ရခိုင်ပြည်နယ်မဲဆန္ဒနယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၃ပုံ ၁ပုံလောက်သာ အလားအလာကောင်း

ရခိုင်ပြည်နယ်မဲဆန္ဒနယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၃ပုံ ၁ပုံလောက်သာ အလားအလာကောင်း

စစ်တွေ၊ စက်တင်ဘာ ၁၅- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မှာ လာမယ့်နိုဝင်ဘာလ ၈ ရက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကျင်းပဖို့ အချိန်နီးကပ်လာတာနဲ့အတူ တစ်ဖက်မှာလည်း ဒေသအခြေအနေတွေမတည်ငြိမ်မှုတွေရှိနေတာကြောင့် ပြည်နယ်တွင်း မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ရခိုင်နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေက သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာနိုင်ဖို့ အလားလာတွေနဲ့ ပတ်သက်ပြီး ခန့်မှန်းရခက်တယ်လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။

” ဦးဇော်ဌေးပြောပြတဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင် ကော်မရှင်ကပဲ ဆုံးဖြတ်နိုင်တာဖြစ်တဲ့အတွက် ပြည်ထဲရေးကလည်း အချက်အလက်တွေယူတယ်။ နောက်ပြီး မြို့နယ်အုပ်ချုပ်ရေးဦးဌာနကလည်းယူတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းယူတယ်ဆိုတော့ သူ့စကားမှာလည်း ပါပါတယ်။ လွတ်လွတ်ကင်းကင်းနဲ့ တစ်မြို့နယ်လုံး ရွေးကောက်ပွဲဖြစ်နိုင်တာက (၅) မြို့နယ်လောက်ပဲဖြစ်နိုင်တယ်လို့ ပြောထားတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ ဒီလောက်ပဲခန့်မှန်းလို့ရပါတယ်။” လို့ ရခိုင်ပြည်နယ် USDP ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေကသုံးသပ်ပြောဆိုပါတယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP)က မောင်တောခရိုင် အမှတ် (၇) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမိုးနိုင်ကတော့ ဒေသမတည်ငြိမ်တဲ့ ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲမကျင်းပနိုင်မယ့် မြို့နယ်တွေကို ခန့်မှန်းရခက်ကြောင်းနဲ့ မြို့နယ်တစ်ခုလုံးမကျင်းပနိုင်ပေမယ့်လည်း မြို့ပေါ်တွေမှာ ကျင်းပနိုင်ဖို့အလားအလာတွေရှိ့တယ်လို့ ခန့်မှန်းသုံးသပ်ပြောပါတယ်။

” ရွေးကောက်ပွဲကတော့ ဖြစ်မယ်ထင်ပါတယ်။ မြို့ပေါ်မှာတော့ ဖြစ်ဖို့ထင်ပါတယ်။ နယ်တွေမှာတော့ တချို့ နေရာတွေမှာတော့ ဖြစ်ချင်မှလည်းဖြစ်မှာပေါ့။ အဓိကတော့ နယ်မြေဒေသမတည်ငြိမ်မှုတွေ၊ ပြည်တွင်းစစ်တွေကြောင့်ပေါ့။ စစ်ဖြစ်နေတာတွေ၊ နောက်ပြီးတော့ ကိုဗစ် ၁၉ ရောဂါတွေကြောင့်လည်း ပါတာပေါ့။ လုံခြုံရေးပိုင်းကတော့ အစိုးရနဲ့ဆိုင်တာပေါ့။ ကျနော့် အမြင်ပြောရရင် သူတို့က နယ်တွေကို သွားမလား မသွားဘူးလားဆိုတာ မပြောတတ်ဘူး။ ဘူးသီးတောင်မြို့နဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာတော့ ဖြစ်မယ်မထင်ဘူး”လို့ ဦးစိုးမိုးနိုင်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါပိုးကူးစပ်မှုတွေမြှင့်တက်နေတဲ့အပြင် မြို့နယ်အားလုံးကို stay at home အမိန့်ထုတ်ပြန်သတ်မှတ်ထားတာကြောင့် အဲဒါတွေကို အကြောင်းပြချင်လည်း ပြလာနိုင်တယ်လို့ ဦးစိုးမိုးနိုင်က ပြောပါတယ်။

” ကျနော်တို့ ခန်းမှန်းသလောက်ကတော့ (၅၀) ရာခိုင်နှုန်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ရှိတယ်။ ကျန်တဲ့ (၅၀) ရာခိုင်နှုန်း ကျင်းပနိုင်ဖို့ မထင်ဘူး။ ရွေးကောက်ပွဲ မဖြစ်မှာကိုတော့ မစိုးရိမ်ပါဘူး။ မဖြစ်ရင်လည်း ကျနော်တို့မှာ လုပ်ရမယ့် အမျိုးသားနိုင်ငံရေး၊ ပရဟိတနိုင်ငံရေးတွေကိုတော့ လုပ်ရမှာပါပဲ။ တကယ်လို့ ရွေးကောက်ပွဲကျင်းပဖြစ်ရင်တော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာရှိတယ်။” လို့ ဦးစိုးမိုးနိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ အလားအလာတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကို အနှောင့်အယှက်ပြုလုပ်မယ့် အဖွဲ့အစည်းမရှိကြောင်းနဲ့ အမှန်တကယ်ကျင်းပဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ အားလုံး မြို့နယ်မှာ ကျင်းပလို့ရကြောင်း လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၊ လက်ရှိ ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြောတာက “ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်က တချို့မြို့နယ်တွေကို ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုပြီး စကားဦးကမ်းထားတာတွေတော့ရှိတယ်။ ဒါပေမယ့် ဘယ်သူတွေအနှောင့်အယှက်ပေးမလဲဆိုတော့ ဒါက အေအေတပ်တော်ဖက်ကလည်း ရွေးကောက်ပွဲကိုလိုလားပါတယ်လို့ပြောထားတဲ့အတွက် မတော်မတရားပြုမှုတွေ ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်မှုတွေကတော့ တကယ်တမ်းလုပ်မယ်ဆိုရင် မတွေ့နိုင်ဘူးလို့ထင်ပါတယ်။ အစိုးရနဲ့ ကော်မရှင်ရဲ့ သဘောထားကတော့ တချို့မြို့နယ်တွေကိုရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုတဲ့ ပုံစံမျိုးပြောနေတော့ ဒီနေ့ထိလည်း ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတာ ကော်မရှင်ကမကြေညာသေးတော့ ကျနော်တို့လည်း မှန်းဆရခက်နေပါတယ်။ ဒါပေမယ့် တကယ်တမ်းလုပ်မယ်ဆိုရင်တော့ ကြီးကြီးမားမားပြဿနာမရှိလောက်ဘူးလို့ ထင်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပနေချိန်အတွင်းမှာ တိုက်ပွဲတွေမရှိခဲ့ရင်တော့ ပြဿနာမရှိနိုင်ကြောင်းနဲ့ တကယ်လို့ အဲ့ဒီပတ်ဝန်းကျင်မှာ တိုက်ပွဲတွေရှိတယ်ဆိုရင်တော့ ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်ဝင်စားမှာမဟုတ်တဲ့အပြင် မဲထည့်ဖို့အတွက် ပျက်ကွက်မှာဖြစ်ပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ပြည်သူတွေကို ကြိုတင်စည်းရုံးပြောဆိုဖို့လိုအပ်ကာ ရွေးကာက်ပွဲအမှန်တကယ်လိုအပ်ကြောင်း၊ မဲထည့်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ပုံစံမျိုးတွေကို လုပ်ဖို့လိုအပ်တယ်လို့ ဦးဖေသန်းကပြောပါတယ်။

ရွေးကောက်ပွဲ အခင်းအကျင်းကာလမှာ တိုက်ပွဲတွေကိုရပ်ဆဲထားသင့်ကြောင်းနဲ့ အမှန်တကယ်ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ပြဿနာမရှိနိုင်ဘူးလို့ ဦးဖေသန်းက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့်အလားအလာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကတော့ လက်ရှိအချိန်မှာ ပြောဖို့ခက်ကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့အခါမှသာ သိနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

“ လုပ်နိုင်မလုပ်နိုင်ဆိုတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာမှပဲသိနိုင်မှာပေါ့။ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်လေ။ ကျနော်တို့က လုံခြုံရေးပိုင်းတာဝန်ယူထားတဲ့ အဖွဲ့အစည်းမဟုတ်တော့။ ပြောဖို့ခက်တယ်။ ကျနော်တို့ကတော့ လုပ်မယ်ဆိုတဲ့နေရာတွေ (၁၇) မြို့နယ်စလုံးအတွက် တင်ထားတယ်။” လို့ ဦးသူရိန်ထွဋ်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန် ဒေသမတည်ငြိမ်မှုတွေရှိနေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အလားအလာနည်းကြောင်း သုံးသပ်သူတွေရှိနေပြီး ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲအပေါ်ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနည်းပါနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ် လွှတ်တော်သက်တမ်း ဒုတိယကာလမှာတော့ တစ်ပြည်နယ်လုံး ရွေးကောက်ပွဲအောင်မြင်စွာနဲ့ ကျင်းပနိုင်ရေး ဝေဝါးနေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကို သုံးသပ်မှုတွေအမျိုးမျိုးရှိနေကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကို သေသေချာချာ စောင့်မျှော်ကြရမှာပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသတည်ငြိမ်မှု မရှိတဲ့ မြို့နယ်တွေရှိနေပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်း၊ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တွေမှာလည်း ဒေသမတည်ငြိမ်မှုတွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။

အခုလက်ရှိ ပြည်နယ်တွင်းရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာရှိတဲ့ မြို့နယ်တွေကတော့ ရခိုင်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ တောင်ကုတ်၊ မာန်အောင်၊ ဂွ၊ သံတွဲ စတဲ့မြို့နယ်တွေဖြစ်ကြောင်းနဲ့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ (၅) မြို့နယ်လောက်သာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အလားအလာရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး နယ်ရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေဟာလည်း (၂) သိန်းနီးပါးရှိနေတဲ့အပြင် ဒီကနေ့အချိန်ထိ နေရပ်ကို ပြန်နိုင်သူတွေ မရှိသေးပါဘူး။

#voiceofmyanmar #VOM #စစ်တွေ #ရခိုင်ပြည် #ရွေးကောက်ပွဲ

Zawgyi

ရခိုင္ျပည္နယ္မဲဆႏၵနယ္ ၁၇ ၿမိဳ႔နယ္ရွိတဲ႔အနက္ ၃ပံု ၁ပံုေလာက္သာ အလားအလာေကာင္း

စစ္ေတြ၊ စက္တင္ဘာ ၁၅- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္မွာ လာမယ့္ႏိုဝင္ဘာလ ၈ ရက္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲႀကီးက်င္းပဖို႔ အခ်ိန္နီးကပ္လာတာနဲ႔အတူ တစ္ဖက္မွာလည္း ေဒသအေျခအေနေတြမတည္ၿငိမ္မႈေတြရွိေနတာေၾကာင့္ ျပည္နယ္တြင္း မဲဆႏၵနယ္ေျမအားလုံးမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ အခက္အခဲေတြရွိေနတယ္လို႔ ရခိုင္ႏိုင္ငံေရးပါတီေတြရဲ႕ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြက သုံးသပ္ေျပာဆိုၾကတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း မဲဆႏၵနယ္အားလုံးမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မွာႏိုင္ဖို႔ အလားလာေတြနဲ႔ ပတ္သက္ၿပီး ခန႔္မွန္းရခက္တယ္လို႔ ရခိုင္ျပည္နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြဲ႕ၿဖိဳးေရးပါတီ(USDP) ဥကၠ႒ ေဒါက္တာစန္းေ႐ႊက ေျပာပါတယ္။

” ဦးေဇာ္ေဌးေျပာျပတဲ့ သတင္းစာရွင္းလင္းပြဲမွာဆိုရင္ ေကာ္မရွင္ကပဲ ဆုံးျဖတ္ႏိုင္တာျဖစ္တဲ့အတြက္ ျပည္ထဲေရးကလည္း အခ်က္အလက္ေတြယူတယ္။ ေနာက္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးဌာနကလည္းယူတယ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကလည္းယူတယ္ဆိုေတာ့ သူ႔စကားမွာလည္း ပါပါတယ္။ လြတ္လြတ္ကင္းကင္းနဲ႔ တစ္ၿမိဳ႕နယ္လုံး ေ႐ြးေကာက္ပြဲျဖစ္ႏိုင္တာက (၅) ၿမိဳ႕နယ္ေလာက္ပဲျဖစ္ႏိုင္တယ္လို႔ ေျပာထားတယ္။ ဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ ဒီေလာက္ပဲခန႔္မွန္းလို႔ရပါတယ္။” လို႔ ရခိုင္ျပည္နယ္ USDP ဥကၠ႒ ေဒါက္တာစန္းေ႐ႊကသုံးသပ္ေျပာဆိုပါတယ္။

ရခိုင့္ဦးေဆာင္ပါတီ (AFP)က ေမာင္ေတာခ႐ိုင္ အမွတ္ (၇) မဲဆႏၵနယ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိုးမိုးႏိုင္ကေတာ့ ေဒသမတည္ၿငိမ္တဲ့ ရခိုင္ေျမာက္ပိုင္းမွာ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္မယ့္ ၿမိဳ႕နယ္ေတြကို ခန႔္မွန္းရခက္ေၾကာင္းနဲ႔ ၿမိဳ႕နယ္တစ္ခုလုံးမက်င္းပႏိုင္ေပမယ့္လည္း ၿမိဳ႕ေပၚေတြမွာ က်င္းပႏိုင္ဖို႔အလားအလာေတြရွိ႕တယ္လို႔ ခန႔္မွန္းသံုးသပ္ေျပာပါတယ္။

” ေ႐ြးေကာက္ပြဲကေတာ့ ျဖစ္မယ္ထင္ပါတယ္။ ၿမိဳ႕ေပၚမွာေတာ့ ျဖစ္ဖို႔ထင္ပါတယ္။ နယ္ေတြမွာေတာ့ တခ်ိဳ႕ ေနရာေတြမွာေတာ့ ျဖစ္ခ်င္မွလည္းျဖစ္မွာေပါ့။ အဓိကေတာ့ နယ္ေျမေဒသမတည္ၿငိမ္မႈေတြ၊ ျပည္တြင္းစစ္ေတြေၾကာင့္ေပါ့။ စစ္ျဖစ္ေနတာေတြ၊ ေနာက္ၿပီးေတာ့ ကိုဗစ္ ၁၉ ေရာဂါေတြေၾကာင့္လည္း ပါတာေပါ့။ လုံၿခဳံေရးပိုင္းကေတာ့ အစိုးရနဲ႔ဆိုင္တာေပါ့။ က်ေနာ့္ အျမင္ေျပာရရင္ သူတို႔က နယ္ေတြကို သြားမလား မသြားဘူးလားဆိုတာ မေျပာတတ္ဘူး။ ဘူးသီးေတာင္ၿမိဳ႕နဲ႔ အလွမ္းေဝးတဲ့ ေနရာေတြမွာေတာ့ ျဖစ္မယ္မထင္ဘူး”လို႔ ဦးစိုးမိုးႏိုင္ကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကို႐ိုနာဗိုင္းရပ္ေရာဂါပိုးကူးစပ္မႈေတြျမွင့္တက္ေနတဲ့အျပင္ ၿမိဳ႕နယ္အားလုံးကို stay at home အမိန႔္ထုတ္ျပန္သတ္မွတ္ထားတာေၾကာင့္ အဲဒါေတြကို အေၾကာင္းျပခ်င္လည္း ျပလာႏိုင္တယ္လို႔ ဦးစိုးမိုးႏိုင္က ေျပာပါတယ္။

” က်ေနာ္တို႔ ခန္းမွန္းသေလာက္ကေတာ့ (၅၀) ရာခိုင္ႏႈန္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ရွိတယ္။ က်န္တဲ့ (၅၀) ရာခိုင္ႏႈန္း က်င္းပႏိုင္ဖို႔ မထင္ဘူး။ ေ႐ြးေကာက္ပြဲ မျဖစ္မွာကိုေတာ့ မစိုးရိမ္ပါဘူး။ မျဖစ္ရင္လည္း က်ေနာ္တို႔မွာ လုပ္ရမယ့္ အမ်ိဳးသားႏိုင္ငံေရး၊ ပရဟိတႏိုင္ငံေရးေတြကိုေတာ့ လုပ္ရမွာပါပဲ။ တကယ္လို႔ ေ႐ြးေကာက္ပြဲက်င္းပျဖစ္ရင္ေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ထားတာရွိတယ္။” လို႔ ဦးစိုးမိုးႏိုင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ဖို႔ အလားအလာေတြနဲ႔ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲကို အေႏွာင့္အယွက္ျပဳလုပ္မယ့္ အဖြဲ႕အစည္းမရွိေၾကာင္းနဲ႔ အမွန္တကယ္က်င္းပဖို႔ ရည္႐ြယ္ထားတယ္ဆိုရင္ေတာ့ အားလုံး ၿမိဳ႕နယ္မွာ က်င္းပလို႔ရေၾကာင္း လက္ရွိျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးလည္းျဖစ္၊ လက္ရွိ ရခိုင္အမ်ိဳးသားပါတီ (ANP) ဗဟိုေကာ္မတီဝင္လည္းျဖစ္တဲ့ ဦးေဖသန္းက ေျပာပါတယ္။

ေျမပုံၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းေျပာတာက “ရခိုင္ျပည္နယ္မွာ တရားဥပေဒစိုးမိုးမႈမရွိတဲ့ အေၾကာင္းျပခ်က္နဲ႔ ေကာ္မရွင္က တခ်ိဳ႕ၿမိဳ႕နယ္ေတြကို ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ဘူးဆိုၿပီး စကားဦးကမ္းထားတာေတြေတာ့ရွိတယ္။ ဒါေပမယ့္ ဘယ္သူေတြအေႏွာင့္အယွက္ေပးမလဲဆိုေတာ့ ဒါက ေအေအတပ္ေတာ္ဖက္ကလည္း ေ႐ြးေကာက္ပြဲကိုလိုလားပါတယ္လို႔ေျပာထားတဲ့အတြက္ မေတာ္မတရားျပဳမႈေတြ ေ႐ြးေကာက္ပြဲကို အေႏွာင့္အယွက္ျဖစ္မႈေတြကေတာ့ တကယ္တမ္းလုပ္မယ္ဆိုရင္ မေတြ႕ႏိုင္ဘူးလို႔ထင္ပါတယ္။ အစိုးရနဲ႔ ေကာ္မရွင္ရဲ႕ သေဘာထားကေတာ့ တခ်ိဳ႕ၿမိဳ႕နယ္ေတြကိုေ႐ြးေကာက္ပြဲ မလုပ္ႏိုင္ဘူးဆိုတဲ့ ပုံစံမ်ိဳးေျပာေနေတာ့ ဒီေန႔ထိလည္း ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ဘူးဆိုတာ ေကာ္မရွင္ကမေၾကညာေသးေတာ့ က်ေနာ္တို႔လည္း မွန္းဆရခက္ေနပါတယ္။ ဒါေပမယ့္ တကယ္တမ္းလုပ္မယ္ဆိုရင္ေတာ့ ႀကီးႀကီးမားမားျပႆနာမရွိေလာက္ဘူးလို႔ ထင္ပါတယ္။” လို႔ ေျပာပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲက်င္းပေနခ်ိန္အတြင္းမွာ တိုက္ပြဲေတြမရွိခဲ့ရင္ေတာ့ ျပႆနာမရွိႏိုင္ေၾကာင္းနဲ႔ တကယ္လို႔ အဲ့ဒီပတ္ဝန္းက်င္မွာ တိုက္ပြဲေတြရွိတယ္ဆိုရင္ေတာ့ ျပည္သူေတြက ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမွာမဟုတ္တဲ့အျပင္ မဲထည့္ဖို႔အတြက္ ပ်က္ကြက္မွာျဖစ္ၿပီး ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ ျပည္သူေတြကို ႀကိဳတင္စည္း႐ုံးေျပာဆိုဖို႔လိုအပ္ကာ ေ႐ြးကာက္ပြဲအမွန္တကယ္လိုအပ္ေၾကာင္း၊ မဲထည့္ဖို႔ တာဝန္ရွိတယ္ဆိုတဲ့ ပုံစံမ်ိဳးေတြကို လုပ္ဖို႔လိုအပ္တယ္လို႔ ဦးေဖသန္းကေျပာပါတယ္။

ေ႐ြးေကာက္ပြဲ အခင္းအက်င္းကာလမွာ တိုက္ပြဲေတြကိုရပ္ဆဲထားသင့္ေၾကာင္းနဲ႔ အမွန္တကယ္ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုရင္ ျပႆနာမရွိႏိုင္ဘူးလို႔ ဦးေဖသန္းက သုံးသပ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း မဲဆႏၵနယ္ေျမအားလုံးမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မယ့္အလားအလာေတြနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးသူရိန္ထြဋ္ကေတာ့ လက္ရွိအခ်ိန္မွာ ေျပာဖို႔ခက္ေၾကာင္းနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာတဲ့အခါမွသာ သိႏိုင္မွာျဖစ္တယ္လို႔ ေျပာပါတယ္။

“ လုပ္ႏိုင္မလုပ္ႏိုင္ဆိုတာကေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာမွပဲသိႏိုင္မွာေပါ့။ ေကာ္မရွင္ရဲ႕လုပ္ပိုင္ခြင့္ေလ။ က်ေနာ္တို႔က လုံၿခဳံေရးပိုင္းတာဝန္ယူထားတဲ့ အဖြဲ႕အစည္းမဟုတ္ေတာ့။ ေျပာဖို႔ခက္တယ္။ က်ေနာ္တို႔ကေတာ့ လုပ္မယ္ဆိုတဲ့ေနရာေတြ (၁၇) ၿမိဳ႕နယ္စလုံးအတြက္ တင္ထားတယ္။” လို႔ ဦးသူရိန္ထြဋ္ကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ လက္ရွိအခ်ိန္ ေဒသမတည္ၿငိမ္မႈေတြရွိေနတဲ့ ၿမိဳ႕နယ္ေတြမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို ႔အလားအလာနည္းေၾကာင္း သုံးသပ္သူေတြရွိေနၿပီး ျပည္နယ္တြင္း စစ္ေရးပဋိပကၡေတြေၾကာင့္ ေ႐ြးေကာက္ပြဲအေပၚျပည္သူေတြရဲ႕ စိတ္ဝင္စားမႈနည္းပါေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ၿမိဳ႕နယ္အားလုံးမွာ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့ေပမယ့္ အခုႏွစ္ လႊတ္ေတာ္သက္တမ္း ဒုတိယကာလမွာေတာ့ တစ္ျပည္နယ္လုံး ေ႐ြးေကာက္ပြဲေအာင္ျမင္စြာနဲ႔ က်င္းပႏိုင္ေရး ေဝဝါးေနၾကတာလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္အတြင္း မဲဆႏၵနယ္ေျမအားလုံးမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ကို သုံးသပ္မႈေတြအမ်ိဳးမ်ိဳးရွိေနၾကၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေၾကညာခ်က္ကို ေသေသခ်ာခ်ာ ေစာင့္ေမွ်ာ္ၾကရမွာပဲျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေတြေၾကာင့္ ေဒသတည္ၿငိမ္မႈ မရွိတဲ့ ၿမိဳ႕နယ္ေတြရွိေနၿပီး ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံနဲ႔ ရခိုင္ျပည္နယ္အလယ္ပိုင္း အမ္း၊ ရမ္းၿဗဲနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြမွာလည္း ေဒသမတည္ၿငိမ္မႈေတြ ရွိေနတဲ့အတြက္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မွာမဟုတ္ဘူးလို႔ သုံးသပ္မႈေတြရွိေနပါတယ္။

အခုလက္ရွိ ျပည္နယ္တြင္းေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ အလားအလာရွိတဲ့ ၿမိဳ႕နယ္ေတြကေတာ့ ရခိုင္ေတာင္ပိုင္းၿမိဳ႕နယ္ေတြျဖစ္တဲ့ ေတာင္ကုတ္၊ မာန္ေအာင္၊ ဂြ၊ သံတြဲ စတဲ့ၿမိဳ႕နယ္ေတြျဖစ္ေၾကာင္းနဲ႔ ႏိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးရဲ႕ သတင္းစာရွင္းလင္းပြဲမွာေတာ့ (၅) ၿမိဳ႕နယ္ေလာက္သာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ အလားအလာရွိေၾကာင္း သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ​ေျပာခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြ ျမင့္တက္ေနၿပီး နယ္ရပ္စြန႔္ခြာ စစ္ေဘးေရွာင္ဦးေရဟာလည္း (၂) သိန္းနီးပါးရွိေနတဲ့အျပင္ ဒီကေန႔အခ်ိန္ထိ ေနရပ္ကို ျပန္ႏိုင္သူေတြ မရွိေသးပါဘူး။

#voiceofmyanmar #VOM #စစ္ေတြ #ရခိုင္ျပည္ #ေရြးေကာက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW