ရွေးကောက်ပွဲရွေ့ဆိုင်းလိုက်ရင် နိုင်ငံရေး အကြပ်အတည်းဖြစ်လာနိုင်

ရွေးကောက်ပွဲရွေ့ဆိုင်းလိုက်ရင် နိုင်ငံရေး အကြပ်အတည်းဖြစ်လာနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၅-၂၀၂၀
သူရိန်(VOM)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွေ့ဆိုင်းလိုက်မယ်ဆိုပါက နိုင်ငံရေးအကြပ်အတည်းဖြစ်လာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

လက်ရှိ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ကိုဗစ်ရောဂါအ‌ခြေအနေများကြောင့် ရွေ့ဆိုင်းသင့်တယ်လို့ နိုင်ငံရေးပါတီတချို့က ထုတ်ပြန်ကြေညာနေတဲ့အပေါ် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

” အခုလိုရွေးကောက်ပွဲကိုရွေ့ဆိုင်းဖို့ တောင်းဆိုနေတာတွေရှိတယ်ဆိုတာ ကျွန်တော်တို့သတိထားမိပါတယ်။ ဒီရွေးကောက်ပွဲရွေ့ဆိုင်းခြင်းအားဖြင့် ကျွန်တော်တို့ဘယ်အချိန်ကာလမှာ ကိုဗစ်ကို ထိန်းချုပ်နိုင်မယ်ဆိုတာ ပညာရှင်တွေကိုယ်တိုင်မပြောနိုင်သေးပါဘူး။ ကျန်နေတဲ့ တစ်လခွဲကာလမှာ ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ငန်းတခုကို ပြီးအောင်လုပ်လိုက်ရင် ရွေးကောက်ပွဲရွှေ့ဆိုင်းတဲ့အချိန်ကြာလာရင် လွှတ်တော်အသစ် နဲ့ အဟောင်းကြား အာဏာအလွဲအပြောင်းအကြား အာဏာလွဲပြောင်းဖို့အတွက် အခက်အခဲတွေဖြစ်မယ်ဆိုရင် နိုင်ငံရေး အကြပ်အတည်းဖြစ်လာပါလိမ့်မယ်။ နိုင်ငံရေးအကြပ်အတည်းအပြင် ကိုဗစ်ကြောင့်ဖြစ်လာတဲ့ ကျန်းမာရေး ၊ စီးပွားရေး အခက်အခဲတွေပါ ထပ်ဆင့်ဖြစ်လာရင် နိုင်ငံမှာပါပိုပြီးအကျပ်အတည်းဖြစ်လာလိမ့်မယ် ။ ကိုဗစ် ၁၉ ဟာ နိုင်ငံရွေးကောက်ပွဲထိခိုက်နိုင်လောက်တဲ့ အခြေအနေမရှိဘူး။ ကျန်းမာရေးပညာ ရှင် ၊ တာဝန်ရှိတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေ ဆုံးဖြတ်ရမှာပါ။ သူတို့ဆုံးဖြတ်လာရင် အဖွဲ့ချုပ်ကလည်း လိုက်နာမှာပါ”လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုရွေ့ဆိုင်းပေးဖို့အတွက် စက်တင်ဘာ ၁၄ ရက်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက သဘောထားထုတ်ပြန်ချက်ထုတ်ခဲ့သလို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့ပါတယ်။

” အခုဆိုရင် ကျွန်မတို့တွေ့နေရတယ်။ အင်အားကြီးပါတီတွေရဲ့ လူအုပ်စုကြီးတွေနဲ့ အင်မတန်များပြားတဲ့ လူဦးရေတွေနဲ့ မဲဆွယ်နေတာကိုတွေ့နေရတယ်။ နိုင်ငံတော်အတိုင်ပင်ခံကလည်းပြောထားတယ်၊ ကူးစက်မှုနှုန်းက တစ်မြို့နယ်မှာ သုံးယောက်ရှိရင် Stay at home သတ်မှတ်မယ်ဆိုရင် တစ်နိုင်ငံလုံးကမြို့နယ်တွေမှာ သုံးယောက်အထက်ရှိနေပြီ။ အဲ့ဒီလိုအခြေအနေမှာ ရန်ကုန် ၊ ရခိုင်ပဲ Stay at Home ရှိတယ် ။ ကျန်းမာရေးဌာနကထုတ်တဲ့ အမိန့်ကန့်သတ်ချက်တွေလည်းကျော်နေတော့ အစိုးရအနေနဲ့ရော ၊ နိုင်ငံရေးပါတီတွေရော ၊ ကော်မရှင်ကရော ကြပ်ကြပ်မတ်မတ်အရေးယူဆောင်ရွက်သင့်တယ်”လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နှင်းနှင်းမွှေးကပြောပါတယ်။

ဒါ့အပြင် ပြည်သူရှေ့ဆောင်ပါတီ(PPP)ကလည်း ကိုဗစ်ရောဂါကူးစက်မှုမြှင့်တက်နေချိန် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အခုလိုရွေးကောက်ပွဲရွှေ့ဆိုင်းဖို့တောင်းဆိုနေကြတာနဲ့ပတ်သက်ပြီး အင်းအားကြီးပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့် ပြောပြတာကတော့ “ကျနော် တို့ပြောထားပြီးသားပါ။ ဘယ်သူမှမပြောခင်ထဲက ပြည်ခိုင်ဖြိုးကပြောထားပြီးသား၊ ပြည်သူတွေအသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး။ တကယ်လို့ပြည်သူတွေရဲ့ ကျန်းမာရေးအရ စိုးရိမ်ဖွယ်ရာကောင်းတဲ့အနေအထားဖြစ်တယ် ပိုပြီးတော့ထိခိုက်နစ်နာမှုတွေများနိုင်တယ်ဆိုရင် ရွေးကောက်ပွဲကို ရွှေ့ဖို့စဉ်းစားသင့်တယ်။ ခုလည်း အဲ့ဒီသဘောထားပါပဲ။ ကော်မရှင်ကဆုံးဖြတ်ရမှာပါ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးပါတီတချို့ကနေ နိုင်ငံတော်မှာ အမျိုးသားရေးအန္တရာယ်ဖြစ်တဲ့ COVID-19 ကပ်ရောဂါ အရှိန်မြှင့်ကူးစက်ပြန့်ပွားနေခြင်းနဲ့ ဆက်နွယ်နေတဲ့ အခြေအနေတွေကြောင့် နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကိုဗစ် #ရွေးကောက်ပွဲ #ရွှေ့ဆိုင်းဖို့ #နိုင်ငံရေးပါတီအချို့တောင်းဆို

Zawgyi

ေ႐ြးေကာက္ပြဲေ႐ြ႕ဆိုင္းလိုက္ရင္ ႏိုင္ငံေရး အၾကပ္အတည္းျဖစ္လာႏိုင္

ရန္ကုန္၊ စက္တင္ဘာ ၁၅-၂၀၂၀
သူရိန္(VOM)

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ေ႐ြ႕ဆိုင္းလိုက္မယ္ဆိုပါက ႏိုင္ငံေရးအၾကပ္အတည္းျဖစ္လာႏိုင္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကေျပာပါတယ္။

လက္ရွိ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲကို ကိုဗစ္ေရာဂါအ‌ေျခအေနမ်ားေၾကာင့္ ေ႐ြ႕ဆိုင္းသင့္တယ္လို႔ ႏိုင္ငံေရးပါတီတခ်ိဳ႕က ထုတ္ျပန္ေၾကညာေနတဲ့အေပၚ အခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

” အခုလိုေ႐ြးေကာက္ပြဲကိုေ႐ြ႕ဆိုင္းဖို႔ ေတာင္းဆိုေနတာေတြရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔သတိထားမိပါတယ္။ ဒီေ႐ြးေကာက္ပြဲေ႐ြ႕ဆိုင္းျခင္းအားျဖင့္ ကြၽန္ေတာ္တို႔ဘယ္အခ်ိန္ကာလမွာ ကိုဗစ္ကို ထိန္းခ်ဳပ္ႏိုင္မယ္ဆိုတာ ပညာရွင္ေတြကိုယ္တိုင္မေျပာႏိုင္ေသးပါဘူး။ က်န္ေနတဲ့ တစ္လခြဲကာလမွာ ကြၽန္ေတာ္တို႔လုပ္သင့္လုပ္ထိုက္တဲ့ ႏိုင္ငံေရးလုပ္ငန္းတခုကို ၿပီးေအာင္လုပ္လိုက္ရင္ ေ႐ြးေကာက္ပြဲေ႐ႊ႕ဆိုင္းတဲ့အခ်ိန္ၾကာလာရင္ လႊတ္ေတာ္အသစ္ နဲ႔ အေဟာင္းၾကား အာဏာအလြဲအေျပာင္းအၾကား အာဏာလြဲေျပာင္းဖို႔အတြက္ အခက္အခဲေတြျဖစ္မယ္ဆိုရင္ ႏိုင္ငံေရး အၾကပ္အတည္းျဖစ္လာပါလိမ့္မယ္။ ႏိုင္ငံေရးအၾကပ္အတည္းအျပင္ ကိုဗစ္ေၾကာင့္ျဖစ္လာတဲ့ က်န္းမာေရး ၊ စီးပြားေရး အခက္အခဲေတြပါ ထပ္ဆင့္ျဖစ္လာရင္ ႏိုင္ငံမွာပါပိုၿပီးအက်ပ္အတည္းျဖစ္လာလိမ့္မယ္ ။ ကိုဗစ္ ၁၉ ဟာ ႏိုင္ငံေ႐ြးေကာက္ပြဲထိခိုက္ႏိုင္ေလာက္တဲ့ အေျခအေနမရွိဘူး။ က်န္းမာေရးပညာ ရွင္ ၊ တာဝန္ရွိတဲ့ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က တာဝန္ရွိသူေတြ ဆုံးျဖတ္ရမွာပါ။ သူတို႔ဆုံးျဖတ္လာရင္ အဖြဲ႕ခ်ဳပ္ကလည္း လိုက္နာမွာပါ”လို႔ ေဒါက္တာမ်ိဳးၫြန႔္ကေျပာပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကိုေ႐ြ႕ဆိုင္းေပးဖို႔အတြက္ စက္တင္ဘာ ၁၄ ရက္က တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီက သေဘာထားထုတ္ျပန္ခ်က္ထုတ္ခဲ့သလို လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီကလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို အိတ္ဖြင့္ ေပးစာ ေပးပို႔ခဲ့ပါတယ္။

” အခုဆိုရင္ ကြၽန္မတို႔ေတြ႕ေနရတယ္။ အင္အားႀကီးပါတီေတြရဲ႕ လူအုပ္စုႀကီးေတြနဲ႔ အင္မတန္မ်ားျပားတဲ့ လူဦးေရေတြနဲ႔ မဲဆြယ္ေနတာကိုေတြ႕ေနရတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံကလည္းေျပာထားတယ္၊ ကူးစက္မႈႏႈန္းက တစ္ၿမိဳ႕နယ္မွာ သုံးေယာက္ရွိရင္ Stay at home သတ္မွတ္မယ္ဆိုရင္ တစ္ႏိုင္ငံလုံးကၿမိဳ႕နယ္ေတြမွာ သုံးေယာက္အထက္ရွိေနၿပီ။ အဲ့ဒီလိုအေျခအေနမွာ ရန္ကုန္ ၊ ရခိုင္ပဲ Stay at Home ရွိတယ္ ။ က်န္းမာေရးဌာနကထုတ္တဲ့ အမိန႔္ကန႔္သတ္ခ်က္ေတြလည္းေက်ာ္ေနေတာ့ အစိုးရအေနနဲ႔ေရာ ၊ ႏိုင္ငံေရးပါတီေတြေရာ ၊ ေကာ္မရွင္ကေရာ ၾကပ္ၾကပ္မတ္မတ္အေရးယူေဆာင္႐ြက္သင့္တယ္”လို႔ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ဗိုလ္တေထာင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚႏွင္းႏွင္းေမႊးကေျပာပါတယ္။

ဒါ့အျပင္ ျပည္သူေရွ႕ေဆာင္ပါတီ(PPP)ကလည္း ကိုဗစ္ေရာဂါကူးစက္မႈျမႇင့္တက္ေနခ်ိန္ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

အခုလိုေ႐ြးေကာက္ပြဲေ႐ႊ႕ဆိုင္းဖို႔ေတာင္းဆိုေနၾကတာနဲ႔ပတ္သက္ၿပီး အင္းအားႀကီးပါတီျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီက ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵလွျမင့္ ေျပာျပတာကေတာ့ “က်ေနာ္ တို႔ေျပာထားၿပီးသားပါ။ ဘယ္သူမွမေျပာခင္ထဲက ျပည္ခိုင္ၿဖိဳးကေျပာထားၿပီးသား၊ ျပည္သူေတြအသက္ထက္ အေရးႀကီးတာ ဘာမွမရွိဘူး။ တကယ္လို႔ျပည္သူေတြရဲ႕ က်န္းမာေရးအရ စိုးရိမ္ဖြယ္ရာေကာင္းတဲ့အေနအထားျဖစ္တယ္ ပိုၿပီးေတာ့ထိခိုက္နစ္နာမႈေတြမ်ားႏိုင္တယ္ဆိုရင္ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဖို႔စဥ္းစားသင့္တယ္။ ခုလည္း အဲ့ဒီသေဘာထားပါပဲ။ ေကာ္မရွင္ကဆုံးျဖတ္ရမွာပါ”လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ႏိုင္ငံေရးပါတီတခ်ိဳ႕ကေန ႏိုင္ငံေတာ္မွာ အမ်ိဳးသားေရးအႏၲရာယ္ျဖစ္တဲ့ COVID-19 ကပ္ေရာဂါ အရွိန္ျမႇင့္ကူးစက္ျပန႔္ပြားေနျခင္းနဲ႔ ဆက္ႏြယ္ေနတဲ့ အေျခအေနေတြေၾကာင့္ ႏိုဝင္ဘာ ၈ ရက္မွာ ျပဳလုပ္မယ့္ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကိုဗစ္ #ေ႐ြးေကာက္ပြဲ #ေ႐ႊ႕ဆိုင္းဖို႔ #ႏိုင္ငံေရးပါတီအခ်ိဳ႕ေတာင္းဆို

Related posts

Leave a Comment

VOM News

FREE
VIEW