Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?

Covid and election

Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?

 

 

မန္တလေး၊စက်တင်ဘာ- ၁၄- ၂၀၂၀

ရှိုင်းအောင်(VOM)

 

၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနီးမှ Quarantine ဝင်ရခဲ့သည်ရှိသော် ရောဂါပိုးတွေ့ရှိခဲ့သော် ကြိုတင်မဲပေးခွင့်ရသူစာရင်းမှာ သေချာထည့်သွင်းမထားတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးနိုင်တာမို့ စိုးရိမ်မှုတွေရှိနေပါတယ်။

 

ဒီလို   စိုးရိမ်မှုတွေဖြေဖျောက်ဖို့ လူတိုင်မဲပေးခွင့် မဆုံးရှုံးအောင်Qurantine ဝင်နေတဲ့သူတွေနဲ့Positive လူနာတွေမဲပေးခွင့်ရအောင် ဘယ်လိုတွေစီစဉ်ထားသလဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကို  VOM က ဆက်သွယ်မေးမြန်းရာမှာတော့

“ Quarntine ဝင်နေတဲ့သူတွေမဲပေးခွင့်မဆုံးရှုံးအောင်သက်ဆိုင်ရာQurantine Center ကအဖွဲ့တွေ၊ရွေးကောက်ပွဲကော်မရှင်ကအဖွဲ့တွေ၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ကြီးကြပ်မှုတွေအောက်ကနေအန္တရာယ်မဖြစ်အောင်မဲပေးနိုင်ဖို့စီးစဥ်ထားပြီဖြစ်ပေမယ့်Positive လူနာတွေပါမဲပေူခွင့်မဆုံးရှုံရအောင်အသေးစိတ် ညှိနှိုင်းနေပြီဖြစ်တယ်” လို့ ဖြေပါတယ်။

 

လာမယ့်ရွေးကောက်ပွဲမှာလူတိုင်းလူတိုင်းမဲပေးခွင့်မဆုံးရှုံးဘဲနဲ့အန္တရာယ်ကင်းစွာမဲပေးနိုင်ဖို့၊မဲပေးတဲ့ဖြစ်စဥ်ကြောင့်ရောဂါကူးဆက်ပြန့်ပွားမှုပိုမိုမဆိုးရွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေဟာကျမတို့အဓိကရည်ရွက်ချက်၂ခုဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကထည့်သွင်းပြောကြားပါတယ်။

မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးရှိန်ဝင်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့

” ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကာလမှာQurantine ဝင်နေသူတွေကတော့ပုံစံ၃(က) နဲ့မဲပေးနိုင်မှာဖြစ်ပြီးPositive လူနာတွေအတွက်ကတော့မဲပေးနိုင်ဖို့မစီစဥ်ရသေးဘူး” လို့  VOM ကိုပြောပါတယ်။

 

လက်ရှိမှာတော့Q Center ကသူတွေကိုကြိုတင်မဲပေးနိုင်ဖို့စာရင်းကောက်ထားတာဖြစ်ပြီးမဲပေးမယ့်သူတွေကတော့ပုံစံ၃(က)နဲ့လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

 

“မူဆယ်ဘက်ကလာတာတို့မြဝတီဘက်ကလာတာတို့မန္တလေးမှာရှိတယ်လေနယ်တွေဘက်ကလာတာတို့ဆိုပေးမပြန်ဘဲနဲ့မန္တလေးကQ Center တွေမှာဝင်ခိုင်းတာဗျ၊အဲ့Q Center ကလူတွေစာရင်းကိုကျနော်တို့ကကောက်ခိုင်းတယ်၊ဥပမာအောင်မြေသာဇံကတက္ကသိုလ်တစ်ခုမှာQ Center ရှိတယ်ဆိုအဲ့ကလူတွေကအောင်မြေသာဇံမြို့နယ်ကိုစာရင်းပေးရမှာအဲ့မှာလူ၂၀၀ရှိတယ်ဆိုရင်အဲ့စာရင်းထဲမှာမြင်းခြံကပါမယ်တောင်သာကပါမယ်၊အဲ့လိုဆိုမူလမြင်းခြံတို့တောင်သာတို့ကမူလမဲစာရင်းတွေကိုဖျက်ပြီးသူတို့လက်ရှိရောက်ရှိနေတဲ့Q center ကနေသူတို့မဲပေးဖို့လုပ်နေပြီဆိုပြီး၃(ခ) နဲ့လှမ်းဖျက်မှာပါ”လို့မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။

 

Q Center ကလူတွေကမဲပေးဖို့လျှောက်ထားလာရင်သက်ဆိုင်ရာမြို့နယ်ကိုရွေးကောက်ပွဲကော်မရှင်ကနေပုံစံ၃ခနဲ့ပယ်ဖျက်ပြီးမိမိတို့ရောက်နေတဲ့မြို့နယ်ကQ Center ကနေမဲပေးနိုင်ဖို့စီစဥ်ထားတယ်လို့မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးရှိန်ဝင်းကပြောပါတယ်။

 

လက်ရှိမှာတော့Q Center ကလူတွေကိုမဲပေးနိုင်ဖို့စာရင်းကောက်ထားဆဲဖြစ်ပြီးသက်ဆိုင်ရာQ Center တွေမှာလျှို့ဝှက်မဲဆန္ဒပေးဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

Qurantine Centerမှာ နေရနိုင်တဲ့သူတွေက မဲမေးခွင့်မရမှာစိုးရိမ်တာရှိသလို မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေမှာလည်း စိုးရိမ်မှု အပြည့်ရှိနေပါတယ်။

 

 

၂၀၁၅အထွေထွေရွေးကောက်ပွဲတုန်းကမဲရုံတစ်ခုမှာတာဝန်ကျခဲ့ဘူးတဲ့အလယ်တန်းပြကျောင်းဆရာမတစ်ဦးကို၂၀၂၀အထွေထွေရွေးကောက်ပွဲမှာမဲရုံတာဝန်ကျခဲ့ရင်ကျန်းမာရေးဆိုင်ရာစိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီးVOM ကမေးမြန်းတဲ့အခါမှာတော့

” အခုCovid sevond wave ကပိုပြီးမြန်ဆန်တော့အပြီးသတ်နည်းနည်းလေးဝေးသွားလည်းရွေးကောက်ပွဲရက်ကနီးကပ်မှာဘဲလေမြို့ပေါ်ကျမယ်သူနဲ့နယ်မှာကျမယ့်ဆရာဆရာမတွေအတွက်ကပိုပြီးတော့အန္တရာယ်များတယ်၊နယ်မှာဆိုရင်တော့မဲရုံလုပ်မယ့်နေရာတွေမှာ၊Qurantine Center တွေမှာရှိကိုရှိနိုင်တယ်၊အဲ့ဒီတော့ မဲရုံတွေ၊Qurantine center တွေကိုလည်းပိုးသတ်ဆေးဖြန်းထားဖို့သင့်ပါတယ်။  ရောဂါအခံရှိတဲ့ဆရာဆရာမတွေအတွက်ကလည်းကျန်းမာရေးဆိုင်ရာစိုးရိမ်နေရတယ်။ နိုင်ငံတော်ကပေးတဲ့တာဝန်ဆိုတော့တာဝန်ကျရာတော့လုပ်ရမှာပါ”လို့ပြောပါတယ်။

 

မဲရုံစောင့်ရမယ့် ဆရာ၊ဆရာမတွေရဲ့ ကျမ္မာရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အစီအစဉ်တွေမှာတော့ နှာခေါင်းစည်း၊ လက်ဆေးရည်၊ လက်အိတ် ဆိုတာတွေ ပြင်ဆင်တယ်ဆိုတာလောက်ပဲ ကြားသိရပြီး တခြားအကြီးစားပြင်ဆင်မှုတော့ မသိရသေးပါဘူး။

 

စက်တင်ဘာလ၁၂ရက်နေ့အထိသက်ဆိုင်ရာမြို့နယ်တွေမှာQurantine ဝင်နေသူစာရင်းအရေအတွက်အရရန်ကုန်တိုင်း၆၂၃၁ဦး၊ဧရာဝတီတိုင်း၃၈၈၇ဦး၊မန္တလေးတိုင်း၃၂၄၄ဦး၊မွန်ပြည်နယ်၂၈၄၅ဦး၊ပဲခူးတိုင်း၂၇၈၉ဦး၊စစ်ကိုင်းတိုင်း၂၇၁၂ဦး၊မကွေးတိုင်း၂၇၀၆ဦး၊ရခိုင်ပြည်နယ်၂၄၇၄ဦး၊ကရင်ပြည်နယ်၂၂၂၀ဦး၊တနင်္သာရီတိုင်း၁၈၅၀ဦး၊ကချင်ပြည်နယ်၁၄၅၁ဦး၊နေပြည်တော်၁၄၅၀ဦး၊ရှမ်းပြည်နယ်တောင်ပိုင်း၁၁၃၈ဦး၊ရှမ်းပြည်နယ်မြောက်ပိုင်း၂၉၉ဦး၊ရှမ်းပြည်နယ်အရှေ့ပိုင်း၁၃၆ဦး၊ချင်းပြည်နယ်၂၄၅ဦး၊ကရင်ပြည်နယ်၈၅ဦးစုစုပေါင်းမြန်မာနိုင်ငံအတွင်းမှာQurantine ဝင်နေရသူ  ၃၅၇၆၂ဦးရှိနေပြီဖြစ်ပါတယ်။

 

ကိုဗစ်၁၉ရောဂါဟာရောဂါအခံရှိသူတွေမှာဖြစ်ပွားပါကပုံမှန်လူတွေထက်အခြေအနေပိုဆိုးပြီးပြင်းထန်းနိုင်တဲ့အပြင်အသက်သေဆုံးတဲ့အထိဖြစ်နိုင်တယ်လို့ဒေါက်တာခင်ခင်ကြီးကလည်းအသိပေးပြောဆိုထားပါတယ်။

 

အခုလက်ရှိမြန်မာနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ-၃၀၁၅ဦး၊ရောဂါပျောက်ဆုံးပြီးဆေးရုံဆင်းခွင့်ရသူ၆၉၉ဦး၊သေဆုံးလူနာ၂၄  ဦးအထိရှိလာနေပြီဖြစ်ပါတယ်။

 

#VOM #VoiceofMyanmar #ရွေးကောက်ပွဲ#Qurantine #COVID-19

#Positive

 

Zawgyi

Covid -19 ေၾကာင့္ Quarantine ဝင္ေနရသူေတြနဲ႔ မဲ႐ုံေစာင့္ရမယ့္ ပညာေရးဝန္ထမ္းေတြ ဘာစိုးရိမ္ေနၾကသလဲ ? သက္ဆိုင္ရာက ဘာေတြျပင္ၿပီးၿပီလဲ ?

မႏၲေလး၊ စက္တင္ဘာ- ၁၄- ၂၀၂၀
ရႈိင္းေအာင္(VOM)

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာက်င္းပမယ့္ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ပြဲနီးမွ Quarantine ဝင္ရခဲ့သည္ရွိေသာ္ ေရာဂါပိုးေတြ႕ရွိခဲ့ေသာ္ ႀကိဳတင္မဲေပးခြင့္ရသူစာရင္းမွာ ေသခ်ာထည့္သြင္းမထားတဲ့အတြက္ မဲေပးခြင့္ဆုံးရႈံးႏိုင္တာမို႔ စိုးရိမ္မႈေတြရွိေနပါတယ္။

ဒီလို စိုးရိမ္မႈေတြေျဖေဖ်ာက္ဖို႔ လူတိုင္မဲေပးခြင့္ မဆုံးရႈံးေအာင္ Qurantine ဝင္ေနတဲ့သူေတြနဲ႔ Positive လူနာေတြ မဲေပးခြင့္ရေအာင္ ဘယ္လိုေတြစီစဥ္ထားသလဲလို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကို VOM က ဆက္သြယ္ေမးျမန္းရာမွာေတာ့
“ Quarntine ဝင္ေနတဲ့ သူေတြ မဲေပးခြင့္မဆုံးရႈံးေအာင္ သက္ဆိုင္ရာ Qurantine Center ကအဖြဲ႕ေတြ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္က အဖြဲ႕ေတြ၊ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ႀကီးၾကပ္မႈေတြေအာက္ကေန အႏၲရာယ္မျဖစ္ေအာင္ မဲေပးႏိုင္ဖို႔ စီးစဥ္ထားၿပီျဖစ္ေပမယ့္ Positive လူနာေတြ ပါမဲေပူခြင့္မဆုံးရႈံရေအာင္ အေသးစိတ္ ညႇိႏႈိင္းေနၿပီျဖစ္တယ္” လို႔ ေျဖပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲမွာ လူတိုင္းလူတိုင္းမဲေပးခြင့္မဆုံးရႈံးဘဲနဲ႔ အႏၲရာယ္ကင္းစြာ မဲေပးႏိုင္ဖို႔၊ မဲေပးတဲ့ျဖစ္စဥ္ေၾကာင့္ ေရာဂါကူးဆက္ျပန႔္ပြားမႈ ပိုမိုမဆိုး႐ြားေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္ေတြဟာ က်မတို႔အဓိကရည္႐ြက္ခ်က္ ၂ ခုျဖစ္တယ္လို႔ လည္း ေဒါက္တာခင္ခင္ႀကီးက ထည့္သြင္းေျပာၾကားပါတယ္။

မႏၲေလးတိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးရွိန္ဝင္းကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့
” ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲကာလမွာ Qurantine ဝင္ေနသူေတြကေတာ့ ပုံစံ ၃ (က) နဲ႔မဲေပးႏိုင္မွာျဖစ္ၿပီး Positive လူနာေတြအတြက္ကေတာ့ မဲေပးႏိုင္ဖို႔ မစီစဥ္ရေသးဘူး ” လို႔ VOM ကို ေျပာပါတယ္။

လက္ရွိမွာေတာ့ Q Center က သူေတြကို ႀကိဳတင္မဲေပးႏိုင္ဖို႔စာရင္းေကာက္ထားတာျဖစ္ၿပီး မဲေပးမယ့္သူေတြကေတာ့ ပုံစံ ၃ (က)နဲ႔ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။

“မူဆယ္ဘက္ကလာတာတို႔ ျမဝတီဘက္ကလာတာတို႔ မႏၲေလးမွာရွိတယ္ေလ နယ္ေတြဘက္ကလာတာတို႔ဆို ေပးမျပန္ဘဲနဲ႔ မႏၲေလးက Q Center ေတြမွာ ဝင္ခိုင္းတာဗ်၊ အဲ့ Q Center က လူေတြစာရင္းကို က်ေနာ္တို႔က ေကာက္ခိုင္းတယ္၊ ဥပမာ ေအာင္ေျမသာဇံက တကၠသိုလ္တစ္ခုမွာ Q Center ရွိတယ္ဆို အဲ့ကလူေတြက ေအာင္ေျမသာဇံၿမိဳ႕နယ္ကို စာရင္းေပးရမွာ အဲ့မွာ လူ ၂၀၀ ရွိတယ္ဆိုရင္ အဲ့စာရင္းထဲမွာ ျမင္းၿခံက ပါမယ္ ေတာင္သာကပါမယ္၊ အဲ့လိုဆို မူလျမင္းၿခံတို႔ ေတာင္သာတို႔က မူလမဲစာရင္းေတြကိုဖ်က္ၿပီး သူတို႔လက္ရွိေရာက္ရွိေနတဲ့ Q center ကေန သူတို႔မဲေပးဖို႔လုပ္ေနၿပီဆိုၿပီး ၃ (ခ) နဲ႔ လွမ္းဖ်က္မွာပါ” လို႔ မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

Q Center က လူေတြက မဲေပးဖို႔ ေလွ်ာက္ထားလာရင္ သက္ဆိုင္ရာၿမိဳ႕နယ္ကို ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန ပုံစံ ၃ ခ နဲ႔ ပယ္ဖ်က္ၿပီး မိမိတို႔ေရာက္ေနတဲ့ ၿမိဳ႕နယ္က Q Center ကေန မဲေပးႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

လက္ရွိမွာေတာ့ Q Center က လူေတြကို မဲေပးႏိုင္ဖို႔ စာရင္းေကာက္ထားဆဲ ျဖစ္ၿပီး သက္ဆိုင္ရာ Q Center ေတြမွာ လွ်ိဳ႕ဝွက္မဲဆႏၵေပးဖို႔ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Qurantine Centerမွာ ေနရႏိုင္တဲ့သူေတြက မဲေမးခြင့္မရမွာစိုးရိမ္တာရွိသလို မဲ႐ုံေစာင့္ရမယ့္ ပညာေရးဝန္ထမ္းေတြမွာလည္း စိုးရိမ္မႈ အျပည့္ရွိေနပါတယ္။

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတုန္းက မဲ႐ုံတစ္ခုမွာ တာဝန္က်ခဲ့ဘူးတဲ့ အလယ္တန္းျပ ေက်ာင္းဆရာမတစ္ဦးကို ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲမွာ မဲ႐ုံတာဝန္က်ခဲ့ရင္ က်န္းမာေရးဆိုင္ရာ စိုးရိမ္ပူပန္မႈနဲ႔ပတ္သက္ၿပီး VOM က ေမးျမန္းတဲ့အခါမွာေတာ့
” အခု Covid sevond wave က ပိုၿပီးျမန္ဆန္ေတာ့ အၿပီးသတ္ နည္းနည္းေလးေဝးသြားလည္း ေ႐ြးေကာက္ပြဲရက္က နီးကပ္မွာဘဲေလ ၿမိဳ႕ေပၚက်မယ္သူနဲ႔ နယ္မွာက်မယ့္ ဆရာဆရာမေတြအတြက္က ပိုၿပီးေတာ့အႏၲရာယ္မ်ားတယ္၊ နယ္မွာဆိုရင္ေတာ့ မဲ႐ုံလုပ္မယ့္ေနရာေတြမွာ၊ Qurantine Center ေတြမွာ ရွိကိုရွိႏိုင္တယ္၊ အဲ့ဒီေတာ့ မဲ႐ုံေတြ၊ Qurantine center ေတြကိုလည္း ပိုးသတ္ေဆးျဖန္းထားဖို႔သင့္ပါတယ္။ ေရာဂါအခံရွိတဲ့ ဆရာဆရာမေတြအတြက္ကလည္း က်န္းမာေရးဆိုင္ရာ စိုးရိမ္ေနရတယ္။ ႏိုင္ငံေတာ္က ေပးတဲ့တာဝန္ဆိုေတာ့ တာဝန္က်ရာေတာ့ လုပ္ရမွာပါ” လို႔ ေျပာပါတယ္။

မဲ႐ုံေစာင့္ရမယ့္ ဆရာ၊ဆရာမေတြရဲ႕ က်မၼာေရးအတြက္ ႀကိဳတင္ျပင္ဆင္တဲ့ အစီအစဥ္ေတြမွာေတာ့ ႏွာေခါင္းစည္း၊ လက္ေဆးရည္၊ လက္အိတ္ ဆိုတာေတြ ျပင္ဆင္တယ္ဆိုတာေလာက္ပဲ ၾကားသိရၿပီး တျခားအႀကီးစားျပင္ဆင္မႈေတာ့ မသိရေသးပါဘူး။

စက္တင္ဘာလ ၁၂ ရက္ေန႔အထိ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ Qurantine ဝင္ေနသူစာရင္းအေရအတြက္အရ ရန္ကုန္တိုင္း ၆၂၃၁ ဦး၊ ဧရာဝတီတိုင္း ၃၈၈၇ ဦး၊ မႏၲေလးတိုင္း ၃၂၄၄ ဦး၊ မြန္ျပည္နယ္ ၂၈၄၅ ဦး၊ ပဲခူးတိုင္း ၂၇၈၉ ဦး၊ စစ္ကိုင္းတိုင္း ၂၇၁၂ ဦး၊ မေကြးတိုင္း ၂၇၀၆ ဦး၊ ရခိုင္ျပည္နယ္ ၂၄၇၄ ဦး၊ ကရင္ျပည္နယ္ ၂၂၂၀ ဦး၊ တနသၤာရီတိုင္း ၁၈၅၀ ဦး၊ ကခ်င္ျပည္နယ္ ၁၄၅၁ ဦး၊ေနျပည္ေတာ္ ၁၄၅၀ ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္း ၁၁၃၈ ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ၂၉၉ ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း ၁၃၆ ဦး၊ ခ်င္းျပည္နယ္ ၂၄၅ ဦး၊ ကရင္ျပည္နယ္ ၈၅ ဦး စုစုေပါင္း ျမန္မာႏိုင္ငံအတြင္းမွာ Qurantine ဝင္ေနရသူ ၃၅၇၆၂ ဦးရွိေနၿပီျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ေရာဂါဟာ ေရာဂါအခံရွိသူေတြမွာျဖစ္ပြားပါက ပုံမွန္လူေတြထက္ အေျခအေနပိုဆိုးၿပီး ျပင္းထန္းႏိုင္တဲ့အျပင္ အသက္ေသဆုံးတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးကလည္း အသိေပး ေျပာဆိုထားပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ-၃၀၁၅ ဦး၊ေရာဂါေပ်ာက္ဆုံးၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၆၉၉ ဦး၊ ေသဆုံးလူနာ ၂၄ ဦး အထိ ရွိလာေနၿပီျဖစ္ပါတယ္။

#VOM #VoiceofMyanmar #ေ႐ြးေကာက္ပြဲ #Qurantine #COVID-19
#Positive

Related posts

Leave a Comment

VOM News

FREE
VIEW