ပလက်ဝမှာ တစ်ရက်၂ ရက်အတွင်း စားသောက်ကုန်ဈေးခုန်တက်နေတဲ့အတွက် ဝယ်ယူဖို့မလွယ်

ပလက်ဝမှာ တစ်ရက်၂ ရက်အတွင်း စားသောက်ကုန်ဈေးခုန်တက်နေတဲ့အတွက် ဝယ်ယူဖို့မလွယ်

ပလက်၀ ၊ စက်တင်ဘာ ၁၄ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)

ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် ကြားက ပလက်ဝမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်း ကုန်စည်ဝင်ရောက်မှု ရပ်တန့်သွားတဲ့အတွက် ဒီကနေ့ ( စက်တင်ဘာ ၁၄ )မှာ စားသောက်ကုန်အမျိုးမျိုးနဲ့ လောင်စာဆီဝယ်ယူဖို့ ခက်ခဲသွားပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

“ ဒီရက်ပိုင်းမှာ ကုန်စည်ဝင်ရောက်တာက မရှိသလောက်ဖြစ်သွားတယ် ၊ ဘာကြောင့် မဝင်တာလဲဆိုတော့ ကျောက်တော်ဖက် လမ်းပိုင်းကလဲ ကိုဗစ် အတွက်နဲ့ရော ၊ လုံခြုံရေးအတွက်နဲ့ပါ ပိတ်ထားတယ် ၊ နောက်ပြီး ကုန်စည်ပို့ဆောင်ရေး ကားတွေကလဲ အရင်ကတည်းက အရဲစွန့်ပြီးလာရတာလေ ၊ ပိုးတွေ့လူနာများလာတဲ့အတွက်လည်းဖြစ်နိုင်သလို၊ လုံခြုံရေးအရလည်း ကုန်ကားတွေ မလာတာဖြစ်နိုင်တယ် ” လို့ ပလက်ဝဒေသခံ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်မှု မရှိပေမယ့် အခြေခံစားသုံးကုန်ဖြစ်တဲ့ ဆန် ၊ ဆီ ၊ဆား ၊ ကြက်သွန် နဲ့ ပဲမျိုးစုံ စတဲ့ ကုန်စည်တွေ ပြတ်လပ်နေတဲ့အတွက် ရောင်းချပေးနိုင်ခြင်း မရှိသလို ဝယ်ယူလိုသူတွေအနေနဲ့လည်း ဝယ်ယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

“ မနေ့က တနင်္ဂနွေနေ့ဆိုတော့ ဈေးသွားမဝယ်ဖြစ်ခဲ့ဘူး ၊ ဘုရားကျောင်းသွားနေလို့ပေါ့ ၊ ဒီမနက် ဈေးသွားတယ် ၊ အခါတိုင်းစားနေကြဆန်က တပိုင်း(တစ်တင်းခွဲ)ကို လေးသောင်း ခုနှစ်ထောင် နဲ့ ဝယ်ရတယ် ၊ အခုဟာက ငါးသောင်းခွဲကျော်တယ် ၊ တစ်သောင်းနီးပါး ဈေးတက်သွားတယ် ၊ ဒါတောင် အလွယ်တကူ ဝယ်မရဘူး၊ မျှတပေးခိုင်းရတဲ့ သဘောလိုပါပဲ ” လို့ ပလက်ဝမြို့မှာ ကျန်းမာရေးတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပလက်ဝဒေသ မြို့မီးလင်းရေးကိစ္စမှာ လောင်စာဆီ(ဒီဇယ်)သုံး စနစ်နဲ့ ဓာတ်အားထုတ်လုပ်နေရတာဖြစ်ပြီး ညစဉ် ၇ နာရီကနေ ၁၀ နာရီအထိ တစ်ညကို ၃ နာရီ အချိန်ကြာ ဓာတ်အားဖြန့်ဝေပေးရတာလည်းဖြစ်ပါတယ်။

အဲ့ဒီ ဓာတ်အားစက်ရုံသုံး လောင်စာဆီ ပြတ်လပ်ပြီး စက်တင်ဘာ ၁၁ ရက်ကစလို့ ဓာတ်အားဖြန့်ဖြူပေးနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ပလက်ဝဒေသမှာ တိုက်ပွဲရှောင်စခန်း ၄ ခုရှိပြီး တိုက်ပွဲရှောင် ပြည်သူတွေရဲ့ စားဝတ်နေရေးမှာလည်း ခက်ခဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

#vpoiceofmyanmar #VOM #ပလက်ဝ

Zawgyi

ပလက္ဝမွာ တစ္ရက္၂ ရက္အတြင္း စားေသာက္ကုန္ေစ်းခုန္တက္ေနတဲ့အတြက္ ဝယ္ယူဖို႔မလြယ္

ပလက္၀ ၊ စက္တင္ဘာ ၁၄ ၊ ၂၀၂၀
ကိုတိုးႀကီး (VOM)

ခ်င္းျပည္နယ္ နဲ႔ ရခိုင္ျပည္နယ္ ျကားက ပလက္ဝၿမိဳ႕မွာ စက္တင္ဘာ ၁၀ ရက္ေန႔ ေနာက္ပိုင္း ကုန္စည္ဝင္ေရာက္မႈ ရပ္တန႔္သြားတဲ့အတြက္ ဒီကေန႔ ( စက္တင္ဘာ ၁၄ )မွာ စားေသာက္ကုန္အမ်ိဳးမ်ိဳးနဲ႔ ေလာင္စာဆီဝယ္ယူဖို႔ ခက္ခဲသြားၿပီလို႔ ပလက္၀ေဒသခံေတြဆီကေန သိရပါတယ္။

“ ဒီရက္ပိုင္းမွာ ကုန္စည္ဝင္ေရာက္တာက မရွိသေလာက္ျဖစ္သြားတယ္ ၊ ဘာေၾကာင့္ မဝင္တာလဲဆိုေတာ့ ေက်ာက္ေတာ္ဖက္ လမ္းပိုင္းကလဲ ကိုဗစ္ အတြက္နဲ႔ေရာ ၊ လုံၿခဳံေရးအတြက္နဲ႔ပါ ပိတ္ထားတယ္ ၊ ေနာက္ၿပီး ကုန္စည္ပို႔ေဆာင္ေရး ကားေတြကလဲ အရင္ကတည္းက အရဲစြန႔္ၿပီးလာရတာေလ ၊ ပိုးေတြ႕လူနာမ်ားလာတဲ့အတြက္လည္းျဖစ္ႏိုင္သလို၊ လုံၿခဳံေရးအရလည္း ကုန္ကားေတြ မလာတာျဖစ္ႏိုင္တယ္ ” လို႔ ပလက္၀ေဒသခံ ကုန္စုံဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာပါတယ္။

လူသုံးကုန္ပစၥည္းေတြ ျပတ္လပ္မႈ မရွိေပမယ့္ အေျခခံစားသုံးကုန္ျဖစ္တဲ့ ဆန္ ၊ ဆီ ၊ဆား ၊ ၾကက္သြန္ နဲ႔ ပဲမ်ိဳးစုံ စတဲ့ ကုန္စည္ေတြ ျပတ္လပ္ေနတဲ့အတြက္ ေရာင္းခ်ေပးႏိုင္ျခင္း မရွိသလို ဝယ္ယူလိုသူေတြအေနနဲ႔လည္း ဝယ္ယူဖို႔ ခက္ခဲေနတယ္လို႔ သိရပါတယ္။

“ မေန႔က တနဂၤေႏြေန႔ဆိုေတာ့ ေဈးသြားမဝယ္ျဖစ္ခဲ့ဘူး ၊ ဘုရားေက်ာင္းသြားေနလို႔ေပါ့ ၊ ဒီမနက္ ေဈးသြားတယ္ ၊ အခါတိုင္းစားေနၾကဆန္က တပိုင္း(တစ္တင္းခြဲ)ကို ေလးေသာင္း ခုႏွစ္ေထာင္ နဲ႔ ဝယ္ရတယ္ ၊ အခုဟာက ငါးေသာင္းခြဲေက်ာ္တယ္ ၊ တစ္ေသာင္းနီးပါး ေဈးတက္သြားတယ္ ၊ ဒါေတာင္ အလြယ္တကူ ဝယ္မရဘူး၊ မွ်တေပးခိုင္းရတဲ့ သေဘာလိုပါပဲ ” လို႔ ပလက္ဝၿမိဳ႕မွာ က်န္းမာေရးတာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ပလက္ဝေဒသ ၿမိဳ႕မီးလင္းေရးကိစၥမွာ ေလာင္စာဆီ(ဒီဇယ္)သုံး စနစ္နဲ႔ ဓာတ္အားထုတ္လုပ္ေနရတာျဖစ္ၿပီး ညစဥ္ ၇ နာရီကေန ၁၀ နာရီအထိ တစ္ညကို ၃ နာရီ အခ်ိန္ၾကာ ဓာတ္အားျဖန႔္ေ၀ေပးရတာလည္းျဖစ္ပါတယ္။

အဲ့ဒီ ဓာတ္အားစက္႐ုံသုံး ေလာင္စာဆီ ျပတ္လပ္ၿပီး စက္တင္ဘာ ၁၁ ရက္ကစလို႔ ဓာတ္အားျဖန႔္ျဖဴေပးႏိုင္ျခင္း မရွိဘူးလို႔လည္း သိရပါတယ္။

ဒါ့အျပင္ ပလက္ဝေဒသမွာ တိုက္ပြဲေရွာင္စခန္း ၄ ခုရွိၿပီး တိုက္ပြဲေရွာင္ ျပည္သူေတြရဲ႕ စားဝတ္ေနေရးမွာလည္း ခက္ခဲမႈေတြရွိေနတယ္လို႔ သိရပါတယ္။

#vpoiceofmyanmar #VOM #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW