ရွေးကောက်ပွဲ အပိုင်း ၃ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မနက် ၆ နာရီခွဲအချိန် ဆန္ဒမဲပေးနေမှု အခြေအနေ

မန္တလေး၊ ဇန်နဝါရီ – ၂၅- ၂၀၂၆
VOICE OF MYANMAR
ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မဲဆန္ဒရှင်တွေဟာ ဒီကနေ့မနက် အစောပိုင်း မဲရုံဖွင့်ချိန်မှာပဲ လာရောက်ပြီး ဆန္ဒမဲပေးနေကြပြီဖြစ်ပါတယ်။
အပိုင်း ၃ မှာ တနိုင်ငံလုံး ကျင်းပမယ့် မြို့နယ် (၆၃)မြို့နယ် မန္တလေးတိုင်းဒေသကြီးအတွင်း (၈)မြို့နယ်ကျင်းပမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၆)သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
ပါဝင်ယှဉ်ပြိုင်ကြမယ့် တပါတီ ၉ ပါတီ ၊တစ်သီးပုဂ္ဂလ ၃ ဦး၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၅၃၆ ဦး၊ ရှမ်းတိုင်း ရင်းသားကိုယ်စားလှယ်လောင်း ၄ ဦး တို့ ဝင်ယောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
မဲစာရင်းနံပါတ်ရှာရလွယ်အောင် တက်ပလက်တွေနဲ့ စီစဥ်ထားသလို မဲပေးစက်တွေ ချွတ်ယွင်းမှုမရှိအောင် ၊အချိန်ကြန့်ကြာမှုမရှိအောင် စီမံထားတယ်လို့လည်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
မဲဆန္ဒရှင်များ မနက် ၆နာရီကနေ ညနေ ၄နာရီထိ မဲရုံ ပရဝုဏ်ထဲရောက်သူမှန်သမျှ မဲပေးခွင့်ရရှိမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
မဲရုံထဲကို မှတ်ပုံတင်ကလွဲရင် ဖုန်း၊တခြားလျှပ်စစ်ပစ္စည်းတွေနဲ့ တားမြစ်ထားတာတွေ ယူခွင့်မရှိဘဲ ပါလာခဲ့ရင် ဂိတ်ဝမှာ စနစ်တကျ အပ်နှံဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ပထမပိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တစ်နိုင်ငံလုံးကျင်းပတဲ့ မြို့နယ်(၁၀၂) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးမှု အခြေအနေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၃)သိန်းကျော်၊ မဲလာရောက်ပေးသူ (၈)သိန်းကျော်ရှိ၍ မဲပေးမှု % မှာ ၆၂ % ကျော်ရှိပါတယ်။
ဒုတိယပိုင်း – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် တစ်နိုင်ငံလုံး ကျင်းပသည့် မြို့နယ်(၁၀ဝ)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၉)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၀) သိန်းကျော်တွင် မဲလာရောက်ပေးသူ (၇)သိန်းနီးပါးရှိ၍ မဲပေးမှု % မှာ ၆၄% ကျော် ရှိပါတယ်။
အပိုင်း(၁)၊ အပိုင်း(၂) ရွေးကောက်ခံ ကိုယ်စားလှယ်များတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အပိုင်းလိုက်လွှတ်တော်အလိုက် ကြေညာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW