အာမခံမရတဲ့ပုဒ်မတွေနဲ့ မိထ္ထီလာ ဗကသကျောင်းသားတွေကို ရဲတပ်ဖွဲ့ကဖမ်း

အာမခံမရတဲ့ပုဒ်မတွေနဲ့ မိထ္ထီလာ ဗကသကျောင်းသားတွေကို ရဲတပ်ဖွဲ့ကဖမ်း မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၀ ဟိန်းကို(VOM) မိထ္ထီလာတက္ကသိုလ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသား၂ဦးကို ရခိုင်အရေးအတွက် စတစ်ကာကမ်ပိန်းပြုလုပ်တဲ့အတွက် ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အာမခံမရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က/ခ)နဲ့ တရားစွဲဆိုထားတယ်လို့ ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။ ” ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ကိစ္စကို ရပ်ဖို့နဲ့ ဖက်ဆစ်စစ်တပ်အလိုမရှိ စတဲ့ စာသားတွေပါတဲ့ စတစ်ကာကမ်ပိန်းကို သူတို့က မိထ္ထီလာမှာလုပ်တယ်၊ အဲ့ကိစ္စနဲ့ပတ်သက်ပြီး မိထ္ထီလာ ထွေအုပ်ကနေ စတစ်ကာကမ်ပိန်းမှာပါဝင်တဲ့ကျောင်းသားတွေကို ၅၀၅ နဲ့ တရားစွဲတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ အစိုးရကိုမပြောချင်ဘူး စစ်အုပ်စုကို တည့်ပြောချင်တာ၊ စစ်အုပ်စုက သူ့ရဲ့အကျိုးစီးပွားကို ထိခိုက်လာပြီဖြစ်တဲ့အတွက် ဒီလို ကျောင်းသားမရွေး၊ ပြည်သူမရွေး လိုက်ဖမ်းဆီးမယ်၊ ထောင်ချမယ်။ သူတို့ကိုဆန့်ကျင်သူတွေကို ဖိနှိပ်တဲ့အသွင်သဏ္ဍန်ဆောင်လာပါပြီ၊ သူတို့ကို ဘယ်လိုနည်းမျိုးနဲ့မဆို ဆန့်ကျင်နေပါစေ သူတို့ကလည်း နည်းမျိုးစုံနဲ့ပြန်ပြီး ဖိနှိပ်နေတဲ့ပုံစံပါပဲ ဖိလည်းဖိနှိပ်နေပါတယ်၊ လက်ရှိ…

Read More

ရွေးကောက်ပွဲရွေ့ဆိုင်းလိုက်ရင် နိုင်ငံရေး အကြပ်အတည်းဖြစ်လာနိုင်

ရွေးကောက်ပွဲရွေ့ဆိုင်းလိုက်ရင် နိုင်ငံရေး အကြပ်အတည်းဖြစ်လာနိုင် ရန်ကုန်၊ စက်တင်ဘာ ၁၅-၂၀၂၀ သူရိန်(VOM) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွေ့ဆိုင်းလိုက်မယ်ဆိုပါက နိုင်ငံရေးအကြပ်အတည်းဖြစ်လာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ လက်ရှိ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ကိုဗစ်ရောဂါအ‌ခြေအနေများကြောင့် ရွေ့ဆိုင်းသင့်တယ်လို့ နိုင်ငံရေးပါတီတချို့က ထုတ်ပြန်ကြေညာနေတဲ့အပေါ် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ” အခုလိုရွေးကောက်ပွဲကိုရွေ့ဆိုင်းဖို့ တောင်းဆိုနေတာတွေရှိတယ်ဆိုတာ ကျွန်တော်တို့သတိထားမိပါတယ်။ ဒီရွေးကောက်ပွဲရွေ့ဆိုင်းခြင်းအားဖြင့် ကျွန်တော်တို့ဘယ်အချိန်ကာလမှာ ကိုဗစ်ကို ထိန်းချုပ်နိုင်မယ်ဆိုတာ ပညာရှင်တွေကိုယ်တိုင်မပြောနိုင်သေးပါဘူး။ ကျန်နေတဲ့ တစ်လခွဲကာလမှာ ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ငန်းတခုကို ပြီးအောင်လုပ်လိုက်ရင် ရွေးကောက်ပွဲရွှေ့ဆိုင်းတဲ့အချိန်ကြာလာရင် လွှတ်တော်အသစ် နဲ့ အဟောင်းကြား အာဏာအလွဲအပြောင်းအကြား အာဏာလွဲပြောင်းဖို့အတွက် အခက်အခဲတွေဖြစ်မယ်ဆိုရင် နိုင်ငံရေး အကြပ်အတည်းဖြစ်လာပါလိမ့်မယ်။ နိုင်ငံရေးအကြပ်အတည်းအပြင် ကိုဗစ်ကြောင့်ဖြစ်လာတဲ့ ကျန်းမာရေး ၊ စီးပွားရေး အခက်အခဲတွေပါ ထပ်ဆင့်ဖြစ်လာရင် နိုင်ငံမှာပါပိုပြီးအကျပ်အတည်းဖြစ်လာလိမ့်မယ် ။ ကိုဗစ် ၁၉ ဟာ နိုင်ငံရွေးကောက်ပွဲထိခိုက်နိုင်လောက်တဲ့ အခြေအနေမရှိဘူး။…

Read More

မော်လမြိုင်က ကိုဗစ်ပိုးတွေ့လူနာသုံးဦးထဲမှာ နှစ်ဦးက ရောဂါပိုးရှိသူနဲ့ ဆက်စပ်မှုမသိလို့ ကွင်းဆက်ပျောက်

Mawlamyaing

မော်လမြိုင်က ကိုဗစ်ပိုးတွေ့လူနာသုံးဦးထဲမှာ နှစ်ဦးက ရောဂါပိုးရှိသူနဲ့ ဆက်စပ်မှုမသိလို့ ကွင်းဆက်ပျောက် စက်တင်ဘာ ၁၅-၂၀၂၀ ကောင်းလက်ျာ((VOM) မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ထဲမှာ စက်တင်ဘာ ၁၄ ရက်နေ့ညက ကိုရို နာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ အမျိုးသမီးသုံးဦးမှာ နှစ်ဦးက ရောဂါပိုးရှိသူနှင့်ထိတွေ့မှု ပျောက်ဆုံး နေတာကြောင့် စုံစမ်းနေတယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဒုတိယ ကျန်းမာရေးဦးစီးမှူးဒေါက်တာ ဝတ်မှုံက ပြောပါတယ်။ “သုံးဦး သတင်းထွက်နေတာ မဟုတ်ပါဘူး။ နှစ်ယောက်ကတော့ ကွန်တက်ပါစင် ပျောက်နေတယ်။ လက်တလောတော့ အဲဒီ ၃ယောက်နဲ့ထိတွေ့မိသူ၃၀ကျော်ကို စောင့်ကြည့်စခန်းတွေမှာ ပို့ထားပြီးဖြစ်ပါတယ်” လို့ ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်တွေအရ မော်လမြိုင်မြို့နယ်ရွှေတောင်ရပ်မှ အမျိုးသမီးတစ်ဦး၊ စစ်ကဲကုန်းရပ်နေ အမျိုးသမီး နှစ်ဦးဖြစ်ပြီးတစ်ဦးမှာ ရောဂါပို‌းတွေ့လူနာတစ်ဦးနဲ့အိမ်နီးချင်း ဖြစ်ပေမယ့် ကျန်နှစ်ဦးက ပိုးတွေ့လူနာနဲ့ထိတွေမှု မရှိဘူးလို့သိရပါတယ်။ အဲဒီအမျိုးသမီးသုံးဦးဟာ မော်လမြိုင်မြို့နယ်…

Read More

ကိုဗစ်-၁၉ စိုးရိမ်မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်က ရွှေလီမြို့ကို လော့ခ်ဒေါင်းချ

ကိုဗစ်-၁၉ စိုးရိမ်မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်က ရွှေလီမြို့ကို လော့ခ်ဒေါင်းချ ရွှေလီ၊ စက်တင်ဘာ-၁၅-၂၀၂၀ မျိုးဆက် (VOM) တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူအနည်းငယ်ကို တွေ့ရှိပြီးနောက် မြို့ကို တရုတ်အာဏာပိုင်တွေက အဝင်အထွက်ပိတ် လော့ခ်ဒေါင်းချလိုက်ပြီး အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်စစ်ဆေးမယ့် အစီအစဉ်ကို လုပ်ဆောင်မယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ အဓိကနယ်စပ်ဖြတ်ကူးတဲ့ဂိတ်ရှိရာ ယူနန်ပြည်နယ်အနောက်ပိုင်း ရွှေလီမြို့မှာ ကိုဗစ်-၁၉ ကူးစက်သူ သုံးဦးကို တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ မိမိတို့နေအိမ်မှာပဲနေထိုင်ကြဖို့နဲ့ စက်တင်ဘာ ၁၄ ရက်ညနေပိုင်းကစပြီး မြို့အဝင်အထွက်ကို ပိတ်သွားမယ်လို့ ရွှေလီအာဏာပိုင်တွေက စက်တင်ဘာ ၁၅ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ မြို့မှာရှိတဲ့ လူနှစ်သိန်းတစ်သောင်းကျော်ကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ စူပါမားကက်၊ ဆေးဆိုင်တွေနဲ့ အစားအသောက်ရောင်းချတဲ့ဆိုင်တွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေကို ပိတ်သိမ်းထားရမှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုဟာ…

Read More

ပေါင်မြို့မှာ ကန်စွန်းရွက်ဆင်းခူးရာကနေ မိသားစု ၃ ဦးရေနစ်‌သေဆုံး

ပေါင်မြို့မှာ ကန်စွန်းရွက်ဆင်းခူးရာကနေ မိသားစု ၃ ဦးရေနစ်‌သေဆုံး နေပြည်တော်၊ စက်တင်ဘာ ၁၅-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာအုပ်စု၊ ကျိုက်ပွန်းကျေးရွာအနီးက ရေပေးမြောင်းတစ်ခုမှာ ကန်စွန်းရွက်ဆင်းခူးတဲ့ မိသားစုဝင်သုံးဦး စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရေနစ်သေဆုံးခဲ့တယ်လို့ မုတ္တမနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ရွှေခိုင်က ပြောပြ ပါတယ်။ ” အိမ်ကထွက်သွားတာ ပြန်မလာကြလို့ မိသားစုဝင်တွေက ‌လိုက်သွားမှ မြောင်းဘေးမှာ တောင်းလေးတွေတွေ့ရတာပါ။ ရေကူးကျွမ်းကျင်သူတွေ ဆင်းငုတ်ကြမှ ရေနစ်သေဆုံးနေတဲ့ အလောင်းသုံးလောင်းလုံးပြန်ရတယ်။ မျက်မြင်မရှိတော့ နစ်လို့ဆင်းကယ်ရင်းဖြစ်တာ လား။ ရေဆင်းချိုးရင်းဖြစ်တာလားမသိရဘူး” လို့ ရဲအုပ်ရွှေခိုင်က ပြောပါတယ်။ ရေနစ်သေဆုံးခဲ့ကြတဲ့ သင်းသင်းထွေး(၃၀ နှစ်)၊ တူမဖြစ်သူ ကေခိုင်မိုး(၁၃ နှစ်)နဲ့ သမီးဖြစ်သူ အေးသင်းစိုး(၈ နှစ်)တို့ဟာ ကန်စွန်းရွက်ခူးသွားကြရာကနေ အိမ်ကို ပြန်ရောက်မလာတဲ့အတွက် လိုက်လံရှာဖွေကြရာမှ အခင်းဖြစ်နေရာက တူးမြောင်းအကျယ်၂၅ ပေ၊…

Read More

မွန်ပြည်နယ်မှာ ပါတီကြီးလေးခု နေရာအပြည့်အားအပြည့်နဲ့ပြိုင်ကြမယ်

မွန်ပြည်နယ်မှာ ပါတီကြီးလေးခု နေရာအပြည့်အားအပြည့်နဲ့ပြိုင်ကြမယ်   Voice Of Myanmar   မွန်ပြည်နယ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က မဲဆန္ဒနယ်အကုန် ကိုယ်စားလှယ်လောင်း ၄၅ယောက်ဆီနဲ့ ယှဉ်ပြိုင်ကြမှာပါ။   ဒေသခံပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့ ၃၅နေရာြပိုင်မှာဖြစ်ပြီးတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ဗမာပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီစတဲ့ ပါတီ ၁၇ခုက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦး စုစုပေါင်း ၃၀၂ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။   မွန်ပြည်နယ်မှာလူဦးရေး ၂သန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၁၇ သိန်း ၆သောင်းကျော်ရှိတယ်လို့  ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်၊   #voiceofmyanmar #VOM #မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Zawgyi မွန်ပြည်နယ်မှာ ပါတီကြီးလေးခု နေရာအပြည့်အားအပြည့်နဲ့ပြိုင်ကြမယ် Voice Of Myanmar မွန်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊…

Read More

ရခိုင်ပြည်နယ်မဲဆန္ဒနယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၃ပုံ ၁ပုံလောက်သာ အလားအလာကောင်း

ရခိုင်ပြည်နယ်မဲဆန္ဒနယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၃ပုံ ၁ပုံလောက်သာ အလားအလာကောင်း စစ်တွေ၊ စက်တင်ဘာ ၁၅- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မှာ လာမယ့်နိုဝင်ဘာလ ၈ ရက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကျင်းပဖို့ အချိန်နီးကပ်လာတာနဲ့အတူ တစ်ဖက်မှာလည်း ဒေသအခြေအနေတွေမတည်ငြိမ်မှုတွေရှိနေတာကြောင့် ပြည်နယ်တွင်း မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ရခိုင်နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေက သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာနိုင်ဖို့ အလားလာတွေနဲ့ ပတ်သက်ပြီး ခန့်မှန်းရခက်တယ်လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။ ” ဦးဇော်ဌေးပြောပြတဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင် ကော်မရှင်ကပဲ ဆုံးဖြတ်နိုင်တာဖြစ်တဲ့အတွက် ပြည်ထဲရေးကလည်း အချက်အလက်တွေယူတယ်။ နောက်ပြီး မြို့နယ်အုပ်ချုပ်ရေးဦးဌာနကလည်းယူတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းယူတယ်ဆိုတော့ သူ့စကားမှာလည်း ပါပါတယ်။ လွတ်လွတ်ကင်းကင်းနဲ့ တစ်မြို့နယ်လုံး ရွေးကောက်ပွဲဖြစ်နိုင်တာက (၅) မြို့နယ်လောက်ပဲဖြစ်နိုင်တယ်လို့ ပြောထားတယ်။ ဆိုတော့…

Read More

မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဒေါ်လာသန်း ၁၅၀ အမေရိကန်က ကူညီမယ်

မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဒေါ်လာသန်း ၁၅၀ အမေရိကန်က ကူညီမယ် ဝါရှင်တန်၊ စက်တင်ဘာ ၁၅-၂၀၂၀ မျိုးဆက် (VOM) မြန်မာနဲ့ ထိုင်းနိုင်ငံအအပါအဝင် အရှေ့တောင်အာရှိ မဲခေါင်ဒေသ ၅ နိုင်ငံရဲ့ စီးပွားရေးပြန်လည် ဖွံ့ဖြိုးရေးကူညီဖို့အတွက် ဒေါ်လာသန်း ၁၅၀ ရန်ပုံငွေပေးမယ်လို့ အမေရိကန်က ကတိပြုပြောဆိုလိုက်ပါတယ်။ မကြာသေးမီက ဖွဲ့စည်းလိုက်တဲ့ မဲခေါင်-အမေရိကန် မိတ်ဖက်အစီအစဉ်ရဲ့ ပထမဆုံးအကြိမ် ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၁ ရက်မှာ အွန်လိုင်းကနေတစ်ဆင့်ကျင်းပပြီးနောက် ကူညီရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီရန်ပုံငွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးတွေ ပြန်လည်ဖွဲ့ဖြိုးဖို့အတွက် မဲခေါင်ဒေသနိုင်ငံတွေကို ကူညီဖို့ရည်ရွယ်ထားပြီး ရန်ပုံငွေဟာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်သလိုမျိုး အခြားစီမံကိန်းတွေကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ မဲခေါင်ဒေသနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာမှာ အဓိကကျတဲ့…

Read More

ရန်ကုန်တိုင်းမှာ ပါတီ၄၁ခုနဲ့ တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း  ၉၅၀ ပြိုင်ကြမယ်

Yangon division

ရန်ကုန်တိုင်းမှာ ပါတီ၄၁ခုနဲ့ တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း  ၉၅၀ ပြိုင်ကြမယ်   Voice Of Myanmar   ရန်ကုန်တိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့က နယ်ကုန်ယှဉ်ကြမှာဖြစ်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ တယောက်လိုနဲ့ ယှဉ်ပြိုင်မှာဖြစ်သလို ပါတီ ၄၁ခု တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း  ၉၅၀ ပြိုင်ကြမှာဖြစ်တဲ့အတွက်အားပြိုင်မှု အကောင်းဆုံး တိုင်းဒေသကြီးတခုဖြစ်ပါတယ်။   ရန်ကုန်တိုင်းက မြို့နယ်၄၅မြို့နယ်မှာဒီပါတီကြီးတွေအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချပ်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူ့ဘောင်သစ်ပါတီ၊ အမျိုးသားညီညွတ်ရေးဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ အမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ အမျိားသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ။ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့အင်အားပါတီ၊ လူထုပါတီ၊ ခေတ်သူပြည်သူ့ပါတီ၊ ကရင်ပြည့်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…

Read More

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုဝင်ဘာလမှာ အသုံးပြုနိုင်ဖွယ်ရှိ

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုဝင်ဘာလမှာ အသုံးပြုနိုင်ဖွယ်ရှိ ပေကျင်း၊ စက်တင်ဘာ ၁၅-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ နိုဝင်ဘာလအစောပိုင်းမှာ အများပြည်သူအသုံးပြုဖို့ အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၄ မျိုးကို နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီထဲက ကာကွယ်ဆေး ၃ မျိုးကို ဇူလိုင်လမှာ စတင်တဲ့ အရေးပေါ်အသုံးပြုမှုအစီအစဉ်တစ်ရပ်အောက်မှာ မရှိမဖြစ်လိုအပ်တဲ့လူတွေကို ထိုးနှံပေးခဲ့ပါတယ်။ အဆင့်သုံးစမ်းသပ်မှုတွေကို ချောချောမွေ့မွေ့ဆက်လက်လုပ်ဆောင်နေပြီး နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလမှာ အများပြည်သူအတွက် ကာကွယ်ဆေးအသင့်ဖြစ်နေနိုင်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ဇီဝလုံခြုံမှုဆိုင်ရာကျွမ်းကျင်သူ ကွေကျန်ဝူက စက်တင်ဘာ ၁၄ ရက်နှောင်းပိုင်းကပြုလုပ်တဲ့ နိုင်ငံပိုင်ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ရပ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း ဧပြီလအတွင်းမှာ ကိုယ်တိုင်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့ပြီးနောက် မကြာသေးမီလတွေအတွင်း…

Read More
VOM News

FREE
VIEW