မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဒေါ်လာသန်း ၁၅၀ အမေရိကန်က ကူညီမယ်

မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဒေါ်လာသန်း ၁၅၀ အမေရိကန်က ကူညီမယ်

ဝါရှင်တန်၊ စက်တင်ဘာ ၁၅-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနဲ့ ထိုင်းနိုင်ငံအအပါအဝင် အရှေ့တောင်အာရှိ မဲခေါင်ဒေသ ၅ နိုင်ငံရဲ့ စီးပွားရေးပြန်လည် ဖွံ့ဖြိုးရေးကူညီဖို့အတွက် ဒေါ်လာသန်း ၁၅၀ ရန်ပုံငွေပေးမယ်လို့ အမေရိကန်က ကတိပြုပြောဆိုလိုက်ပါတယ်။

မကြာသေးမီက ဖွဲ့စည်းလိုက်တဲ့ မဲခေါင်-အမေရိကန် မိတ်ဖက်အစီအစဉ်ရဲ့ ပထမဆုံးအကြိမ် ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၁ ရက်မှာ အွန်လိုင်းကနေတစ်ဆင့်ကျင်းပပြီးနောက် ကူညီရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီရန်ပုံငွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးတွေ ပြန်လည်ဖွဲ့ဖြိုးဖို့အတွက် မဲခေါင်ဒေသနိုင်ငံတွေကို ကူညီဖို့ရည်ရွယ်ထားပြီး ရန်ပုံငွေဟာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်သလိုမျိုး အခြားစီမံကိန်းတွေကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

မဲခေါင်ဒေသနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာမှာ အဓိကကျတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာချက်မှာ ပြောပါတယ်။

ဒါဟာ မဲခေါင်ဒေသအတွင်း တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကို တုံ့ပြန်တဲ့နည်းလမ်းတစ်ရပ်အဖြစ် နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။

တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ အဓိကအခြေခံအဆောက်အဦတွေ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မဲခေါင်ဒေသနိုင်ငံတွေကို ဦးစားပေးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : NHK
Photo: NDTV
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ျမန္မာအပါအ၀င္ မဲေခါင္ေဒသနိုင္ငံေတြကို ေဒၚလာသန္း ၁၅၀ အေမရိကန္က ကူညီမယ္

၀ါရွင္တန္၊ စက္တင္ဘာ ၁၅-၂၀၂၀
မ်ိဳးဆက္ (VOM)

ျမန္မာနဲ႔ ထိုင္းနုိင္ငံအအပါအ၀င္ အေရွ႕ေတာင္အာရိွ မဲေခါင္ေဒသ ၅ နိုင္ငံရဲ႕ စီးပြားေရးျပန္လည္ ဖြံ႕ျဖိဳးေရးကူညီဖို႔အတြက္ ေဒၚလာသန္း ၁၅၀ ရန္ပံုေငြေပးမယ္လုိ႔ အေမရိကန္က ကတိျပဳေျပာဆိုလိုက္ပါတယ္။

မၾကာေသးမီက ဖြဲ႔စည္းလိုက္တဲ႔ မဲေခါင္-အေမရိကန္ မိတ္ဖက္အစီအစဥ္ရဲ႕ ပထမဆံုးအၾကိမ္ ၀န္ၾကီးအဆင္႔ ေဆြးေႏြးပြဲကို စက္တင္ဘာ ၁၁ ရက္မွာ အြန္လိုင္းကေနတစ္ဆင္႔က်င္းပျပီးေနာက္ ကူညီေရးအစီအစဥ္နဲ႔ ပတ္သက္ျပီး အေမရိကန္နိုင္ငံျခားေရး၀န္ၾကီးဌာနက စက္တင္ဘာ ၁၄ ရက္မွာ ေၾကညာခဲ႔တာျဖစ္ပါတယ္။

အဲဒီရန္ပံုေငြဟာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင္႔ ထိခိုက္ခဲ႔တဲ႔ စီးပြားေရးေတြ ျပန္လည္ဖြဲ႔ျဖိဳးဖို႔အတြက္ မဲေခါင္ေဒသနုိင္ငံေတြကို ကူညီဖို႔ရည္ရြယ္ထားျပီး ရန္ပံုေငြဟာ လွ်ပ္စစ္ဓါတ္အားေပးစက္ရံုေတြ တည္ေဆာက္သလိုမ်ိဳး အျခားစီမံကိန္းေတြကိုလည္း ေထာက္ပံ႕ေပးသြားမွာျဖစ္ပါတယ္။

မဲေခါင္ေဒသနိုင္ငံေတြနဲ႔ ဆက္ဆံေရးဟာ အေမရိကန္ရဲ႕ အင္ဒို-ပစိဖိတ္မဟာဗ်ဴဟာမွာ အဓိကက်တဲ႔ က႑တစ္ရပ္ျဖစ္တယ္လို႔ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုက ေၾကညာခ်က္မွာ ေျပာပါတယ္။

ဒါဟာ မဲေခါင္ေဒသအတြင္း တရုတ္နုိင္ငံရဲ႕ ပါ၀င္ပတ္သက္မႈကို တုံ႕ျပန္တဲ့နည္းလမ္းတစ္ရပ္အျဖစ္ နိုင္ငံေရးအကဲခတ္ေတြက ရႈျမင္ၾကပါတယ္။

တရုတ္နုိင္ငံဟာ ေဒသတြင္းမွာ အဓိကအေျခခံအေဆာက္အဦေတြ ရင္းနွီးျမဳပ္နွံမႈေတြ ျပဳလုပ္ေနျပီး တရုတ္နုိင္ငံထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆးေတြကို မဲေခါင္ေဒသနိုင္ငံေတြကို ဦးစားေပးမယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Ref : NHK
Photo: NDTV
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW