ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA)

ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA) မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဥက္ကဋ္ဌ ဦးသိမ်းကြည်ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးသိမ်းကြည်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ရန်ကုန်ကို အဓိကထားပြိုင်မယ်။ မှော်ဘီမှာ ၃ နေရာပြိုင်မယ်၊ ပြည်တောင်စုလွှတ်တော် ၁ ယောက်၊တိုင်းဒေသကြီး လွှတ်တော် ၂ယောက်၊ မြောက်ဥက္ကလာဒေသကြီးမှာပါပြိုင်ပါမယ်၊ စုစုပေါင်း၄နေရာ ယှဉ်ပြိုင်ပါမယ်။ VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ ဦးသိမ်းကြည်-အရေးကြီးတာက ပြည်သူလူထုရဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက် ဒီမိုကရေစီရှိရမယ်၊ တဆက်ထဲမှာ လူအခွင့်အရေးရှိရမှာ။ ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်ရမယ်။ အခြားအသေးစိတ်ကတော့ ပါတီရဲ့ထုတ်ပြန်ချက်တွေမှာ ပါပါတယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဦးသိမ်းကြည်- ဖွဲ့စည်းပုံအခြေခံဥပဒေက မြန်မာနိုင်ငံမှာသွားရမယ်၊…

Read More

ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ ဝန်ကြီးချုပ်ရာထူး ရယူနိုင်တော့မယ်

ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ ဝန်ကြီးချုပ်ရာထူး ရယူနိုင်တော့မယ် တိုကျို၊ စက်တင်ဘာ-၁၄-၂၀၂၀ မျိုးဆက်(VOM) ဂျပန်အာဏာရပါတီဟာ ရှင်ဇိုအာဘေးရဲ့နေရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ရွေးချယ်လိုက်ပြီး ဒီလိုရွေးချယ်လိုက်တာကြောင့် ဆူဂါဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် မစ္စတာဆူဂါဟာ လက်ရှိအစိုးရအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပါတီခေါင်းဆောင်သစ် အဖြစ် ရွေးချယ်ခံရမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသူဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ အနီးကပ်မဟာမိတ်ဖြစ်ပြီး အာဘေးရဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည် ဖော်နိုင်ဖွယ်ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အခုလိုပါတီခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်တာကြောင့် ပါတီအမတ်တွေကြီးစိုးထားတဲ့ ပါလီမန်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ကို စက်တင် ၁၆ ရက်မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖို့သေချာသလောက်ရှိနေတဲ့ မစ္စတာဆူဂါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ…

Read More

အတိုင်ပင်ခံရုံး ဒု-ဝန်ကြီးရဲ့ PSOမှာ ကိုဗစ်ပိုးတွေ့ပေမယ့် ဒု-ဝန်ကြီးမှာ ရောဂါပိုးမတွေ့

အတိုင်ပင်ခံရုံး ဒု-ဝန်ကြီးရဲ့ PSOမှာ ကိုဗစ်ပိုးတွေ့ပေမယ့် ဒု-ဝန်ကြီးမှာ ရောဂါပိုးမတွေ့ နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀ ကိုလတ် (VOM) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ PSO မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ “ဦးခင်မောင်တင်ရဲ့ PSO မှာ Positive ဖြစ်ပါတယ်။ ဒု-ဝန်ကြီးနဲ့ PSO တစ်ရက်တည်း စစ်ဆေးခြင်းဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒု-ဝန်ကြီးရဲ့ အာခေါင်၊ နှာခေါင်းတို့ဖတ် နမူနာတို့ရဲ့ ရလဒ်ဟာ ကိုဗစ်ပိုးရောဂါ Negative ဖြစ်ပြီး Hotel Quarantine ဝင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ အာခေါင်၊ နှာခေါင်း တို့ဖက် နမူနာ (Swab)ကို ထပ်မံ ရယူစစ်ဆေးဦးမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒု-သမ္မတ(၁)ရုံးမှာ တာဝန်ထမ်းဆောင်တဲ့ အရာရှိ…

Read More

Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?

Covid and election

Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?     မန္တလေး၊စက်တင်ဘာ- ၁၄- ၂၀၂၀ ရှိုင်းအောင်(VOM)   ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနီးမှ Quarantine ဝင်ရခဲ့သည်ရှိသော် ရောဂါပိုးတွေ့ရှိခဲ့သော် ကြိုတင်မဲပေးခွင့်ရသူစာရင်းမှာ သေချာထည့်သွင်းမထားတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးနိုင်တာမို့ စိုးရိမ်မှုတွေရှိနေပါတယ်။   ဒီလို   စိုးရိမ်မှုတွေဖြေဖျောက်ဖို့ လူတိုင်မဲပေးခွင့် မဆုံးရှုံးအောင်Qurantine ဝင်နေတဲ့သူတွေနဲ့Positive လူနာတွေမဲပေးခွင့်ရအောင် ဘယ်လိုတွေစီစဉ်ထားသလဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကို  VOM က ဆက်သွယ်မေးမြန်းရာမှာတော့ “ Quarntine ဝင်နေတဲ့သူတွေမဲပေးခွင့်မဆုံးရှုံးအောင်သက်ဆိုင်ရာQurantine Center ကအဖွဲ့တွေ၊ရွေးကောက်ပွဲကော်မရှင်ကအဖွဲ့တွေ၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ကြီးကြပ်မှုတွေအောက်ကနေအန္တရာယ်မဖြစ်အောင်မဲပေးနိုင်ဖို့စီးစဥ်ထားပြီဖြစ်ပေမယ့်Positive လူနာတွေပါမဲပေူခွင့်မဆုံးရှုံရအောင်အသေးစိတ် ညှိနှိုင်းနေပြီဖြစ်တယ်” လို့ ဖြေပါတယ်။   လာမယ့်ရွေးကောက်ပွဲမှာလူတိုင်းလူတိုင်းမဲပေးခွင့်မဆုံးရှုံးဘဲနဲ့အန္တရာယ်ကင်းစွာမဲပေးနိုင်ဖို့၊မဲပေးတဲ့ဖြစ်စဥ်ကြောင့်ရောဂါကူးဆက်ပြန့်ပွားမှုပိုမိုမဆိုးရွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေဟာကျမတို့အဓိကရည်ရွက်ချက်၂ခုဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကထည့်သွင်းပြောကြားပါတယ်။ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးရှိန်ဝင်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ” ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကာလမှာQurantine ဝင်နေသူတွေကတော့ပုံစံ၃(က) နဲ့မဲပေးနိုင်မှာဖြစ်ပြီးPositive လူနာတွေအတွက်ကတော့မဲပေးနိုင်ဖို့မစီစဥ်ရသေးဘူး” လို့  VOM ကိုပြောပါတယ်။…

Read More

နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံထားရ

နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံထားရ နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး အပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ “ဟုတ်ပါတယ်။ မေ့ဆေးဆရာဝန်တစ်ဦးနဲ့ အထူးကုဆရာဝန်တစ်ဦးပါ။ သူတို့ မိသားစုဝင်တွေပါ ရောဂါပိုးကူးစက်ခံရပါတယ်။ သူတို့နဲ့ ထိစပ်နေတဲ့ ဆရာဝန်တွေ ဆရာမတွေ နောက်ကျန်တဲ့သူတွေကို Quarantine ထားပြီး ဆေးစစ်ပါတယ်။တော်တော်များများကတော့ Negative ပါပဲ။ ကူးစက်ခံရတာ ၅ ဦးလောက်ရှိမယ်ဗျ”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)မှ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာအရေအတွက်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၃၀ ဦးထိရှိနေပြီး သူတို့နဲ့ ထိစပ်ခဲ့သူဦးရေဟာ ၄၀၀ ဦးလောက်ရှိတယ်လို့လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ အဲ့ဒီလို ထိစပ်ခဲ့မိတဲ့သူတွေကို ဆေးရုံတွေ၊ ဟိုတယ်တွေနဲ့ Quarantine…

Read More

ပလက်ဝမှာ တစ်ရက်၂ ရက်အတွင်း စားသောက်ကုန်ဈေးခုန်တက်နေတဲ့အတွက် ဝယ်ယူဖို့မလွယ်

ပလက်ဝမှာ တစ်ရက်၂ ရက်အတွင်း စားသောက်ကုန်ဈေးခုန်တက်နေတဲ့အတွက် ဝယ်ယူဖို့မလွယ် ပလက်၀ ၊ စက်တင်ဘာ ၁၄ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် ကြားက ပလက်ဝမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်း ကုန်စည်ဝင်ရောက်မှု ရပ်တန့်သွားတဲ့အတွက် ဒီကနေ့ ( စက်တင်ဘာ ၁၄ )မှာ စားသောက်ကုန်အမျိုးမျိုးနဲ့ လောင်စာဆီဝယ်ယူဖို့ ခက်ခဲသွားပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ “ ဒီရက်ပိုင်းမှာ ကုန်စည်ဝင်ရောက်တာက မရှိသလောက်ဖြစ်သွားတယ် ၊ ဘာကြောင့် မဝင်တာလဲဆိုတော့ ကျောက်တော်ဖက် လမ်းပိုင်းကလဲ ကိုဗစ် အတွက်နဲ့ရော ၊ လုံခြုံရေးအတွက်နဲ့ပါ ပိတ်ထားတယ် ၊ နောက်ပြီး ကုန်စည်ပို့ဆောင်ရေး ကားတွေကလဲ အရင်ကတည်းက အရဲစွန့်ပြီးလာရတာလေ ၊ ပိုးတွေ့လူနာများလာတဲ့အတွက်လည်းဖြစ်နိုင်သလို၊ လုံခြုံရေးအရလည်း ကုန်ကားတွေ မလာတာဖြစ်နိုင်တယ် ”…

Read More

ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စံချိန်သစ်တင်

ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စံချိန်သစ်တင် ဂျီနီဗာ၊ စက်တင်ဘာ-၁၄-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူမှာ စံချိန်သစ်တင်သွားပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၃၀၇၉၃၀ ဦးထိရှိနေပါတယ်။ ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း တစ်နေ့တည်း ၅၅၀၀ ကျော်ထိမြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း သေဆုံးသူဟာ ၉၁၇၄၁၇ ဦးထိရှိလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုအများဆုံးနိုင်ငံတွေကတော့ အိန္ဒိယ၊ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာတစ်ဝန်းမှာ ရောဂါကူးစက်ခံရသူ ၂၈ သန်းကျော်ရှိပြီး ဒီထဲကတစ်ဝက်ကတော့ အမေရိကား ကဖြစ်ပါတယ်။ ၂၄ နာရီအတွင်း ကူးစက်မှုအမြင့်ဆုံးစံချိန်ကတော့ စက်တင်ဘာ ၆ ရက်ကဖြစ်ပြီး တစ်နေ့တာအတွင်း ၃၀၆၈၅၃ ဦးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက် တစ်နေ့တည်းမှာပင်…

Read More

ကောလင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ့တဲ့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြား

ကောလင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ့တဲ့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြား ကောလင်း၊ စက်တင်ဘာ ၁၄ -၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စက်တင်ဘာ ၁၃ ရက်နေ့က Covid -19 အတည်ပြုလူနာတွေ့ရှိရတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ယာယီ ရပ်နားထားဖို့ ညွှန်ကြားထားတယ်လို့ ကောလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက ပြောပါတယ်။ COVID- 19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် မြို့နယ်တာဝန်ရှိသူတွေဟာ ကောလင်းမြို့နယ်ကို Stay at home ဒေသန္တရအမိန့် ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း လှည့်လည် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ”Covid -19 ပိုးတွေ့လူနာတွေ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ သူနဲ့ ထိတွေ့တဲ့သူတွေကို စီစစ်ပြီးတော့မှ Swabယူ ပို့ထားပြီပါပြီ၊ အဲဒါနဲ့ ပတ်သက်ပြီး Stay at Home…

Read More

စီးပွားဖြစ်ကျွန်းစိုက်ခင်းတွေရဲ့တဖက်စာမျက်နှာ

Pan Nyo forest

စီးပွားဖြစ်ကျွန်းစိုက်ခင်းတွေရဲ့တဖက်စာမျက်နှာ ဂျန်ကိုးလ် (VOM ) မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်က ကျေးရွာဖွံ့ဖြိုးရေးလမ်းတခုမှာ ဖုန်အလိပ်လိပ်လှိုင်းကြီးကြားကနေ မိုးကာအုပ်ထားတဲ့ ဖောကားတစ်စီးဟာ အရှိန်နဲ့ မောင်းထွက်လာပါတယ်။ ကုန်အပြည့်တင်ထားပေမယ့် အရှိန်မလျော့ဘဲမောင်းတာကြောင့် ပုသိမ်မုံရွာလမ်းပေါ်ဝိုက်ကွေ့သွားစဉ်မှာ ဝုန်း ဝုန်း ဂျုံး ဂျုံး အသံတွေထွက်ပေါ်လာပါတယ်။ ကားနောက်ပိုင်း ထွက်ပေါ်လာတဲ့ အသံတွေအရ ဖုံးအုပ်ထားတဲ့ မိုးကာအောက်မှာ ရှိနေတဲ့ အရာတွေဟာ ခိုးထုတ်လာတဲ့ သစ်တွေဖြစ်ကြောင်း အသိပေးသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုခိုးသယ်နေတဲ့ သစ်ကားတွေ ခဏခဏမြင်နေရပေမယ့် သက်ဆိုင်ရာကိုတိုင်လည်း မထူးတဲ့အခြေအနေကို ညောင်ပင်သာရွာကဦးလှမင်းက “အဲဒါဖုန်းဆက်တိုင်နေလည်း အပိုဘဲဖုန်းဆက်တဲ့လူကိုသူတို့သိသွားတာဘဲ အဖတ်တင်မယ်ဘာမှမဖြစ်ဘူး”လို့ မချိတင်ကဲပြောပါတယ်။ မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ်စု နဲ့ ကြပ်ဝကျေးရွာအုပ်စုတို့က မှီခိုအားထားနေရတဲ့ သစ်တောအိုကြီးတွေကို အပြောင်ရှင်းပြီး စီးပွားဖြစ် ကျွန်းစိုက်ခင်းတွေ လုပ်လိုက်တာကြောင့်သစ်ခိုးမှု့ပိုလာပြီး သစ်တောမှီခိုနေရတဲ့တောင်သူများနယ်ကျဉ်းလာတယ်လို့ ဒေသခံတွေက ငြီးတွားနေကြပါတယ်။ သူတို့ဘိုးစဉ်ဘောင်ဆက်မှီခိုအားထားနေရတဲ့တောအိုကြီးတွေကို သစ်တောဦးစီးဌာနက စီးပွားဖြစ်ကျွန်းစိုက်ခင်း နှစ်၃၀ စီမံချက်ဖေါ်ဆောင်ခံခဲ့ရပါတယ်။ ၂၀၁၀ကနေစပြီး၂၀၁၆/၂၀၁၇ထိအပြောင်ရှင်းဧက၂၀၀စိုက်ခင်းစီမံကိန်း…

Read More

နယ်စပ်အနီး မြန်မာစစ်ရေးလှုပ်ရှားမှု သံအမတ်ကြီးကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

နယ်စပ်အနီး မြန်မာစစ်ရေးလှုပ်ရှားမှု သံအမတ်ကြီးကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ကန့်ကွက် ဒါကာ၊ စက်တင်ဘာ-၁၄-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ နယ်စပ်အနီးမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ နယ်စပ်အနီး လှေတွေပေါ်မှာ မြန်မာစစ်ဘက်ရဲ့သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို စက်တင်ဘာ ၁၃ ရက်မနက်ပိုင်းကတည်းက ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နယ်စပ်တစ်လျှောက် လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်စာပေးခဲ့တယ်လို့ဆိုပါတယ်။ နယ်စပ်အနီး မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Md Delwar Hossain ပြောဆိုခဲ့ပါတယ်။ ကျူးကျော်ရန်စတဲ့ လုပ်ရပ်မှန်သမျှကိုရပ်တန့်ဖို့နဲ့ နှစ်နိုင်ငံအကြား ဘယ်လိုပြဿနာကိုမဆိုဖြေရှင်းရေးရာမှာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို သူကတိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီးနောက် နယ်စပ်တစ်လျှောက်မှာ တပ်ဖွဲ့ဝင်တွေကို မြန်မာဘက်က ချထားပါတယ်။ လက်ရှိအချိန်မှတော့…

Read More
VOM News

FREE
VIEW