နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံထားရ

နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံထားရ

နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်က အထူးကုဆရာဝန်တစ်ဦးနဲ့ မေ့ဆေးဆရာဝန်တစ်ဦး အပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

“ဟုတ်ပါတယ်။ မေ့ဆေးဆရာဝန်တစ်ဦးနဲ့ အထူးကုဆရာဝန်တစ်ဦးပါ။ သူတို့ မိသားစုဝင်တွေပါ ရောဂါပိုးကူးစက်ခံရပါတယ်။ သူတို့နဲ့ ထိစပ်နေတဲ့ ဆရာဝန်တွေ ဆရာမတွေ နောက်ကျန်တဲ့သူတွေကို Quarantine ထားပြီး ဆေးစစ်ပါတယ်။တော်တော်များများကတော့ Negative ပါပဲ။ ကူးစက်ခံရတာ ၅ ဦးလောက်ရှိမယ်ဗျ”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)မှ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာအရေအတွက်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၃၀ ဦးထိရှိနေပြီး သူတို့နဲ့ ထိစပ်ခဲ့သူဦးရေဟာ ၄၀၀ ဦးလောက်ရှိတယ်လို့လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

အဲ့ဒီလို ထိစပ်ခဲ့မိတဲ့သူတွေကို ဆေးရုံတွေ၊ ဟိုတယ်တွေနဲ့ Quarantine စင်တာတွေမှာ ထားရှိပြီး အာခေါင်၊ နှာခေါင်း တို့ဖတ် နာမှုနာ (Swab)ရယူ ဆေးစစ်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။

နေပြည်တော်ကို ဝင်လာမယ့် မည်သူမဆို ကိုယ့်စရိတ်ကိုယ် Quarantine ဝင်ရမှာဖြစ်ပြီး Swab စစ်ဆေးမှုကုန်ကျစရိတ်ကိုလည်း ကိုယ်တိုင်ကျခံရမှာဖြစ်တယ်လို့ စက်တင်ဘာလ ၂ ရက်နေ့က အမိန့်ကြေညာစာ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိ နေပြည်တော်ကိုဝင်လာတဲ့ လူဦးရေ ၁၃၀၀ လောက်ကတော့ Q စင်တာတွေမှာ ဆေးစစ်မှုခံယူနေတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်ပိုးတွေ့လူနာဟာ ဒီကနေ့ မနက်ပိုင်းအထိ ၃၀၁၅ ဦးရှိပြီး သေဆုံးလူနာ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေနျပည္ေတာ္က အထူးကုဆရာဝန္တစ္ဦးနဲ႔ ေမ႔ေဆးဆရာဝန္တစ္ဦး ကိုဗစ္ကူးစက္ခံထားရ

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၄-၂၀၂၀
ကိုလတ္ (VOM)

ေနျပည္ေတာ္က အထူးကုဆရာဝန္တစ္ဦးနဲ႔ ေမ႔ေဆးဆရာဝန္တစ္ဦး အပါအ၀င္ သူတို႔ရဲ႕ မိသားစုဝင္ေတြမွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရတယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

“ဟုတ္ပါတယ္။ ေမ႔ေဆးဆရာ၀န္တစ္ဦးနဲ႔ အထူးကုဆရာဝန္တစ္ဦးပါ။ သူတို႔ မိသားစုဝင္ေတြပါ ေရာဂါပိုးကူးစက္ခံရပါတယ္။ သူတို႔နဲ႔ ထိစပ္ေနတဲ႔ ဆရာဝန္ေတြ ဆရာမေတြ ေနာက္က်န္တဲ႔သူေတြကို Quarantine ထားၿပီး ေဆးစစ္ပါတယ္။ေတာ္ေတာ္မ်ားမ်ားကေတာ႔ Negative ပါပဲ။ ကူးစက္ခံရတာ ၅ ဦးေလာက္ရွိမယ္ဗ်”လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန(ေနျပည္ေတာ္)မွ တိုင္းဦးစီးဌာနမႉး ေဒါက္တာျမတ္၀ဏၰစိုးက ေျပာပါတယ္။

ေနျပည္ေတာ္မွာ ကိုဗစ္ပိုးေတြ႕ရွိတဲ့ လူနာအေရအတြက္ဟာ စက္တင္ဘာလ ၁၄ ရက္ေန႔အထိ ၃၀ ဦးထိရွိေနၿပီး သူတို႔နဲ႔ ထိစပ္ခဲ႔သူဦးေရဟာ ၄၀၀ ဦးေလာက္ရွိတယ္လို႔လည္း ေဒါက္တာျမတ္၀ဏၰစိုးက ေျပာပါတယ္။

အဲ႔ဒီလို ထိစပ္ခဲ႔မိတဲ႔သူေတြကို ေဆး႐ုံေတြ၊ ဟိုတယ္ေတြနဲ႔ Quarantine စင္တာေတြမွာ ထားရွိၿပီး အာေခါင္၊ ႏွာေခါင္း တို႔ဖတ္ နာမႈနာ (Swab)ရယူ ေဆးစစ္မႈေတြျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္ကို ဝင္လာမယ္႔ မည္သူမဆို ကိုယ္႔စရိတ္ကိ္ုယ္ Quarantine ဝင္ရမွာျဖစ္ၿပီး Swab စစ္ေဆးမႈကုန္က်စရိတ္ကိုလည္း ကိုယ္တိုင္က်ခံရမွာျဖစ္တယ္လို႔ စက္တင္ဘာလ ၂ ရက္ေန႔က အမိန္႔ေၾကညာစာ ထုတ္ျပန္ထားခဲ႔တာျဖစ္ပါတယ္။

လက္ရွိ ေနျပည္ေတာ္ကို၀င္လာတဲ႔ လူဦးေရ ၁၃၀၀ ေလာက္ကေတာ႔ Q စင္တာေတြမွာ ေဆးစစ္မႈခံယူေနတယ္လို႔ ေဒါက္တာျမတ္၀ဏၰစိုးက ေျပာပါတယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ကိုဗစ္ပိုးေတြ႕လူနာဟာ ဒီကေန႔ မနက္ပိုင္းအထိ ၃၀၁၅ ဦးရွိၿပီး ေသဆုံးလူနာ၂၄ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW