နယ်စပ်အနီး မြန်မာစစ်ရေးလှုပ်ရှားမှု သံအမတ်ကြီးကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

နယ်စပ်အနီး မြန်မာစစ်ရေးလှုပ်ရှားမှု သံအမတ်ကြီးကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

ဒါကာ၊ စက်တင်ဘာ-၁၄-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ နယ်စပ်အနီးမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

နယ်စပ်အနီး လှေတွေပေါ်မှာ မြန်မာစစ်ဘက်ရဲ့သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို စက်တင်ဘာ ၁၃ ရက်မနက်ပိုင်းကတည်းက ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

နယ်စပ်တစ်လျှောက် လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်စာပေးခဲ့တယ်လို့ဆိုပါတယ်။

နယ်စပ်အနီး မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Md Delwar Hossain ပြောဆိုခဲ့ပါတယ်။

ကျူးကျော်ရန်စတဲ့ လုပ်ရပ်မှန်သမျှကိုရပ်တန့်ဖို့နဲ့ နှစ်နိုင်ငံအကြား ဘယ်လိုပြဿနာကိုမဆိုဖြေရှင်းရေးရာမှာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို သူကတိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီးနောက် နယ်စပ်တစ်လျှောက်မှာ တပ်ဖွဲ့ဝင်တွေကို မြန်မာဘက်က ချထားပါတယ်။ လက်ရှိအချိန်မှတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာဘင်္ဂါလီဒုက္ခသည်တစ်သန်းကျော် ခိုလှုံနေကြပါတယ်။

Ref :Dhaka Tribune
Photo: AFP
#voiceofmyanmar #VOM #ဒါကာ

Zawgyi

နယ္စပ္အနီး ျမန္မာစစ္ေရးလႈပ္ရွားမႈ သံအမတ္ၾကီးကိုဆင္႔ေခၚျပီး ဘဂၤလားေဒ႔ရွ္ကန္႔ကြက္

ဒါကာ၊ စက္တင္ဘာ-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္နဲ႔ထိစပ္ေနတဲ႔ နယ္စပ္အနီးမွာ ျမန္မာစစ္တပ္ရဲ႕ စစ္ေရးလႈပ္ရွားမႈေတြနဲ႔ပတ္သက္ျပီး ဘဂၤလားေဒ႔ရွ္နုိင္ငံျခားေရး၀န္ၾကီးဌာနက ျမန္မာသံမတ္ၾကီး ဦးေအာင္ေက်ာ္မိုးကို ဆင္႔ေခၚျပီး ကန္႔ကြက္လိုက္တာျဖစ္ပါတယ္။

နယ္စပ္အနီး ေလွေတြေပၚမွာ ျမန္မာစစ္ဘက္ရဲ႕သံသယျဖစ္ဖြယ္လႈပ္ရွားမႈေတြကို စက္တင္ဘာ ၁၃ ရက္မနက္ပိုင္းကတည္းက ေထာက္လွမ္းေတြ႔ရိွခဲ႔တယ္လို႔ ဘဂၤလားေဒ႔ရွ္အေျခစိုက္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

နယ္စပ္တစ္ေလွ်ာက္ လႈပ္ရွားမႈေတြနဲ႔ပတ္သက္ျပီး ဘဂၤလားေဒ႔ရွ္နုိင္ငံျခားေရး၀န္ၾကီးဌာနဟာ ျမန္မာသံအမတ္ၾကီးကို ဆင္႔ေခၚျပီး ကန္႔ကြက္စာေပးခဲ႔တယ္လို႔ဆိုပါတယ္။

နယ္စပ္အနီး ျမန္မာစစ္တပ္ရဲ႕ လႈပ္ရွားမႈေတြနဲ႔ပတ္သက္ျပီး စိုးရိမ္ပူပန္ေၾကာင္း ျမန္မာသံအမတ္ၾကီးကို ဘဂၤလားေဒ႔ရွ္နိုင္ငံျခားေရး ၀န္ၾကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ Md Delwar Hossain ေျပာဆိုခဲ႔ပါတယ္။

က်ဴးေက်ာ္ရန္စတဲ႔ လုပ္ရပ္မွန္သမွ်ကိုရပ္တန္႔ဖို႔နဲ႔ နွစ္နိုင္ငံအၾကား ဘယ္လိုျပႆနာကိုမဆိုေျဖရွင္းေရးရာမွာ ေဆြးေႏြးမႈေတြျပဳလုပ္ဖို႔ ျမန္မာအာဏာပို္င္ေတြကို သူကတိုက္တြန္းလိုက္ပါတယ္။

ရခုိင္ျပည္နယ္မွာ ၂၀၁၇ ခုနွစ္အတြင္း နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ျပီးေနာက္ နယ္စပ္တစ္ေလွ်ာက္မွာ တပ္ဖြဲ႔၀င္ေတြကို ျမန္မာဘက္က ခ်ထားပါတယ္။ လက္ရိွအခ်ိန္မွေတာ႔ ဘဂၤလားေဒ႔ရွ္နိုင္ငံ ေကာ႔ဘဇားေဒသက ဒုကၡသည္စခန္းေတြမွာဘဂၤါလီဒုကၡသည္တစ္သန္းေက်ာ္ ခိုလႈံေနၾကပါတယ္။

Ref :Dhaka Tribune
Photo: AFP
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW