၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်မံသေဆုံးခဲ့

၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်မံသေဆုံးခဲ့

ရန်ကုန် ၊ စက်တင်ဘာ ၁၄-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ် အတည်ပြုလူနာ ၄ ဦးထပ်မံသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကိုဗစ်လူနာသေဆုံးစာရင်းကို ထုတ်ပြန်လိုက်တာဖြစ်တဲ့အတွက် အခုဆိုရင် ၃ ရက်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးအထိ ထပ်မံသေဆုံးမှုရှိလာခဲ့ပြီ ဖြစ်ပါတယ်။

သေဆုံးလူနာတွေကတော့ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၇၅) နှစ်အရွယ် အမျိုးသား (Case-2463)၊ COVID-19 ကုသေရးဌာန (ဖောင်ကြီး)မှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၅၁) နှစ်အရွယ်အမျိုးသား သား( Case-1997)နဲ့ အသက် (၇၆) နှစ်အရွယ် အမျိုးသမီး Case-2126၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၆၉) နှစ်အရွယ် အမျိုးသမီး လူနာ Case-2324၊ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၇၅) နှစ်အရွယ် အမျိုးသား (Case-2523)တို့ဖြစ်ပါတယ်။

နောက်ပြီး သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် ၉၀ နှစ်အရွယ် အမျိုးသမီး လူနာအမှတ်-၂၂၆၀ နဲ့ အသက် ၇၄နှစ်အရွယ် အမျိုးသမီး လူနာအမှတ်-၂၄၂၉ အပါအဝင် ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၉၀) နှစ်အရွယ် အမျိုးသမီး လူနာအမှတ်-၂၀၆၄ ၊ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမခံယူနေတဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသား လူနာအမှတ်-၂၅၂၃ တို့ပဲဖြစ်ပါတယ်။

“သေဆုံးတာကတော့ ထုတ်ပြန်ချက်အတိုင်းပါပဲ။ ဒီရောဂါဟာ ရောဂါအခံရှိသူတွေဖြစ်ရင် သေဆုံးမှုနူန်းပိုများတယ်၊ အခံမရှိတဲ့သူတွေကတော့ ရုတ်တရက်ဖောက်ပြီးဖြစ်တတ်တယ်၊ ရောဂါ မှန်းရခက်တယ်၊ ဒါကြောင့် ကာကွယ်တာအကောင်းဆုံးပါ။ ဖြစ်လို့ပေါ့သွားတယ်ဆိုတာမရှိပါဘူး ။ အတတ်နိုင်ဆုံး အိမ်မှာပဲနေကြပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။” လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

လူနာအမှတ်-၂၄၂၉၊ လူနာအမှတ်-၂၀၆၄၊ လူနာအမှတ်၂၂၆၀ ၊ လူနာအမှတ်-၂၄၆၃ ၊လူနာအမှတ်-၁၉၉၇ တို့ဟာ စက်တင်ဘာလ ၁၃ ရက်နေ့ တစ်ရက်ထဲမှာပဲ သေဆုံးသွားကြတာဖြစ်ပါတယ်။

လူနာအမှတ်-၂၃၂၄ ၊ လူနာအမှတ်-၂၁၂၆ ၊ လူနာအမှတ်-၂၅၂၃ တို့ သုံးဦးကတော့ စက်တင်ဘာလ ၁၂ ရက်နေ့နဲ့ စက်တင်ဘာလ ၁၁ ရက်နေ့တို့မှာ သေဆုံးခဲ့တဲ့လူနာတွေပဲဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါဟာ ရောဂါအခံရှိသူတွေမှာဖြစ်ပွားပါက ပုံမှန်လူတွေထက် အခြေအနေပိုဆိုးပြီး ပြင်းထန်းနိုင်တဲ့အပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဒေါက်တာခင်ခင်ကြီးကလည်း အသိပေး ပြောဆိုထားပါတယ်။

သေဆုံးသွားခဲ့ကြတဲ့ ကိုဗစ်အတည်ပြု လူနာ ၈ ဦးလုံးဟာ ရောဂါအခံရှိနေကြသူတွေဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ-၃၀၁၅ဦးနဲ့ သေဆုံးလူနာ ၂၄ ဦးအထိ ရှိလာနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #လူသေဆုံမှု

Zawgyi


သိင်္ဂီ (VOM)












Related posts

Leave a Comment

VOM News

FREE
VIEW