တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုဝင်ဘာလမှာ အသုံးပြုနိုင်ဖွယ်ရှိ

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုဝင်ဘာလမှာ အသုံးပြုနိုင်ဖွယ်ရှိ

ပေကျင်း၊ စက်တင်ဘာ ၁၅-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ နိုဝင်ဘာလအစောပိုင်းမှာ အများပြည်သူအသုံးပြုဖို့ အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၄ မျိုးကို နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီထဲက ကာကွယ်ဆေး ၃ မျိုးကို ဇူလိုင်လမှာ စတင်တဲ့ အရေးပေါ်အသုံးပြုမှုအစီအစဉ်တစ်ရပ်အောက်မှာ မရှိမဖြစ်လိုအပ်တဲ့လူတွေကို ထိုးနှံပေးခဲ့ပါတယ်။

အဆင့်သုံးစမ်းသပ်မှုတွေကို ချောချောမွေ့မွေ့ဆက်လက်လုပ်ဆောင်နေပြီး နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလမှာ အများပြည်သူအတွက် ကာကွယ်ဆေးအသင့်ဖြစ်နေနိုင်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ဇီဝလုံခြုံမှုဆိုင်ရာကျွမ်းကျင်သူ ကွေကျန်ဝူက စက်တင်ဘာ ၁၄ ရက်နှောင်းပိုင်းကပြုလုပ်တဲ့ နိုင်ငံပိုင်ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ရပ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

ကာကွယ်ဆေးအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း ဧပြီလအတွင်းမှာ ကိုယ်တိုင်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့ပြီးနောက် မကြာသေးမီလတွေအတွင်း ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေမဖြစ်ပေါ်ခဲ့ဘူးလို့ သူကဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အရေးပေါ်အသုံးပြုရေးအစီအစဉ်အောက်မှာ နိုင်ငံပိုင်ဆေးဝါးကုမ္ပဏီကြီးဖြစ်တဲ့ Sinopharm နဲ့ အမေရိကန်စာရင်းဝင်ကုမ္ပဏီ Sinovac Biotech ကုမ္ပဏီတို့က ကာကွယ်ဆေးသုံးမျိုးကို ထုတ်လုပ်စမ်းသပ်လျှက်ရှိနေပါတယ်။

ကုမ္ပဏီထုတ် ကာကွယ်ဆေးဟာ အဆင့်သုံးစမ်းသပ်မှုများပြုလုပ်ပြီးနောက် အခုနှစ်ကုန်မှာ အများပြည်သူအသုံးပြုဖို့ အဆင်သင့်ဖြစ်နိုင်တယ်လို့ Sinopharm ကုမ္ပဏီက ဇူလိုင်လမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

စတုတ္ထမြောက်ကာကွယ်ဆေးကတော့ CanSino Biologics ကုမ္ပဏီမှ ထုတ်လုပ်ထားတာဖြစ်ပြီး တရုတ်စစ်ဘက်မှာ အသုံးပြုဖို့ ဇွန်လအတွင်းက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

တရုတ္နုိင္ငံထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆး နို၀င္ဘာလမွာ အသံုးျပဳနုိင္ဖြယ္ရိွ

ေပက်င္း၊ စက္တင္ဘာ ၁၅-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံထုတ္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးဟာ နို၀င္ဘာလအေစာပိုင္းမွာ အမ်ားျပည္သူအသံုးျပဳဖို႔ အဆင္သင္႔ျဖစ္နိုင္ဖြယ္ရိွတယ္လို႔ တရုတ္နိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန တာ၀န္ရိွသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။

တရုတ္နုိင္ငံဟာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ၄ မ်ိဳးကို ေနာက္ဆံုးအဆင္႔စမ္းသပ္မႈေတြ လုပ္ေဆာင္ေနပါတယ္။ အဲဒီထဲက ကာကြယ္ေဆး ၃ မ်ိဳးကို ဇူလိုင္လမွာ စတင္တဲ႔ အေရးေပၚအသံုးျပဳမႈအစီအစဥ္တစ္ရပ္ေအာက္မွာ မရိွမျဖစ္လိုအပ္တဲ႔လူေတြကို ထိုးနွံေပးခဲ႔ပါတယ္။

အဆင့္သံုးစမ္းသပ္မႈေတြကို ေခ်ာေခ်ာေမြ႔ေမြ႔ဆက္လက္လုပ္ေဆာင္ေနျပီး နို၀င္ဘာ သို႔မဟုတ္ ဒီဇင္ဘာလမွာ အမ်ားျပည္သူအတြက္ ကာကြယ္ေဆးအသင္႔ျဖစ္ေနနိုင္တယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန ဇီ၀လံုျခံုမႈဆိုင္ရာကြ်မ္းက်င္သူ ေကြက်န္၀ူက စက္တင္ဘာ ၁၄ ရက္ေနွာင္းပိုင္းကျပဳလုပ္တဲ႔ နိုင္ငံပိုင္ရုပ္သံဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခန္းတစ္ရပ္မွာ ေျပာခဲ့တာျဖစ္ပါတယ္။

ကာကြယ္ေဆးအမည္ကို ထုတ္ေဖာ္ေျပာဆိုျခင္းမရိွေပမယ္႔လည္း ဧျပီလအတြင္းမွာ ကိုယ္တိုင္ကာကြယ္ေဆး စမ္းသပ္ထိုးနွံခဲ႔ျပီးေနာက္ မၾကာေသးမီလေတြအတြင္း ပံုမွန္မဟုတ္တ႔ဲ ေရာဂါလကၡဏာေတြမျဖစ္ေပၚခဲ႔ဘူးလို႔ သူကဆိုပါတယ္။

တရုတ္နုိင္ငံရဲ႕ အေရးေပၚအသံုးျပဳေရးအစီအစဥ္ေအာက္မွာ နိုင္ငံပိုင္ေဆး၀ါးကုမၸဏီၾကီးျဖစ္တဲ႔ Sinopharm နဲ႔ အေမရိကန္စာရင္း၀င္ကုမၸဏီ Sinovac Biotech ကုမၸဏီတို႔က ကာကြယ္ေဆးသံုးမ်ိဳးကို ထုတ္လုပ္စမ္းသပ္လွ်က္ရိွေနပါတယ္။

ကုမၸဏီထုတ္ ကာကြယ္ေဆးဟာ အဆင္႔သံုးစမ္းသပ္မႈမ်ားျပဳလုပ္ျပီးေနာက္ အခုနွစ္ကုန္မွာ အမ်ားျပည္သူအသံုးျပဳဖို႔ အဆင္သင္႔ျဖစ္နိုင္တယ္လို႔ Sinopharm ကုမၸဏီက ဇူလိုင္လမွာ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

စတုတၳေျမာက္ကာကြယ္ေဆးကေတာ႔ CanSino Biologics ကုမၸဏီမွ ထုတ္လုပ္ထားတာျဖစ္ျပီး တရုတ္စစ္ဘက္မွာ အသံုးျပဳဖို႔ ဇြန္လအတြင္းက ခြင္႔ျပဳေပးခဲ႔တာျဖစ္ပါတယ္။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW