက်လွှတ်တော်ရဲ့ ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော်ခေါင်းဆောင် Kevin McCarthy တို့ကတော့ ထရန့်ရဲ့အကြံကို လက်မခံပဲ ပယ်ချလိုက်ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်နယ်ထရန့်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်တဲ့ အခွင့်အာဏာမရှိပဲ ကွန်ဂရက်ကသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကပ်ရောဂါဖြစ်ပွားနေတာကြောင့် အများပြည်သူကျန်းမာရေးအပေါ် စိုးရိမ်ပူပန်နေရတဲ့အတွက် စာတိုက်ကနေ မဲပေးတာမျိုးကို ပိုမိုလွယ်ကူစွာလုပ်ဆောင်ဖို့ အမေရိကန်ပြည်နယ်တွေက…
Read More
ကိုဗစ်ကာလ ထောက်ပံငွေကို အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေးမှုးကိုဖမ်းဆီးထား
ကိုဗစ်ကာလ ထောက်ပံငွေကို အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေးမှုးကိုဖမ်းဆီးထား ပုသိမ်၊ ဇူလိုင် ၃၁-၂၀၂၀ ကိုအောင်(VOM) နိုင်ငံတော်ကနေ အခြေခံလူတန်းစားတွေအတွက်ထောက်ပံ့တဲ့ ငွေ သိန်း၅၀ကျော်ကို အလွဲသုံးစားလုပ်ခဲ့တဲ့ မြောင်းမြမြို့နယ်ကံ၊ ဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကို ဖမ်းဆီးထားတယ်လို့မြောင်းမြမြို့မရဲစခန်းကနေ သိရပါတယ်။ ကံဘဲလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဦးတင်မောင်ဝင်းဟာ ကျေးရွာ အိမ်ထောင်စု (၂၇၃)စုအတွက် ထောက်ပံငွေ (၅၄၆၀၀၀၀)ကို ထုတ်ယူခဲ့ပြီး ပေးအပ်ခြင်းမရှိသေးဘဲ တိမ်းရှောင်နေတာကြောင့် မြောင်းမြမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က မြောင်းမြမြို့မရဲစခန်းမှာတိုင်ကြားခဲ့ပြီး ဇူလိူင်လ၃၀ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ “သူကိုစစ်ဆေးတဲ့အခါမှာ နိုင်ငံတော်ကထောက်ပံငွေ ၃သိန်းပဲကျန်တော့တယ် ကျန်တာတွေကို ဓါတ်မြေသြာဇာအကြွေးဆပ်လိုက်တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်”လို့မြောင်းမြမြို့မရဲစခန်းက တာဝန်ရှိရဲအရာရှိကပြောပါတယ်။ လက်ရှိမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှုးဦးတင်မောင်ဝင်းကို မြောင်းမြမြို့မရဲစခန်းကနေ(ပ)၆၁၇/၂၀၂၀ရာဇသတ်ကြီး ပုဒ်မ (၄၀၉)နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။ မြောင်းမြမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း(၁၁၄)အုပ်စုရှိပြီး၊ ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစားပြည်သူများအတွက် တစ်အိမ်ထောင်ကို နှစ်သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စုပေါင်း (၂၉၃၅၁)စုအတွက်နိုင်ငံတော်ကနေ ဒုတိယအကြိမ်ထောက်ပံ့ငွေ စုစုပေါင်း (၅၈၇,၀၂၀,၀၀၀)ကျပ်ကိုထောက်ပံ့ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မြောင်းမြ…
Read More
သရက်မြို့မှာ မြစ်ရေတိုက်စားပြီး သစ်ပင်ပြိုတဲ့အတွက် ပဲ့ထောင်မော်တော် ၆စီးပျက်စီး
သရက်မြို့မှာ မြစ်ရေတိုက်စားပြီး သစ်ပင်ပြိုတဲ့အတွက် ပဲ့ထောင်မော်တော် ၆စီးပျက်စီး သရက်ဇူလိုင် ၃၁ -၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့မှာ ဧရာဝတီမြစ်ရေတိုက်စားမှု့ကြောင့်ကမ်းပါးဘေးက သစ်ပင်ပြိုလဲကာ ပဲ့ထောင်မော်တော် ၆စီးပျက်စီးသွားတယ်လို့ သရက်မြို့နယ်စည်ပင်ဥက္ကဌကပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေတက်နေချိန် မနေ့ ဇူလိုင်၃၀ရက်ညနေ၄နာရီခန့်မှာ ဖြစ်ခဲ့တာလို့သိရပါတယ်။ ”စက်လှေက သစ်သားလှေ၅စီး၊ သံခွံလှေ ၁စီးပေါင်း၆စီးပေါ့၊ ပျက်စီးဆုံးရှုံးမှုက သိန်း၁၄၀ပေါ့၊ လူအထိအခိုက်အသေအပျောက်မရှိဘူး”လို့ မြို့နယ်စည်ပင်ဥက္ကဌ ဦးခင်မောင်စိုးကပြောပါတယ်။ အခင်းဖြစ်နေရာကို သရက်ခရိုင်မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတချို့က ကူညီခဲ့ကြ တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #သရကျ Zawgyi သရက်မြို့မှာ မြစ်ရေတိုက်စားပြီး သစ်ပင်ပြိုတဲ့အတွက် ပဲ့ထောင်မော်တော် ၆စီးပျက်စီး သရက်ဇူလိုင် ၃၁ -၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့မှာ ဧရာဝတီမြစ်ရေတိုက်စားမှု့ကြောင့်ကမ်းပါးဘေးက သစ်ပင်ပြိုလဲကာ ပဲ့ထောင်မော်တော် ၆စီးပျက်စီးသွားတယ်လို့ သရက်မြို့နယ်စည်ပင်ဥက္ကဌကပြောပါတယ်။…
Read More
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အတည်ပြုမယ်
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အတည်ပြုမယ် နေပြည်တော်၊ ဇူလိုင် ၃၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) အခုလွှတ်တော်သက်တမ်းအတွင်း ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဇူလိုင်လ ၃၀ ရက်နေ့မှာ VOM ကို ပြောပါတယ်။ အတည်ပြုပြီးတဲ့နောက် လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ကျင့်သုံးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ရေရှည်မှာလည်း နိုင်ငံ့ဝန်ထမ်းတွေသာမကဘဲ ပုဂ္ဂလိကဏ္ဍက ဝန်ထမ်းတွေပါ ပင်စင်ခံစားခွင့်ရရှိစေဖို့လည်း ဝန်ကြီးဌာနက တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် Zawgyi ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အတည်ပြုမယ် နေပြည်တော်၊ ဇူလိုင် ၃၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) အခုလွှတ်တော်သက်တမ်းအတွင်း ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့…
Read More
VOM News
FREE
VIEW