ဆူးငှက် ကျောင်းသွားဖော်တွေ ————————- ကျွန်တော် ၈ တန်းကို သိပ္ပံဘာသာတွဲဖြင့် အောင်ပါသည်။ သူငယ်ချင်းတွေ အားလုံးလည်း သိပ္ပံဘာသာတွဲ နှင့်ပင် အောင်မြင်ကြပါသည်။ သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူက ၉တန်းတက်လျှင် ဇီဝဗေဒဘာသာတွဲယူမည်လား၊ ဘူမိဗေဒ ဘာသာတွဲ ယူမည်လား ဆိုတာကလည်း ရှိသေးသည်။ ဇီဝဗေဒ ဘာသာတွဲ ယူမှသာ ၁၀တန်းအမှတ်ကောင်း လျှင် ဆေးတက္ကသိုလ် တက်နိုင်မှာတဲ့။ တကယ်တော့ ကျွန်တော်က ဒါတွေ ဘာမှမသိ။ ၈တန်းအောင်လျှင် ၉တန်းတက်ဖို့ပါပဲ။ သိပ္ပံဘာသာတွဲနှင့် အောင်သောကြောင့် အ.ထ.က ၂၁ မှာ ဆက်နေလို့မရ။ အ.ထ.က ၂၁ က ဝိဇ္ဖာဘာသာတွဲ ကျောင်းတဲ့။ ဒါပဲသိသည်။ ဒါဖြင့် ၂၁ အ.ထ.က အနောက်ဘက်က ၁၉ အ.ထ.က ပွဲကုန်းကျောင်း နေမလား။ ပွဲကုန်းကျောင်းကလည်း သိပ္ပံဘာသာတွဲတဲ့။ ပွဲကုန်းကျောင်း ကျောင်းအုပ်ဆရာကြီးက ဆရာကြီးဦးသန်း…
Read MoreDay: January 26, 2026
စစ်သုံ့ပန်း ၅၀၀ ကျော်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ ပြန်လွှတ်
ဇန်နဝါရီ ၂၆၊ ၂၀၂၅။ NN(VOM) အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ က သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၅၀၀ ကိုမနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ တရုတ်ရိုးရာ “တာကျောင်းမဟာပူဇော်ပွဲ” ကာလအတွင်း လူသားချင်း စာနာမှုအရ အခုလို လွှတ်ပေးလိုက်တာလို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အစိုးရထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။ “လွှတ်တဲ့အထဲပါတဲ့သူတွေတော့ ဖုန်းဆက်လာကြတယ်။ ကျွန်မတို့အိမ်ကတော့ ပါမပါ မသိသေးဘူး။ အဆက်အသွယ် မရသေးဘူး” လို့ စစ်သုံ့ပန်း မိသားစုဝင်တယောက်က ပြောပါတယ်။ စစ်သုံ့ပန်း ၅၀၀ အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြသနိုင်သူ အကျဉ်းသား ကိုးယောက်နဲ့ အခြားအကျဉ်းသား ၄၉ ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ အခုလ ၁၅ ရက်နေ့တုန်းကလည်း စစ်သုံ့ပန်း ၈၀ ကျော်ကို…
Read Moreပမာဏအများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၁၄ ခု သိမ်းဆည်းရမိတဲ့အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ရဲ့မေးမြန်းချက်
ဇန်နဝါရီ၊ ၂၄- ၂၀၂၆ Voice Of Myanmar ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တဲ့ နေရာ ၁၄ ခု ဖော်ထုတ် ဖမ်းဆီးရမှုတွေအကြောင်းကို ဒီကနေ့ ဇန်နဝါရီ လ ၂၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ပြီးတော့ နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေ အိမ်နီးနားချင်းနိုင်ငံက သံတမန်တွေရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီ လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ဆို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ် အတွင်းမှာရှိတဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာ နေရာသုံးခုကို ဖော်ထုတ်ဖမ်းစီးရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ကြောင်း မသင်္ကာဖွယ်ရာ ၁၄ နေရာကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄…
Read Moreမူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ပမာဏအများဆုံးသိမ်းဆည်းရမိတဲ့နေရာတွေ လိုက်လံ ပြသရှင်းလင်း
ဇန်နဝါရီ – ၂၄- ၂၀၂၆ VOICE OF MYANMAR ရှမ်းပြည်မြောက်ပိုင်းက သီပေါနဲ့ မိုင်းရယ်မြို့နယ်တွေမှာ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ပမာဏအများဆုံးသိမ်းဆည်းရမိမှု အတွက် ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မနက်ပိုင်းက မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ဦးဆောင်ပြီးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး တို့က ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ အဲ့ဒီ သတင်းစာရှင်းလင်းပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့က သံတမန်များ၊ စစ်သံမှူးတွေနဲ့ တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UN ODC)မှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီးမှာ မူးယစ်ဆေးဝါး…
Read Moreရွေးကောက်ပွဲ အပိုင်း ၃ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မနက် ၆ နာရီခွဲအချိန် ဆန္ဒမဲပေးနေမှု အခြေအနေ
