ပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ)

ပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ)

မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀
ညီသစ်(VOM)

ခြေထောက်နဲ့လှေလျှော် ကမ္ဘာကျော်တဲ့ဒို့အင်းသား ဆိုတဲ့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့် ကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ
ဦးဝင်းမြင့်- ၃ ဦးထဲပဲ တင်ထားပါတယ်ခင်ဗျာ။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ
ဦးဝင်းမြင့်- ကျွန်တော်တို့ ပါတီသက်တမ်းက ၁၀နှစ် ရှိပြီဆိုတော့ အထူးသဖြင့် အတွေ့အကြုံရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ် ခင်ဗျ။ နောက်ပြီး ပါတီအပေါ်မှာယုံကြည်ရတဲ့ သစ္စာရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ်ခင်ဗျ။ နောက်ပြီးတော့မှ သူတို့ရဲ့ နိုင်ငံရေးအတွေးအမြင် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စိတ်ထားတွေအပေါ်မှာ ကျတော်တို့အခြေခံပြီး ရွေးချယ်ပါတယ်။

VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။
ဦးဝင်းမြင့် – ကျွန်တော်တို့က ဒေသတွင်းပါတီဖြစ်တဲ့အတွက် အထူးသဖြင့် ညောင်ရွှေမြို့ထဲမှာဖြစ်တဲ့အတွက် အင်းလေးကန်အတွက် လိုအပ်နေတဲ့ဟာတွေကို လုပ်ဆောင်ပေးဖို့ ကျနော်တို့ ပါတီရဲ့လုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်ခင်ဗျ။ အဲ့ဒီထဲမှာဆိုရင် တောင်သူလယ်သမားကဏ္ဍ ပါမယ် ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော ကဏ္ဍတွေပါမယ် ၊ နောက်ပြီး အားကစားနဲ့ပတ်သက်တာတွေ အဲ့ဒါတွေကို အထူးဦးစားပေးဖော်ပြထားပါတယ်။

VOM- လက်ရှိအာဏာရပါတီ နဲ့ ပြည်ခိုင်ဖြိုး စတဲ့အင်အားကြီးပါတီတွေကို ဘယ်လိုအင်းအားတွေ နဲ့ ယှဉ်ပြိုင်သွားမလဲ
ဦးဝင်မြင့် -ကျွန်တော်တို့က ဒေသခံပါတီဆိုတော့ လူမျိုးစုကို အခြေခံထားတဲ့ပါတီဆိုတော့ ကိုယ့်ဒေသမှာရှိတဲ့ လူမျိုးအင်အားနဲ့ သူတို့ရဲ့မဲပေးတာနဲ့ပဲ ဥပဒေဘောင်အတွင်းကနေ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်သွားမယ်။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ
ဦးဝင်းမြင့် -ကျွန်တော်တို့ပါတီက ၂၀၁၀ မှာ ၄ နေရာ နိုင်ခဲ့ပါတယ်ခင်ဗျ။ ၂၀၁၅ မှာတော့ ၅ နေရာဝင်ပြိုင်ခဲ့တာ ရှုံးနိမ့်ခဲ့ပါတယ်။

VOM – ပါတီရဲ့ဆောင်ပုဒ် က ဘာတွေဖြစ်မလဲ
ဦးဝင်းမြင့် – ကျွန်တော်တို့က အင်းသားဆိုတော့ အင်းသားဂုဏ်ကိုမြင့်စေဖို့ ခြေထောက်နဲ့လှေလျှော် ကမ္ဘာကျော်တဲ့ ဒို့အင်းသား ၊ နောက်ပြီးတော့ အင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိအောင် အင်းအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီကိုမဲထည့်ပါ ။ အင်းသားလူမျိုးတို့ရဲ့ နိုင်ငံရေးစည်းမျဉ်းကို ရရှိစေရမယ် အဲ့ဒီသုံးခုပါ။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (အင္းအမ်ိဳးသာဖြြံ႔ၿဖိဳးတိုးတက္ေရးပါတီ)

မႏၲေလး၊ စက္တင္ဘာ ၁၆-၂၀၂၀
ညီသစ္(VOM)

ေျခေထာက္နဲ႔ေလွေလွ်ာ္ ကမာၻေက်ာ္တဲ့ဒို႔အင္းသား ဆိုတဲ့ အင္းအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးဝင္းျမင့္ ကို VOMသတင္းေထာက္ ညီသစ္က ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ ့လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္ အေရအတြက္ ၀င္ၿပိဳင္ဖို႔ရွိလဲ
ဦးဝင္းျမင့္- ၃ ဦးထဲပဲ တင္ထားပါတယ္ခင္ဗ်ာ။

VOM- ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လို အရည္အခ်င္းမ်ိဳး ေတြနဲ႔ေ႐ြးခ်ယ္ပါသလဲ
ဦးဝင္းျမင့္- ကၽြန္ေတာ္တို႔ ပါတီသက္တမ္းက ၁၀ႏွစ္ ရွိၿပီဆိုေတာ့ အထူးသျဖင့္ အေတြ႕အႀကဳံရွိတဲ့သူေတြကို ဦးစားေပးၿပီးေ႐ြးထားပါတယ္ ခင္ဗ်။ ေနာက္ၿပီး ပါတီအေပၚမွာယုံၾကည္ရတဲ့ သစၥာရွိတဲ့သူေတြကို ဦးစားေပးၿပီးေ႐ြးထားပါတယ္ခင္ဗ်။ ေနာက္ၿပီးေတာ့မွ သူတို႔ရဲ႔ ႏိုင္ငံေရးအေတြးအျမင္ ဖက္ဒရယ္နဲ႔ ပတ္သက္တဲ့ စိတ္ထားေတြအေပၚမွာ က်ေတာ္တို႔အေျခခံၿပီး ေ႐ြးခ်ယ္ပါတယ္။

VOM – ပါတီရဲ႕ကတိကဝတ္ေတြက ဘာေတြျဖစ္မလဲ ။
ဦးဝင္းျမင့္ – ကၽြန္ေတာ္တို႔က ေဒသတြင္းပါတီျဖစ္တဲ့အတြက္ အထူးသျဖင့္ ေညာင္ေ႐ႊၿမိဳ႕ထဲမွာျဖစ္တဲ့အတြက္ အင္းေလးကန္အတြက္ လိုအပ္ေနတဲ့ဟာေတြကို လုပ္ေဆာင္ေပးဖို႔ က်ေနာ္တို႔ ပါတီရဲ႕လုပ္ငန္းစဥ္ေတြထဲမွာ ထည့္သြင္းေရးဆြဲထားပါတယ္ခင္ဗ်။ အဲ့ဒီထဲမွာဆိုရင္ ေတာင္သူလယ္သမားက႑ ပါမယ္ ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ သစ္ေတာ က႑ေတြပါမယ္ ၊ ေနာက္ၿပီး အားကစားနဲ႔ပတ္သက္တာေတြ အဲ့ဒါေတြကို အထူးဦးစားေပးေဖာ္ျပထားပါတယ္။

VOM- လက္ရွိအာဏာရပါတီ နဲ႔ ျပည္ခိုင္ၿဖိဳး စတဲ့အင္အားႀကီးပါတီေတြကို ဘယ္လိုအင္းအားေတြ နဲ႔ ယွဥ္ၿပိဳင္သြားမလဲ
ဦးဝင္ျမင့္ -ကၽြန္ေတာ္တို႔က ေဒသခံပါတီဆိုေတာ့ လူမ်ိဳးစုကို အေျခခံထားတဲ့ပါတီဆိုေတာ့ ကိုယ့္ေဒသမွာရွိတဲ့ လူမ်ိဳးအင္အားနဲ႔ သူတို႔ရဲ႕မဲေပးတာနဲ႔ပဲ ဥပေဒေဘာင္အတြင္းကေန သန႔္သန႔္ရွင္းရွင္း ယွဥ္ၿပိဳင္သြားမယ္။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ
ဦးဝင္းျမင့္ -ကၽြန္ေတာ္တို႔ပါတီက ၂၀၁၀ မွာ ၄ ေနရာ ႏိုင္ခဲ့ပါတယ္ခင္ဗ်။ ၂၀၁၅ မွာေတာ့ ၅ ေနရာဝင္ၿပိဳင္ခဲ့တာ ရႈံးနိမ့္ခဲ့ပါတယ္။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ က ဘာေတြျဖစ္မလဲ
ဦးဝင္းျမင့္ – ကၽြန္ေတာ္တို႕က အင္းသားဆိုေတာ့ အင္းသားဂုဏ္ကိုျမင့္ေစဖို႔ ေျခေထာက္နဲ႔ေလွေလွ်ာ္ ကမာၻေက်ာ္တဲ့ ဒို႔အင္းသား ၊ ေနာက္ၿပီးေတာ့ အင္းသား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရရွိေအာင္ အင္းအမ်ိဳးသား ဖြံၿဖိဳးတိုးတက္ေရးပါတီကိုမဲထည့္ပါ ။ အင္းသားလူမ်ိဳးတို႔ရဲ႕ ႏိုင္ငံေရးစည္းမ်ဥ္းကို ရရွိေစရမယ္ အဲ့ဒီသုံးခုပါ။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW