ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စံချိန်သစ်တင်

ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စံချိန်သစ်တင်

ဂျီနီဗာ၊ စက်တင်ဘာ-၁၄-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူမှာ စံချိန်သစ်တင်သွားပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၃၀၇၉၃၀ ဦးထိရှိနေပါတယ်။

ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း တစ်နေ့တည်း ၅၅၀၀ ကျော်ထိမြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း သေဆုံးသူဟာ ၉၁၇၄၁၇ ဦးထိရှိလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကူးစက်မှုအများဆုံးနိုင်ငံတွေကတော့ အိန္ဒိယ၊ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာတစ်ဝန်းမှာ ရောဂါကူးစက်ခံရသူ ၂၈ သန်းကျော်ရှိပြီး ဒီထဲကတစ်ဝက်ကတော့ အမေရိကား ကဖြစ်ပါတယ်။

၂၄ နာရီအတွင်း ကူးစက်မှုအမြင့်ဆုံးစံချိန်ကတော့ စက်တင်ဘာ ၆ ရက်ကဖြစ်ပြီး တစ်နေ့တာအတွင်း ၃၀၆၈၅၃ ဦးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၃ ရက် တစ်နေ့တည်းမှာပင် ရောဂါကူးစက်ခံရသူဟာ အိန္ဒိယမှာ ၉၄၃၇၂ ဦးရှိပြီး အမေရိကန်မှာ ၄၅၅၂၃ ဦး၊ ဘရာဇီးနိုင်ငံမှာတော့ ၄၃၇၁၈ ဦးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

တစ်ရက်တာအတွင်းသေဆုံးမှုကတော့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ လူ ၁၀၀၀ ကျော်ထိ စံချိန်တင်ခဲ့ပြီး ဘရာဇီးနိုင်ငံမှာတော့ ၈၇၄ ဦးရှိခဲ့ပါတယ်။

Ref : BBC
Photo: Hindustan Times
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi


မျိုးဆက် (VOM)







Ref : BBC
Photo: Hindustan Times

Related posts

Leave a Comment

VOM News

FREE
VIEW