မန္တလေး၊ ဇန်နဝါရီ – ၂၅- ၂၀၂၆
VOICE OF MYANMAR
အပိုင်း ၃ ပိုင်းခဲဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးဟာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ နောက်ဆုံးကျင်းပတဲ့ အပိုင်း ၃ ပြီးဆုံးလို့ မဲရုံတွေ ပိတ်သိမ်းပြီး ဆန္ဒမဲလက်မှတ်နဲ့ ကြိုတင်မဲတွေကို ရေတွက် စီစစ်နေပါပြီ။
မန္တလေးတိုင်း ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ခြောက်သိန်းသုံးသောင်းကျော် ရှိတဲ့အနက် မဲပေးသူအရေအတွက် လေးသိန်း နီးပါးရှိတဲ့အတွက် ၆၂.၅၉ ရာနှုန်း မဲပေးခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ပထမပိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တစ်နိုင်ငံလုံးကျင်းပတဲ့ မြို့နယ်(၁၀၂) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးမှု အခြေအနေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၃)သိန်းကျော်၊ မဲလာရောက်ပေးသူ (၈)သိန်းကျော်ရှိ၍ မဲပေးမှု % မှာ ၆၂ % ကျော်ရှိပါတယ်။
ဒုတိယပိုင်း – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် တစ်နိုင်ငံလုံး ကျင်းပသည့် မြို့နယ်(၁၀ဝ)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၉)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၀) သိန်းကျော်တွင် မဲလာရောက်ပေးသူ (၇)သိန်းနီးပါးရှိ၍ မဲပေးမှု % မှာ၆၄% ကျော် ရှိပါတယ်။
မန္တလေးတိုင်း ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ခြောက်သိန်းသုံးသောင်းကျော် ရှိတဲ့အနက် မဲပေးသူအရေအတွက် လေးသိန်း နီးပါးရှိတဲ့အတွက် ၆၂.၅၉ ရာနှုန်း မဲပေးခဲ့တယ်လို့ သိရပါတယ်။
