သရက်မြို့မှာ မြစ်ရေတိုက်စားပြီး သစ်ပင်ပြိုတဲ့အတွက် ပဲ့ထောင်မော်တော် ၆စီးပျက်စီး

သရက်မြို့မှာ မြစ်ရေတိုက်စားပြီး သစ်ပင်ပြိုတဲ့အတွက် ပဲ့ထောင်မော်တော် ၆စီးပျက်စီး

သရက်ဇူလိုင် ၃၁ -၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့မှာ ဧရာဝတီမြစ်ရေတိုက်စားမှု့ကြောင့်ကမ်းပါးဘေးက သစ်ပင်ပြိုလဲကာ ပဲ့ထောင်မော်တော် ၆စီးပျက်စီးသွားတယ်လို့ သရက်မြို့နယ်စည်ပင်ဥက္ကဌကပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေတက်နေချိန် မနေ့ ဇူလိုင်၃၀ရက်ညနေ၄နာရီခန့်မှာ ဖြစ်ခဲ့တာလို့သိရပါတယ်။

”စက်လှေက သစ်သားလှေ၅စီး၊ သံခွံလှေ ၁စီးပေါင်း၆စီးပေါ့၊ ပျက်စီးဆုံးရှုံးမှုက သိန်း၁၄၀ပေါ့၊ လူအထိအခိုက်အသေအပျောက်မရှိဘူး”လို့ မြို့နယ်စည်ပင်ဥက္ကဌ ဦးခင်မောင်စိုးကပြောပါတယ်။

အခင်းဖြစ်နေရာကို သရက်ခရိုင်မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတချို့က ကူညီခဲ့ကြ တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သရက်

Zawgyi


သရက်ဇူလိုင် ၃၁ -၂၀၂၀
ဂျန်ကိုးလ် (VOM)






Related posts

Leave a Comment

VOM News

FREE
VIEW