မော်လမြိုင်က ကိုဗစ်ပိုးတွေ့လူနာသုံးဦးထဲမှာ နှစ်ဦးက ရောဂါပိုးရှိသူနဲ့ ဆက်စပ်မှုမသိလို့ ကွင်းဆက်ပျောက်

Mawlamyaing

မော်လမြိုင်က ကိုဗစ်ပိုးတွေ့လူနာသုံးဦးထဲမှာ နှစ်ဦးက ရောဂါပိုးရှိသူနဲ့ ဆက်စပ်မှုမသိလို့ ကွင်းဆက်ပျောက်

စက်တင်ဘာ ၁၅-၂၀၂၀
ကောင်းလက်ျာ((VOM)

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ထဲမှာ စက်တင်ဘာ ၁၄ ရက်နေ့ညက ကိုရို နာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ အမျိုးသမီးသုံးဦးမှာ နှစ်ဦးက
ရောဂါပိုးရှိသူနှင့်ထိတွေ့မှု ပျောက်ဆုံး နေတာကြောင့် စုံစမ်းနေတယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဒုတိယ ကျန်းမာရေးဦးစီးမှူးဒေါက်တာ ဝတ်မှုံက ပြောပါတယ်။

“သုံးဦး သတင်းထွက်နေတာ မဟုတ်ပါဘူး။ နှစ်ယောက်ကတော့ ကွန်တက်ပါစင် ပျောက်နေတယ်။ လက်တလောတော့ အဲဒီ ၃ယောက်နဲ့ထိတွေ့မိသူ၃၀ကျော်ကို စောင့်ကြည့်စခန်းတွေမှာ ပို့ထားပြီးဖြစ်ပါတယ်” လို့ ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်တွေအရ မော်လမြိုင်မြို့နယ်ရွှေတောင်ရပ်မှ အမျိုးသမီးတစ်ဦး၊ စစ်ကဲကုန်းရပ်နေ အမျိုးသမီး နှစ်ဦးဖြစ်ပြီးတစ်ဦးမှာ ရောဂါပို‌းတွေ့လူနာတစ်ဦးနဲ့အိမ်နီးချင်း ဖြစ်ပေမယ့် ကျန်နှစ်ဦးက ပိုးတွေ့လူနာနဲ့ထိတွေမှု မရှိဘူးလို့သိရပါတယ်။

အဲဒီအမျိုးသမီးသုံးဦးဟာ မော်လမြိုင်မြို့နယ် Fever Clinic ဆေးခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လာရောက်ပြသခဲ့ရာက ကိုဗစ်သံသယနဲ့ကွာရီတင်မ်းမှာထားရှိပြီး နှာခေါင်းတို့ဖတ်အာခေါင် တို့ဖတ် နမူနာယူ စစ်ဆေးခဲ့ချိန် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာလို့စုံစမ်း သိရပါတယ်။

ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှအပ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ကိုဗစ်ပိုးတွေ့လူနာ ၃၂၉၉ ရှိနေပြီး သေဆုံးသူဦးရေ ၃၂ ဦးရှိလာတာကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင်မြို့ကြီးတွေမှာ လူအဝင်အထွက် ကန့်သတ်ထားပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင် #ကိုဗစ်

Zawgyi

ေမာ္လၿမိဳင္က ကိုဗစ္ပိုးေတြ႕လူနာသုံးဦးထဲမွာ ႏွစ္ဦးက ေရာဂါပိုးရွိသူနဲ႔ ဆက္စပ္မႈမသိလို႔ ကြင္းဆက္ေပ်ာက္

စက္တင္ဘာ ၁၅-၂၀၂၀
ေကာင္းလက္်ာ((VOM)

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕နယ္ထဲမွာ စက္တင္ဘာ ၁၄ ရက္ေန႔ညက ကို႐ို နာဗိုင္းရပ္စ္ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့တဲ့ အမ်ိဳးသမီးသုံးဦးမွာ ႏွစ္ဦးက
ေရာဂါပိုးရွိသူႏွင့္ထိေတြ႕မႈ ေပ်ာက္ဆုံး ေနတာေၾကာင့္ စုံစမ္းေနတယ္လို႔ မြန္
ျပည္နယ္ က်န္းမာေရးဦးစီးဌာန ျပည္နယ္ ဒုတိယ က်န္းမာေရးဦးစီးမႉးေဒါက္တာ ဝတ္မႈံက ေျပာပါတယ္။

“သုံးဦး သတင္းထြက္ေနတာ မဟုတ္ပါဘူး။ ႏွစ္ေယာက္ကေတာ့ ကြန္တက္ပါစင္ ေပ်ာက္ေနတယ္။ လက္တေလာေတာ့ အဲဒီ ၃ေယာက္နဲ႔ထိေတြ႕မိသူ၃၀ေက်ာ္ကို ေစာင့္ၾကည့္စခန္းေတြမွာ ပို႔ထားၿပီးျဖစ္ပါတယ္” လို့ ေဒါက္တာ ဝတ္မႈံက ေျပာပါတယ္။

စက္တင္ဘာ ၁၄ ရက္ေန႔ည ထုတ္ျပန္ခ်က္ေတြအရ ေမာ္လၿမိဳင္ၿမိဳ႕နယ္ေ႐ႊေတာင္ရပ္မွ အမ်ိဳးသမီးတစ္ဦး၊ စစ္ကဲကုန္းရပ္ေန အမ်ိဳးသမီး ႏွစ္ဦးျဖစ္ၿပီးတစ္ဦးမွာ ေရာဂါပို‌းေတြ႕လူနာတစ္ဦးနဲ႔အိမ္နီးခ်င္း ျဖစ္ေပမယ့္ က်န္ႏွစ္ဦးက ပိုးေတြ႕လူနာနဲ႔ထိေတြမႈ မရွိဘူးလို႔သိရပါတယ္။

အဲဒီအမ်ိဳးသမီးသုံးဦးဟာ ေမာ္လၿမိဳင္ၿမိဳ႕နယ္ Fever Clinic ေဆးခန္းကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လာေရာက္ျပသခဲ့ရာက ကိုဗစ္သံသယနဲ႔ကြာရီတင္မ္းမွာထားရွိၿပီး ႏွာေခါင္းတို႔ဖတ္အာေခါင္ တို႔ဖတ္ နမူနာယူ စစ္ေဆးခဲ့ခ်ိန္ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့တာလို႔စုံစမ္း သိရပါတယ္။

က်န္မာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဒီေန႔နံနက္ ၈ နာရီ ထုတ္ျပန္ခ်က္အရ ကယားျပည္နယ္မွအပ က်န္ျပည္နယ္နဲ႔တိုင္းေတြမွာ ကိုဗစ္ပိုးေတြ႕လူနာ ၃၂၉၉ ရွိေနၿပီး ေသဆုံးသူဦးေရ ၃၂ ဦးရွိလာတာေၾကာင့္ ရန္ကုန္၊ မႏၲေလး အပါအဝင္ၿမိဳ႕ႀကီးေတြမွာ လူအဝင္အထြက္ ကန႔္သတ္ထားၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေမာ္လၿမိဳင္ #ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW