စီးပွားဖြစ်ကျွန်းစိုက်ခင်းတွေရဲ့တဖက်စာမျက်နှာ
ဂျန်ကိုးလ် (VOM )
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်က ကျေးရွာဖွံ့ဖြိုးရေးလမ်းတခုမှာ ဖုန်အလိပ်လိပ်လှိုင်းကြီးကြားကနေ မိုးကာအုပ်ထားတဲ့ ဖောကားတစ်စီးဟာ အရှိန်နဲ့ မောင်းထွက်လာပါတယ်။
ကုန်အပြည့်တင်ထားပေမယ့် အရှိန်မလျော့ဘဲမောင်းတာကြောင့် ပုသိမ်မုံရွာလမ်းပေါ်ဝိုက်ကွေ့သွားစဉ်မှာ ဝုန်း ဝုန်း ဂျုံး ဂျုံး အသံတွေထွက်ပေါ်လာပါတယ်။
ကားနောက်ပိုင်း ထွက်ပေါ်လာတဲ့ အသံတွေအရ ဖုံးအုပ်ထားတဲ့ မိုးကာအောက်မှာ ရှိနေတဲ့ အရာတွေဟာ ခိုးထုတ်လာတဲ့ သစ်တွေဖြစ်ကြောင်း အသိပေးသလိုဖြစ်သွားခဲ့ပါတယ်။
ဒီလိုခိုးသယ်နေတဲ့ သစ်ကားတွေ ခဏခဏမြင်နေရပေမယ့် သက်ဆိုင်ရာကိုတိုင်လည်း မထူးတဲ့အခြေအနေကို ညောင်ပင်သာရွာကဦးလှမင်းက
“အဲဒါဖုန်းဆက်တိုင်နေလည်း အပိုဘဲဖုန်းဆက်တဲ့လူကိုသူတို့သိသွားတာဘဲ အဖတ်တင်မယ်ဘာမှမဖြစ်ဘူး”လို့ မချိတင်ကဲပြောပါတယ်။
မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ်စု နဲ့ ကြပ်ဝကျေးရွာအုပ်စုတို့က မှီခိုအားထားနေရတဲ့ သစ်တောအိုကြီးတွေကို အပြောင်ရှင်းပြီး
စီးပွားဖြစ် ကျွန်းစိုက်ခင်းတွေ လုပ်လိုက်တာကြောင့်သစ်ခိုးမှု့ပိုလာပြီး သစ်တောမှီခိုနေရတဲ့တောင်သူများနယ်ကျဉ်းလာတယ်လို့ ဒေသခံတွေက ငြီးတွားနေကြပါတယ်။
သူတို့ဘိုးစဉ်ဘောင်ဆက်မှီခိုအားထားနေရတဲ့တောအိုကြီးတွေကို သစ်တောဦးစီးဌာနက စီးပွားဖြစ်ကျွန်းစိုက်ခင်း နှစ်၃၀ စီမံချက်ဖေါ်ဆောင်ခံခဲ့ရပါတယ်။
၂၀၁၀ကနေစပြီး၂၀၁၆/၂၀၁၇ထိအပြောင်ရှင်းဧက၂၀၀စိုက်ခင်းစီမံကိန်း ဟာ တနှစ်ကိုဧက၂၀၀၊ ဧက၁၅၀ စသဖြင့်တိုးချဲ့စိုက်ပျိုးလာလို့ သစ်တောနယ်မြေကျဉ်းခဲ့ရတာလို့ ဒေသခံတွေကစွပ်စွဲပြောဆိုပါတယ်။
ဒေသခံတွေရဲ့အဆိုအရစီးပွားဖြစ်ကျွန်းစိုက်ခင်းတွေအတွက် လမ်းဖောက်ရာကနေ ဆိုးကျိုးအနေနဲ့ အဲဒီလမ်းကိုအသုံးပြုပြီး သစ်ခိုးမှုတွေ ပိုများလာတယ်လို ဒေသခံတွေက ပြောကြပါတယ်။
တမြို့နယ်လုံးအတိုင်းအတာနဲ့ ကျေးရွာချင်းဆက်လမ်းတွေ ပုသိမ်မုံရွာလမ်းပေါ်အထိရာသီမရွေးသွားလာလို့ရအောင် ယခုနှစ်ပိုင်းအတွင်းကောင်းလာတယ်လို့ဆိုပါတယ်။
တောင်သူတွေအားကိုးအားထားပြုနေရတဲ့ ပန်းညိုတောကိုသစ်တောဌာနက ၂၀၀၄နှစ်မှာကာကွယ်တောအဖြစ်ကွင်းမဆင်းဘဲမြေပုံထောက်သိမ်းခဲ့လို့ဒုက္ခပင်လယ်ဝေခဲ့ရတယ်လို့ပြောလာတဲ့ဦးလှမင်းက
” ၂၀၀၄ ခုနှစ်က မြေပုံပေါ်မှာ မှင်ဝိုင်းသိမ်းလိုက်လို့ စိုက်ခင်းတွေ ဥယျာဉ်တွေ လယ်၊ ရွာ အကုန်ပါသွားတာ ၂၀၁၃လောက်မှာမှ ရွာနဲ့လယ်ပြန်ရတယ် ကျန်တဲ့ကိုင်းမြေ ခုထိမရဘူး ချောင်းဟိုဘက်ကမ်းက ပုံစံ၇ ရတယ်ဒီဘက်ကမ်းကမရဘူး။ ဒီတောဒီတောင်ကို ဘိုးဘွားအစဉ်အဆက်မှီခိုနေရတာ သစ်ခိုးတယ်ဆိုတာသူများအိမ်ကပစ္စည်းကိုခိုးသလိုခိုးလို့ရတာမဟုတ်ဘူး တာဝန်ရှိသူပေးကမ်းပြီးမှခိုးရတာလေ ဘုံမဝင် စုံမဝင် အိမ်သုံးအခြားသားတောင်မပြောဘဲလုပ်ကြည့်ပါလား ကားသွားမယ်” လို့ အသက်၅၅နှစ်ရှိပြီဖြစ်တဲ့ ညောင်ပင်သာရွာသားဦးလှမင်းကပြောပါတယ်၊
သစ်တောစိုက်ခင်းတည်ထောင်ဘို့မြေနေရာရွေးချယ်ရာမှာ သစ်တောဌာနကစီမံခန့်ခွဲမှုရှိတဲ့သစ်တော မြေဖြစ်ရပြီး တစ်ဧကအတွင်းအဖိုးတန်အပင်ဆယ်ပင်အောက်ရှိရမယ်လို့ သစ်တောဥပဒေမှာ ပြဌာန်းထားပါတယ်။
စိုက်ခင်းအတွက် အုပ်ချုပ်စီမံဖို့ ရေအစရှိတဲ့အရာတွေကိုထည့်သွင်းတွက်ချက်ပြီး တိုင်းညွှန်မှူးရဲ့တင်ပြချက်နဲ့ ပြည်ထောင်စုဝန်ကြီးကခွင့်ပြုမှရတာလို့ သစ်တောတာဝန်ရှိသူတွေက ဖြေရှင်းချက်ပေးပါတယ်။
ဒေသခံတွေကတော့ စိုက်ခင်းတွေဟာ မအောင်မြင်ဘူး သတ်မှတ်ချက်မပြည့်ဘူးလို့စွပ်စွဲကြပေမယ့် မင်းတုန်းသစ်တောဦးစီးဌာနရဲ့စိုက်ခင်းဖေါ်ဆောင်ရာမှာတာဝန်ယူခဲ့ဘူးသူ တဦးဖြစ်တဲ့ တောအုပ်ဦးဇော်ဇော်ကတော့ စိုက်ခင်းစံနှုန်းတွေအရအောင်မြင်တယ်လို့ဆိုပါတယ်။
“ကျွန်းစိုက်ခင်းနဲ့ပတ်သက်လို့ကတော့ သစ်တောဆိုင်ရာကိန်းဂဏန်းတွက်ချက်မှု့အရ အခုစိုက်နေတာတွေ အောင်မြင်ပြီး ဒေသခံတွေအ နေနဲ့တော့ ပဋိပက္ခရှိတာပေါ့”လို့ တောအုပ်ဦးဇော်ဇော်ကပြောပါတယ်။
ဒေသခံတွေက ဒီသစ်တောအမှီပြုပြီး ထင်း၊ဝါး အိမ်သုံးသစ် နွားတင်းကုတ်က အစရယူသုံးစွဲနေရသည့်အတွက် သစ်တောစိုက်ခင်းတည်ထောင်လိုက်တော့မှ သူတို့အတွက် သစ်တောပျောက်သလောက်ဖြစ်သွားတာကြောင့် ဒေသခံပြည်သူတွေ သစ်တောစိုက်ခင်းတည်ထောင်တာကို သဘောမကျတာဖြစ်တယ် လို့ သူက ဆိုပါတယ်။
လမ်းတွေကောင်းလာတာကြောင့်သစ်ခိုးမှုများလာတယ်လို့ယျေဘုယျအားဖြင့်ပြောနိုင်ပေမယ့်လည်း ဥပမာအားဖြင့်မင်းတုန်းမြို့မှာ ရှိတဲ့ အိမ်တစ်သိန်းမှာ ဘယ်အိမ်ကသစ်တောဌာနခွင့်ပြုတဲ့သစ် အသုံးပြုအိမ်လဲ စိစစ်ကြည့်လိုက်ရင် သိနိုင်သလိုလူတိုင်းလွှမဆွဲတတ်တာကြောင့် လွှဆွဲတတ်တဲ့သူဆီကဝယ်ရပြီးအိမ်တွေ ကို ပိုမိုဆောက်လာကြလို့လည်းဖြစ်နိုင်ကြောင်းသုံးသပ်ပြပါတယ်။
“အိမ်တစ်သိန်းမှာ အိမ်၈ဝ၀၀၀ က ခွင့်ပြုသစ်မရှိဘူးဒါဘယ်ကရလဲ ဥပဒေအရမညှာမတာပြောရရင်ခိုးတာဘဲလေ ” လို့သူကဆိုပါတယ်။
တကယ်တော့နေစရာမရှိလို့ ဆောက်ကြရတာ အဓိကဖြစ်ပြီး ပြည်သူလူထုစားဝတ်နေရေးဖြည့်ဆည်းပေးရမယ်ဆိုတဲ့သစ်တောမူဝါဒ သစ်တောမှာရှိကြောင်းနဲ့ အဲဒီမူဝါဒကို အကောင်အထည်မဖေါ်နိုင်ရင် ပဋိပက္ခဆက်ရှိနေမှာဖြစ်တယ်လို့ ဦးဇော်ဇော်က သုံးသပ်ပြောဆိုပါတယ်။
“ဒေသဖွံ့ဖြိုးရေးလုပ်တော့ သစ်တောစိုက်ခင်းလမ်းမှ မဟုတ်ဘူး တခြားလမ်းတွေလည်း ကောင်းလာတယ်။ လမ်းတွေကောင်းတာကို မသမာသူတွေက လုံခြုံရေးဝန်ထမ်းနည်းတာအကြောင်းပြုပြီး အခွင့်ကောင်းယူနေတာဖြစ်တယ်” လို့ တိုင်းလွတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်းက ဆိုပါတယ်။
“တနေ့ကဘဲ ည၁၂နာရီကျော်ရင် သစ်ကား၂စီးထွက်လာမယ် သတင်းပေးထားလို့ တာဝန်ရှိတဲ့သူတွေကိုစောင့်ခိုင်းတာ သူတို့က၁နာရီမထိုးခင်ပြန်ကြတယ်။ ကားကထွက်လာပြီး တစ်စီးကဘီးပေါက်တယ်။ ကျန်တစ်စီးပေါ်နိုင်သလောက်တင်ပြီး မနိုင်တဲ့သစ်ကိုမနီးမဝေးက တောထဲဖွက်ခဲ့တယ်။ မနက်ကျနော်ရုံးလာတော့ ကားဘီးရာလတ်လတ်ဆပ်ဆပ်တွေ့လို့ဝင်ကြည့်တော့ ကျွန်းသစ်တစ်တန်ခွဲလောက်တွေ့ရတယ်”လို့ မှောင်ခိုသစ်ဖမ်းဆီးရာမှာ နာမည်ကြီးတဲ့ ဦးတင်ဝင်းကသိပ်မကြာသေးခင်က သူအတွေ့အကြုံကိုပြန်ပြောပြပါတယ်။
ဦးတင်ဝင်းဟာမင်းတုန်းမှာပြည်သူကသတင်းပေးတိုင်းဦးဆောင်ဖမ်းပေးခဲ့သူတဦးဖြစ်ပြီးလေးနှစ်အတွင်းသူဖမ်းဆီးခဲ့တဲ့သစ်က တန်၅၀၀ကျော်ခန့်ရှိတယ်လို့သူရဲ့မှတ်စုများကို ကိုးကားပြီး ပြောပါတယ်။
ဌာနဆိုင်ရာတွေရဲ့လုပ်သက်တွေလူမှု့ဘဝကိုညှာတာနေလို့ သူဖမ်းရတဲ့သစ်တွေဟာပိုင်ရှင်မဲ့နေရတာလို့ သူက ပွင့်ပွင့်လင်းလင်းပြောပါတယ်။
“ဌာနဆိုင်ရာတွေဘက်က ဝန်ထမ်းအင်အားနည်းတာ၊ရဲဝန်ထမ်းနည်း တာတွေကို လွတ်တော်မှာ ထပ်တိုးခန့်ထားပေးဘို့ ဒေသအလိုက်တင်ပြမှုတွေတော့ ရှိနေပြီး အဓိကတော့ ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု့ပိုရရင် ပိုကောင်းမယ်လို့ သူက ဆိုပါတယ်။
အရင်တုန်းက တောရိပ်တောင်ရိပ်တွေနဲ့ ရာသီဥတုမျှတခဲ့တဲ့ မင်းတုန်းမြို့နယ်ဟာ လက်ရှိအချိန်မှာ ရာသီ ဥတုကဖောက်ပြန်မှုတွေ ကြုံလာရတာကြောင့် အချိန်မှီထိန်းသိမ်းနိုင်ဖို့အတွက် ပူးပေါင်းပါဝင်ကြပါလို့ အမြဲတိုက်တွန်း နေရတယ်လို့သူက ဆက်ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့၂၀၁၉/၂၀၂၀ စတုတ္ထ၁နှစ်တာလုပ်ငန်းများသတင်းစာရှင်းလင်းပွဲမှာ သစ်တောဌာနက သရက်ခရိုင်အတွင်း ကျွန်း၊သစ်မာနဲ့ အခြားသစ် စုစုပေါင်း၅၄၇ဒသမ ၄၀၄၈တန် ဖမ်းမိခဲ့ရာမှာ မင်းတုန်းနယ်က အများဆုံးဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။
စီးပွားဖြစ်ကျွန်းစိုက်ခင်းစိုက်မယ်ဆိုရင် ဒေသခံတွေနဲ့ သစ်တောကို ဘိုးစဉ်ဘောင်ဆက်အမှီပြုနေထိုင်လာသူတွေကို ဘယ်နေရာစိုက်မယ်၊မစိုက်ဖူးဆိုတာကိုပွင့်လင်းမြင်သာစွာအရင်ချပြသင့်ကြောင်း ပွင့်လင်းမြင်သာဖြစ်ဘို့လိုအပ်တယ်လို့ မာတာအဖွဲ့ရဲ့EITI လုပ်ငန်းစဥ်မှာသဘာဝသယံဇာတ ပွင့်လင်းမြင်သာမှုစံနှုန်း တိုင်းတာရေးတွေလုပ်နေတဲ့ မင်းတုန်းဒေသခံဦးသိန်းဇော်ဦးက ပြောပါတယ်။
” ရှိတဲ့သစ်တောကြီးတွေကို ခုတ်လိုက်တော့ သစ်တောတခုဆုံးရှုံးသွားတယ် နောင်အချိန်ပိုက်ဆံရတာတွက်ခြေကိုက်တာတပိုင်း လတ်တလောဆုံးရှုံးသွားတဲ့သစ်တောကြောင့် ဂေဟစနစ်တွေ အပြင်တောကိုမှီနေရတဲ့ပြည်သူတွေဒုက္ခရောက်တာပေါ့
လက်ရှိကမ္ဘာရော မြန်မာရောဖြစ်ချင်တဲ့ သစ်တော ဖုံးလွှမ်းမှု့လဲရောက်မသွားဘူး ကျွန်တော်တို့ မိအေး ၂ခါနာ မဖြစ်ရအောင်ပေါ့ သဘာဝသစ်တောကြီးတွေရဲ့စံတန်ဘိုးကျတယ် ဒီနယ်မြေထဲမှာဘဲဖုန်းဆိုး တောပျက်ရှိတယ်အဲနေရာမျိုးတွေဘာလို့စိုက်ခင်းမလုပ်သလဲ သစ်တောစိုက်ခင်းတဧက ကုန်ကျမှု့နှုန်းကို တောင်သူတွေပေးပြီးစာချုပ်နဲ့စိုက်ခိုင်းရင်တောင်ဒီလောက်ဘဏ္ဍာငွေမကုန်ဘူးတောမကုန်ဘူး”လို့
လို့ MATA နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ဦးသိန်းဇော်ဦးက အကြံပြုပါတယ်။
အပြောင်ရှင်းသစ်တောစိုက်ခင်းဖေါ်ဆောင်နေတဲ့ စိုက်ကွက်တွေများလာပြီးထိုစိုက်ခင်းများနဲ့ပတ်သက်ပြီးလူဝင်လူထွက်များလာတာတွေ သစ်တောမူဝါဒအရ လူတိုင်းပါဝင်နိုင်ရေး ပွင့်လင်းမြင်သာမှု့ရှိခြင်းအစရှိတဲ့အချက်များကိုအောက်ခြေအထိနားလည်အောင်မရှင်းလင်းမဆောင်ရွက်နိုင်ရင် တောလည်းဆုံး ငွေလည်းဆုံး ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒေသခံ ဦးလှမင်းက အနောက်ရိုးမကတောင်စွယ်မှာ ကွယ်ပျောက်တော့မယ့် နေလုံးလိမ္မော်ရောင်ကြီးကို ကြည့်ကာ သက်ပြင်းရှည်ကြီးတချက်ချပြီး လေပူတွေကို ဟူးကနဲမှုတ်ထုတ်ရင်း စိုးရိမ်စိတ်ကိုပြောသွားပါတော့တယ်၊
“သစ်ခိုးထုတ်မှုတွေက ကျွန်တော်တို့ရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်သလိုဖြစ်လာနေတာပေါ့ ဒီတော ဒီတောင်တွေ မရှိတော့ရင် ကျွန်တော်တို့ဘဝတွေလည်း ရှိတော့မှာမဟုတ်ပါဘူး”
#Voiceofmyanmar #VOM #သဘာဝပတ်ဝန်းကျင် #သစ်ခိုးထုတ်မှု
Zawgyi
စီးပြားျဖစ္ကြၽန္းစိုက္ခင္းေတြရဲ႕တဖက္စာမ်က္ႏွာ
ဂ်န္ကိုးလ္ (VOM )
မေကြးတိုင္းေဒသႀကီး သရက္ခ႐ိုင္ မင္းတုန္းၿမိဳ႕နယ္က ေက်း႐ြာဖြံ႕ၿဖိဳးေရးလမ္းတခုမွာ ဖုန္အလိပ္လိပ္လႈိင္းႀကီးၾကားကေန မိုးကာအုပ္ထားတဲ့ ေဖာကားတစ္စီးဟာ အရွိန္နဲ႔ ေမာင္းထြက္လာပါတယ္။
ကုန္အျပည့္တင္ထားေပမယ့္ အရွိန္မေလ်ာ့ဘဲေမာင္းတာေၾကာင့္ ပုသိမ္မုံ႐ြာလမ္းေပၚဝိုက္ေကြ႕သြားစဥ္မွာ ဝုန္း ဝုန္း ဂ်ဳံး ဂ်ဳံး အသံေတြထြက္ေပၚလာပါတယ္။
ကားေနာက္ပိုင္း ထြက္ေပၚလာတဲ့ အသံေတြအရ ဖုံးအုပ္ထားတဲ့ မိုးကာေအာက္မွာ ရွိေနတဲ့ အရာေတြဟာ ခိုးထုတ္လာတဲ့ သစ္ေတြျဖစ္ေၾကာင္း အသိေပးသလိုျဖစ္သြားခဲ့ပါတယ္။
ဒီလိုခိုးသယ္ေနတဲ့ သစ္ကားေတြ ခဏခဏျမင္ေနရေပမယ့္ သက္ဆိုင္ရာကိုတိုင္လည္း မထူးတဲ့အေျခအေနကို ေညာင္ပင္သာ႐ြာကဦးလွမင္းက
“အဲဒါဖုန္းဆက္တိုင္ေနလည္း အပိုဘဲဖုန္းဆက္တဲ့လူကိုသူတို႔သိသြားတာဘဲ အဖတ္တင္မယ္ဘာမွမျဖစ္ဘူး”လို႔ မခ်ိတင္ကဲေျပာပါတယ္။
မင္းတုန္းၿမိဳ႕နယ္ စပါးတန္းေက်း႐ြာအုပ္စု နဲ႔ ၾကပ္ဝေက်း႐ြာအုပ္စုတို႔က မွီခိုအားထားေနရတဲ့ သစ္ေတာအိုႀကီးေတြကို အေျပာင္ရွင္းၿပီး
စီးပြားျဖစ္ ကြၽန္းစိုက္ခင္းေတြ လုပ္လိုက္တာေၾကာင့္သစ္ခိုးမႈ႕ပိုလာၿပီး သစ္ေတာမွီခိုေနရတဲ့ေတာင္သူမ်ားနယ္က်ဥ္းလာတယ္လို႔ ေဒသခံေတြက ၿငီးတြားေနၾကပါတယ္။
သူတို႔ဘိုးစဥ္ေဘာင္ဆက္မွီခိုအားထားေနရတဲ့ေတာအိုႀကီးေတြကို သစ္ေတာဦးစီးဌာနက စီးပြားျဖစ္ကြၽန္းစိုက္ခင္း ႏွစ္၃၀ စီမံခ်က္ေဖၚေဆာင္ခံခဲ့ရပါတယ္။
၂၀၁၀ကေနစၿပီး၂၀၁၆/၂၀၁၇ထိအေျပာင္ရွင္းဧက၂၀၀စိုက္ခင္းစီမံကိန္း ဟာ တႏွစ္ကိုဧက၂၀၀၊ ဧက၁၅၀ စသျဖင့္တိုးခ်ဲ႕စိုက္ပ်ိဳးလာလို႔ သစ္ေတာနယ္ေျမက်ဥ္းခဲ့ရတာလို႔ ေဒသခံေတြကစြပ္စြဲေျပာဆိုပါတယ္။
ေဒသခံေတြရဲ႕အဆိုအရစီးပြားျဖစ္ကြၽန္းစိုက္ခင္းေတြအတြက္ လမ္းေဖာက္ရာကေန ဆိုးက်ိဳးအေနနဲ႔ အဲဒီလမ္းကိုအသုံးျပဳၿပီး သစ္ခိုးမႈေတြ ပိုမ်ားလာတယ္လို ေဒသခံေတြက ေျပာၾကပါတယ္။
တၿမိဳ႕နယ္လုံးအတိုင္းအတာနဲ႔ ေက်း႐ြာခ်င္းဆက္လမ္းေတြ ပုသိမ္မုံ႐ြာလမ္းေပၚအထိရာသီမေ႐ြးသြားလာလို႔ရေအာင္ ယခုႏွစ္ပိုင္းအတြင္းေကာင္းလာတယ္လို႔ဆိုပါတယ္။
ေတာင္သူေတြအားကိုးအားထားျပဳေနရတဲ့ ပန္းညိဳေတာကိုသစ္ေတာဌာနက
၂၀၀၄ႏွစ္မွာကာကြယ္ေတာအျဖစ္ကြင္းမဆင္းဘဲေျမပုံေထာက္သိမ္းခဲ့လို႔ဒုကၡပင္လယ္ေဝခဲ့ရတယ္လို႔ေျပာလာတဲ့ဦးလွမင္းက
” ၂၀၀၄ ခုႏွစ္က ေျမပုံေပၚမွာ မွင္ဝိုင္းသိမ္းလိုက္လို႔ စိုက္ခင္းေတြ ဥယ်ာဥ္ေတြ လယ္၊ ႐ြာ အကုန္ပါသြားတာ ၂၀၁၃ေလာက္မွာမွ ႐ြာနဲ႔လယ္ျပန္ရတယ္ က်န္တဲ့ကိုင္းေျမ ခုထိမရဘူး ေခ်ာင္းဟိုဘက္ကမ္းက ပုံစံ၇ ရတယ္ဒီဘက္ကမ္းကမရဘူး။ ဒီေတာဒီေတာင္ကို ဘိုးဘြားအစဥ္အဆက္မွီခိုေနရတာ သစ္ခိုးတယ္ဆိုတာသူမ်ားအိမ္ကပစၥည္းကိုခိုးသလိုခိုးလို႔ရတာမဟုတ္ဘူး တာဝန္ရွိသူေပးကမ္းၿပီးမွခိုးရတာေလ ဘုံမဝင္ စုံမဝင္ အိမ္သုံးအျခားသားေတာင္မေျပာဘဲလုပ္ၾကည့္ပါလား ကားသြားမယ္” လို႔ အသက္၅၅ႏွစ္ရွိၿပီျဖစ္တဲ့ ေညာင္ပင္သာ႐ြာသားဦးလွမင္းကေျပာပါတယ္၊
သစ္ေတာစိုက္ခင္းတည္ေထာင္ဘို႔ေျမေနရာေ႐ြးခ်ယ္ရာမွာ သစ္ေတာဌာနကစီမံခန႔္ခြဲမႈရွိတဲ့သစ္ေတာ ေျမျဖစ္ရၿပီး တစ္ဧကအတြင္းအဖိုးတန္အပင္ဆယ္ပင္ေအာက္ရွိရမယ္လို႔ သစ္ေတာဥပေဒမွာ ျပဌာန္းထားပါတယ္။
စိုက္ခင္းအတြက္ အုပ္ခ်ဳပ္စီမံဖို႔ ေရအစရွိတဲ့အရာေတြကိုထည့္သြင္းတြက္ခ်က္ၿပီး တိုင္းၫႊန္မႉးရဲ႕တင္ျပခ်က္နဲ႔ ျပည္ေထာင္စုဝန္ႀကီးကခြင့္ျပဳမွရတာလို႔ သစ္ေတာတာဝန္ရွိသူေတြက ေျဖရွင္းခ်က္ေပးပါတယ္။
ေဒသခံေတြကေတာ့ စိုက္ခင္းေတြဟာ မေအာင္ျမင္ဘူး သတ္မွတ္ခ်က္မျပည့္ဘူးလို႔စြပ္စြဲၾကေပမယ့္ မင္းတုန္းသစ္ေတာဦးစီးဌာနရဲ႕စိုက္ခင္းေဖၚေဆာင္ရာမွာတာဝန္ယူခဲ့ဘူးသူ တဦးျဖစ္တဲ့ ေတာအုပ္ဦးေဇာ္ေဇာ္ကေတာ့ စိုက္ခင္းစံႏႈန္းေတြအရေအာင္ျမင္တယ္လို႔ဆိုပါတယ္။
“ကြၽန္းစိုက္ခင္းနဲ႔ပတ္သက္လို႔ကေတာ့ သစ္ေတာဆိုင္ရာကိန္းဂဏန္းတြက္ခ်က္မႈ႕အရ အခုစိုက္ေနတာေတြ ေအာင္ျမင္ၿပီး ေဒသခံေတြအ ေနနဲ႔ေတာ့ ပဋိပကၡရွိတာေပါ့”လို႔
ေတာအုပ္ဦးေဇာ္ေဇာ္ကေျပာပါတယ္။
ေဒသခံေတြက ဒီသစ္ေတာအမွီျပဳၿပီး ထင္း၊ဝါး အိမ္သုံးသစ္ ႏြားတင္းကုတ္က အစရယူသုံးစြဲေနရသည့္အတြက္ သစ္ေတာစိုက္ခင္းတည္ေထာင္လိုက္ေတာ့မွ သူတို႔အတြက္ သစ္ေတာေပ်ာက္သေလာက္ျဖစ္သြားတာေၾကာင့္ ေဒသခံျပည္သူေတြ သစ္ေတာစိုက္ခင္းတည္ေထာင္တာကို သေဘာမက်တာျဖစ္တယ္ လို႔ သူက ဆိုပါတယ္။
လမ္းေတြေကာင္းလာတာေၾကာင့္သစ္ခိုးမႈမ်ားလာတယ္လို႔ေယ်ဘုယ်
အားျဖင့္ေျပာႏိုင္ေပမယ့္လည္း ဥပမာအားျဖင့္မင္းတုန္းၿမိဳ႕မွာ ရွိတဲ့ အိမ္တစ္သိန္းမွာ ဘယ္အိမ္ကသစ္ေတာဌာနခြင့္ျပဳတဲ့သစ္ အသုံးျပဳအိမ္လဲ စိစစ္ၾကည့္လိုက္ရင္ သိႏိုင္သလိုလူတိုင္းလႊမဆြဲတတ္တာေၾကာင့္ လႊဆြဲတတ္တဲ့သူဆီကဝယ္ရၿပီးအိမ္ေတြ ကို ပိုမိုေဆာက္လာၾကလို႔လဲျဖစ္ႏိုင္ေၾကာင္းသုံးသပ္ျပပါတယ္။
“အိမ္တစ္သိန္းမွာ အိမ္၈ဝ၀၀၀ က ခြင့္ျပဳသစ္မရွိဘူးဒါဘယ္ကရလဲ ဥပေဒအရမညႇာမတာေျပာရရင္ခိုးတာဘဲေလ ” လို႔သူကဆိုပါတယ္။
တကယ္ေတာ့ေနစရာမရွိလို႔ ေဆာက္ၾကရတာ အဓိကျဖစ္ၿပီး ျပည္သူလူထုစားဝတ္ေနေရးျဖည့္ဆည္းေပးရမယ္ဆိုတဲ့သစ္ေတာမူဝါဒ သစ္ေတာမွာရွိေၾကာင္းနဲ႔ အဲဒီမူဝါဒကို အေကာင္အထည္မေဖၚႏိုင္ရင္ ပဋိပကၡဆက္ရွိေနမွာျဖစ္တယ္လို႔ ဦးေဇာ္ေဇာ္က သုံးသပ္ေျပာဆိုပါတယ္။
“ေဒသဖြံ႕ၿဖိဳးေရးလုပ္ေတာ့ သစ္ေတာစိုက္ခင္းလမ္းမွ မဟုတ္ဘူး တျခားလမ္းေတြလည္း ေကာင္းလာတယ္။ လမ္းေတြေကာင္းတာကို မသမာသူေတြက လုံၿခဳံေရးဝန္ထမ္းနည္းတာအေၾကာင္းျပဳၿပီး အခြင့္
ေကာင္းယူေနတာျဖစ္တယ္” လို႔ တိုင္းလြတ္ေတာ္ကိုယ္စားလွယ္ဦးတင္ဝင္းက ဆိုပါတယ္။
“တေန႔ကဘဲ ည၁၂နာရီေက်ာ္ရင္ သစ္ကား၂စီးထြက္လာမယ္ သတင္းေပးထားလို႔ တာဝန္ရွိတဲ့သူေတြကိုေစာင့္ခိုင္းတာ သူတို႔က၁နာရီမထိုးခင္ျပန္ၾကတယ္။ ကားကထြက္လာၿပီး တစ္စီးကဘီးေပါက္တယ္။ က်န္တစ္စီးေပၚႏိုင္သေလာက္တင္ၿပီး မႏိုင္တဲ့သစ္ကိုမနီးမေဝးက ေတာထဲဖြက္ခဲ့တယ္။ မနက္က်ေနာ္႐ုံးလာေတာ့ ကားဘီးရာလတ္လတ္ဆပ္ဆပ္ေတြ႕လို႔ဝင္ၾကည့္ေတာ့ ကြၽန္းသစ္တစ္တန္ခြဲေလာက္ေတြ႕ရတယ္”လို႔ ေမွာင္ခိုသစ္ဖမ္းဆီးရာမွာ နာမည္ႀကီးတဲ့ ဦးတင္ဝင္းကသိပ္မၾကာေသးခင္က သူအေတြ႕အႀကဳံကိုျပန္ေျပာျပပါတယ္။
ဦးတင္ဝင္းဟာမင္းတုန္းမွာျပည္သူကသတင္းေပးတိုင္းဦးေဆာင္ဖမ္းေပးခဲ့သူတဦးျဖစ္ၿပီးေလးႏွစ္အတြင္းသူဖမ္းဆီးခဲ့တဲ့သစ္က တန္၅၀၀ေက်ာ္ခန႔္ရွိတယ္လို႔သူရဲ႕မွတ္စုမ်ားကို ကိုးကားၿပီး ေျပာပါတယ္။
ဌာနဆိုင္ရာေတြရဲ႕လုပ္သက္ေတြလူမႈ႕ဘဝကိုညႇာတာေနလို႔ သူဖမ္းရတဲ့သစ္ေတြဟာပိုင္ရွင္မဲ့ေနရတာလို႔ သူက ပြင့္ပြင့္လင္းလင္းေျပာပါတယ္။
“ဌာနဆိုင္ရာေတြဘက္က ဝန္ထမ္းအင္အားနည္း
တာ၊ရဲဝန္ထမ္းနည္း တာေတြကို လြတ္ေတာ္မွာ ထပ္တိုးခန႔္ထားေပးဘို႔ ေဒသအလိုက္တင္ျပမႈေတြေတာ့ ရွိေနၿပီး အဓိကေတာ့ ဌာနဆိုင္ရာေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ႕ပိုရရင္ ပိုေကာင္းမယ္လို႔ သူက ဆိုပါတယ္။
အရင္တုန္းက ေတာရိပ္ေတာင္ရိပ္ေတြနဲ႔ ရာသီဥတုမွ်တခဲ့တဲ့ မင္းတုန္းၿမိဳ႕နယ္ဟာ လက္ရွိအခ်ိန္မွာ ရာသီ ဥတုကေဖာက္ျပန္မႈေတြ ႀကဳံလာရတာေၾကာင့္ အခ်ိန္မွီထိန္းသိမ္းႏိုင္ဖို႔အတြက္ ပူးေပါင္းပါဝင္ၾကပါလို႔ အၿမဲတိုက္တြန္း ေနရတယ္လို႔သူက ဆက္ေျပာပါတယ္။
မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕၂၀၁၉/၂၀၂၀ စတုတၳ၁ႏွစ္တာလုပ္ငန္းမ်ားသတင္းစာရွင္းလင္းပြဲမွာ သစ္ေတာဌာနက သရက္ခ႐ိုင္အတြင္း ကြၽန္း၊သစ္မာနဲ႔ အျခားသစ္ စုစုေပါင္း၅၄၇ဒသမ ၄၀၄၈တန္ ဖမ္းမိခဲ့ရာမွာ မင္းတုန္းနယ္က အမ်ားဆုံးျဖစ္ေၾကာင္း တာဝန္ရွိသူတဦးက ေျပာခဲ့ပါတယ္။
စီးပြားျဖစ္ကြၽန္းစိုက္ခင္းစိုက္မယ္ဆိုရင္ ေဒသခံေတြနဲ႔ သစ္ေတာကို ဘိုးစဥ္ေဘာင္ဆက္အမွီျပဳေနထိုင္လာသူေတြကို ဘယ္ေနရာစိုက္မယ္၊မစိုက္ဖူးဆိုတာကို
ပြင့္လင္းျမင္သာစြာအရင္ခ်ျပသင့္ေၾကာင္း ပြင့္လင္းျမင္သာျဖစ္ဘို႔
လို အပ္ တယ္လို႔ မာတာအဖြဲ႕ရဲ႕EITI လုပ္ငန္းစဥ္မွာသဘာဝသယံဇာတ ပြင့္လင္းျမင္သာမႈစံႏႈန္း တိုင္းတာေရးေတြလုပ္ေနတဲ့ မင္းတုန္းေဒသခံဦးသိန္းေဇာ္ဦးက ေျပာပါတယ္။
” ရွိတဲ့သစ္ေတာႀကီးေတြကို ခုတ္လိုက္ေတာ့ သစ္ေတာတခုဆုံးရႈံးသြားတယ္ ေနာင္အခ်ိန္ပိုက္ဆံရတာတြက္ေျခကိုက္တာတပိုင္း လတ္တေလာဆုံးရႈံးသြားတဲ့သစ္ေတာေၾကာင့္ ေဂဟစနစ္ေတြ အျပင္ေတာကိုမွီေနရတဲ့ျပည္သူေတြဒုကၡေရာက္တာေပါ့
လက္ရွိကမာၻေရာ ျမန္မာေရာျဖစ္ခ်င္တဲ့ သစ္ေတာ ဖုံးလႊမ္းမႈ႕လဲေရာက္မသြားဘူး ကြၽန္ေတာ္တို႔ မိေအး ၂ခါနာ မျဖစ္ရေအာင္ေပါ့ သဘာဝသစ္ေတာႀကီးေတြရဲ႕စံတန္ဘိုးက်တယ္ ဒီနယ္ေျမထဲမွာဘဲဖုန္းဆိုး ေတာပ်က္ရွိတယ္အဲေနရာမ်ိဳးေတြဘာလို႔စိုက္ခင္းမလုပ္သလဲ သစ္ေတာစိုက္ခင္းတဧက ကုန္က်မႈ႕ႏႈန္းကို ေတာင္သူေတြေပးၿပီးစာခ်ဳပ္နဲ႔စိုက္ခိုင္းရင္ေတာင္ဒီေလာက္ဘ႑ာေငြမကုန္ဘူးေတာမကုန္ဘူး”လို႔
လို႔ MATA နဲ႔ လက္တြဲလုပ္ေဆာင္ေနတဲ့ ဦးသိန္းေဇာ္ဦးက အႀကံျပဳပါတယ္။
အေျပာင္ရွင္းသစ္ေတာစိုက္ခင္းေဖၚေဆာင္ေနတဲ့ စိုက္ကြက္ေတြမ်ားလာၿပီးထိုစိုက္ခင္းမ်ားနဲ႔ပတ္သက္ၿပီးလူဝင္လူထြက္မ်ားလာတာေတြ သစ္ေတာမူဝါဒအရ လူတိုင္းပါဝင္ႏိုင္ေရး ပြင့္လင္းျမင္သာမႈ႕ရွိျခင္းအစရွိတဲ့အခ်က္မ်ားကိုေအာက္ေျခအထိနားလည္ေအာင္မရွင္းလင္းမေဆာင္႐ြက္ႏိုင္ရင္ ေတာလည္းဆုံး ေငြလည္းဆုံး ျဖစ္မွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။
ေဒသခံ ဦးလွမင္းက အေနာက္႐ိုးမကေတာင္စြယ္မွာ ကြယ္ေပ်ာက္ေတာ့မယ့္ ေနလုံးလိေမၼာ္ေရာင္ႀကီးကို ၾကည့္ကာ သက္ျပင္းရွည္ႀကီးတခ်က္ခ်ၿပီး ေလပူေတြကို ဟူးကနဲမႈတ္ထုတ္ရင္း စိုးရိမ္စိတ္ကိုေျပာသြားပါေတာ့တယ္၊
“သစ္ခိုးထုတ္မႈေတြက ကြၽန္ေတာ္တို႔ရဲ႕ လူေနမႈဘဝကို ၿခိမ္းေျခာက္သလိုျဖစ္လာေနတာေပါ့ ဒီေတာ ဒီေတာင္ေတြ မရွိေတာ့ရင္ ကြၽန္ေတာ္တို႔ဘဝေတြလည္း ရွိေတာ့မွာမဟုတ္ပါဘူး”
#Voiceofmyanmar #VOM #သဘာဝပတ္ဝန္းက်င္ #သစ္ခိုးထုတ္မႈ