မန္တလေး၊ ဇန်နဝါရီ – ၂၅- ၂၀၂၆ VOICE OF MYANMAR ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မဲဆန္ဒရှင်တွေဟာ ဒီကနေ့မနက် အစောပိုင်း မဲရုံဖွင့်ချိန်မှာပဲ လာရောက်ပြီး ဆန္ဒမဲပေးနေကြပြီဖြစ်ပါတယ်။ အပိုင်း ၃ မှာ တနိုင်ငံလုံး ကျင်းပမယ့် မြို့နယ် (၆၃)မြို့နယ် မန္တလေးတိုင်းဒေသကြီးအတွင်း (၈)မြို့နယ်ကျင်းပမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၆)သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြမယ့် တပါတီ ၉ ပါတီ ၊တစ်သီးပုဂ္ဂလ ၃ ဦး၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၅၃၆ ဦး၊ ရှမ်းတိုင်း ရင်းသားကိုယ်စားလှယ်လောင်း ၄ ဦး တို့ ဝင်ယောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ မဲစာရင်းနံပါတ်ရှာရလွယ်အောင် တက်ပလက်တွေနဲ့ စီစဥ်ထားသလို မဲပေးစက်တွေ ချွတ်ယွင်းမှုမရှိအောင် ၊အချိန်ကြန့်ကြာမှုမရှိအောင် စီမံထားတယ်လို့လည်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ…
Read Moreနိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးက မဲရုံတွေလိုက်လံကြည့်ရှုပြီး မီဒီယာမေးမြန်းမှုတွေကို ဖြေဆို
မန္တလေး-ဇန်နဝါရီ ၂၅-၂၀၂၆ Voice Of Myanmar ရွေးကောက်ပွဲ တတိယပိုင်းအတွက် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က မဲရုံတွေကို နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲတတိယပိုင်း
Read Moreဖေဖော်ဝါရီလကစပြီး ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်
ဇန်နဝါရီ ၂၆၊ ၂၀၂၆ CC (VOM) ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်တွေအတွက် ရထားလက်မှတ်ကို လာမယ့် ဖေဖော်ဝါရီလ ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။ ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်မယ့် အစီအစဥ်ကို ပထမဆုံးစတင်မှာ ဖြစ်တာကြောင့် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နဲ့ ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်တွေ ဖြစ်တဲ့ အမှတ် ၇ အဆန် နဲ့ ၈အစုန် ရထား ၊ အမှတ် ၃၁ အဆန် နဲ့ ၃၂အစုန် ရထားခရီးစဥ်အတွက်သာ အွန်လိုင်းကနေ လက်မှတ်ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။ လက်ရှိမှာ အွန်လိုင်းကနေ လက်မှတ်ရောင်းချနိုင်ဖို့အတွက် အဆင့်ဆင့် စစ်ဆေးမှုတွေ…
Read Moreပို့ကုန်ရငွေဖြေလျှောမှုနဲ့အတူ ပဲအဝင်နည်းလို့ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးကွက်ဆက်တိုက်မြင့်တက်လာ
ဇန်နဝါရီ ၂၆ ၊ ၂၀၂၆ GG (VOM) ပြည်ပပို့ကုန် ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီက စျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ် စျေးနူန်းနဲ့ ကျပ်ငွေလဲလှယ်မှုကနေ ၁၅ ရာခိုင်နူန်းကိုသာ ကျပ်ငွေလဲလှယ်ဖို့ ဖြေလျှော့သတ်မှတ်ပြီး နောက်ပိုင်းကစလို့ ပြည်တွင်းပဲစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးနူန်း ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါအပြင် လက်ရှိကာလက ဆောင်းမတ်ပဲအသစ်နဲ့ ပဲစဥ်းငုံနီအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှု နည်းပြီး ပြည်တွင်းရှိ လှောင်လက် ကုန်သည်နဲ့ ပြည်ပက ဝယ်လိုအား ရှိနေတာကြောင့်လည်း စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ပို့ကုန်ရငွေကို ကျပ်ငွေလဲလှယ်ရတဲ့ ပမာဏကို လျှော့ချပေးတော့…
Read Moreရွေးကောက်ပွဲ အပိုင်း ၃ ပြီးဆုံးလို့ မဲရုံတွေ ပိတ်သိမ်း၊မန္တလေးတိုင်းမှာ မဲပေးသူ ၆၂.၅၉ ရာနှုန်း မဲပေးခဲ့
မန္တလေး၊ ဇန်နဝါရီ – ၂၅- ၂၀၂၆ VOICE OF MYANMAR အပိုင်း ၃ ပိုင်းခဲဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးဟာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ နောက်ဆုံးကျင်းပတဲ့ အပိုင်း ၃ ပြီးဆုံးလို့ မဲရုံတွေ ပိတ်သိမ်းပြီး ဆန္ဒမဲလက်မှတ်နဲ့ ကြိုတင်မဲတွေကို ရေတွက် စီစစ်နေပါပြီ။ မန္တလေးတိုင်း ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ခြောက်သိန်းသုံးသောင်းကျော် ရှိတဲ့အနက် မဲပေးသူအရေအတွက် လေးသိန်း နီးပါးရှိတဲ့အတွက် ၆၂.၅၉ ရာနှုန်း မဲပေးခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ပထမပိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တစ်နိုင်ငံလုံးကျင်းပတဲ့ မြို့နယ်(၁၀၂) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးမှု အခြေအနေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၃)သိန်းကျော်၊ မဲလာရောက်ပေးသူ (၈)သိန်းကျော်ရှိ၍ မဲပေးမှု % မှာ…
Read More