အတိုင်ပင်ခံရုံး ဒု-ဝန်ကြီးရဲ့ PSOမှာ ကိုဗစ်ပိုးတွေ့ပေမယ့် ဒု-ဝန်ကြီးမှာ ရောဂါပိုးမတွေ့

အတိုင်ပင်ခံရုံး ဒု-ဝန်ကြီးရဲ့ PSOမှာ ကိုဗစ်ပိုးတွေ့ပေမယ့် ဒု-ဝန်ကြီးမှာ ရောဂါပိုးမတွေ့

နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀
ကိုလတ် (VOM)

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ PSO မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“ဦးခင်မောင်တင်ရဲ့ PSO မှာ Positive ဖြစ်ပါတယ်။ ဒု-ဝန်ကြီးနဲ့ PSO တစ်ရက်တည်း စစ်ဆေးခြင်းဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒု-ဝန်ကြီးရဲ့ အာခေါင်၊ နှာခေါင်းတို့ဖတ် နမူနာတို့ရဲ့ ရလဒ်ဟာ ကိုဗစ်ပိုးရောဂါ Negative ဖြစ်ပြီး Hotel Quarantine ဝင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ အာခေါင်၊ နှာခေါင်း တို့ဖက် နမူနာ (Swab)ကို ထပ်မံ ရယူစစ်ဆေးဦးမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒု-သမ္မတ(၁)ရုံးမှာ တာဝန်ထမ်းဆောင်တဲ့ အရာရှိ (၁)ဦးနဲ့ နိုင်ငံတော်သမ္မတရုံးမှာတာဝန်ထမ်းဆောင်တဲ့ အရာရှိ (၁) ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

အဲ့ဒီလို ရောဂါပိုး တွေ့ရှိခဲ့တာတွေကြောင့် ထိတွေ့သူအားလုံးကို Swab စစ်ဆေးမှုခံယူစေပြီး Hotel Quarantine ထားရှိထားတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ ၃၄ ဦးအထိရှိလာပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အတိုင္ပင္ခံ႐ုံး ဒု-ဝန္ႀကီးရဲ႕ PSOမွာ ကိုဗစ္ပိုးေတြ႕ေပမယ့္ ဒု-၀န္ႀကီးမွာ ေရာဂါပိုးမေတြ႕

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၄-၂၀၂၀
ကိုလတ္ (VOM)

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးခင္ေမာင္တင္ရဲ႕ PSO မွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

“ဦးခင္ေမာင္တင္ရဲ႕ PSO မွာ Positive ျဖစ္ပါတယ္။ ဒု-၀န္ႀကီးနဲ႔ PSO တစ္ရက္တည္း စစ္ေဆးျခင္းျဖစ္ပါတယ္”လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒု-ဝန္ႀကီးရဲ႕ အာေခါင္၊ ႏွာေခါင္းတို႔ဖတ္ နမူနာတို႔ရဲ႕ ရလဒ္ဟာ ကိုဗစ္ပိုးေရာဂါ Negative ျဖစ္ၿပီး Hotel Quarantine ဝင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

အခုရက္ပိုင္းအတြင္းမွာေတာ့ အာေခါင္၊ ႏွာေခါင္း တို႔ဖက္ နမူနာ (Swab)ကို ထပ္မံ ရယူစစ္ေဆးဦးမွာ ျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ဒု-သမၼတ(၁)႐ုံးမွာ တာ၀န္ထမ္းေဆာင္တဲ့ အရာရွိ (၁)ဦးနဲ႔ ႏိုင္ငံေတာ္သမၼတ႐ုံးမွာတာဝန္ထမ္းေဆာင္တဲ့ အရာရွိ (၁) ဦးမွာ ကိုဗစ္ေရာဂါပိုး ေတြ႕ရွိခဲ့ပါတယ္။

အဲ့ဒီလို ေရာဂါပိုး ေတြ႕ရွိခဲ့တာေတြေၾကာင့္ ထိေတြ႕သူအားလုံးကို Swab စစ္ေဆးမႈခံယူေစၿပီး Hotel Quarantine ထားရွိထားတယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္မွာ စက္တင္ဘာလ ၁၄ ရက္ေန႔အထိ ကိုဗစ္ေရာဂါပိုး အတည္ျပဳလူနာ ၃၄ ဦးအထိရွိလာၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW