သီပေါ-နမ့်လန်ကားလမ်းဘေးမှာ သေနတ်ဒဏ်ရာနဲ့ စွန့်ပစ်အလောင်းတွေ့

သီပေါ-နမ့်လန်ကားလမ်းဘေးမှာ သေနတ်ဒဏ်ရာနဲ့ စွန့်ပစ်အလောင်းတွေ့

နေပြည်တော်၊ စက်တင်ဘာ ၁၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ သီပေါမြို့နယ် ၊ သီပေါ- နမ့်လန် လမ်းပေါ်က နမ့်ပုပ္ပရွာအကျော်မှာ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက သေနတ်ဒဏ်ရာနှစ်ချက်နဲ့သေဆုံးနေတဲ့ ‌အလောင်းတစ်လောင်းကို လာရောက်စွန့်ပစ်ထားတယ်လို့ သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအဖွဲ့မှကိုသျှားထက်ပိုင်က ပြောပါတယ်။

“အလောင်းက ပိုင်ရှင်ပေါ်တယ် ။‌နောင်အန်ဘက်က ကိုစိုင်းညီညီလို့သိရတယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားပါ။ လွန်ခဲ့တဲ့ သုံးလေးလကလည်း ဟိုမုံးရွာနားမှာ အလောင်းသုံးလောင်း သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာ တွေ့ခဲ့သေးတယ်”လို့ ကိုသျှားထက်ပိုင်က ပြောပါတယ်။

သေဆုံးသူ ဦးစိုင်းညီညီကိုရဲ့ လက်ပြင်နေရာနဲ့ ဝဲဘက်ရင်အုံမှာ သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးနေတာဖြစ်ပြီး အလောင်းကို သီပေါဆေးရုံကြီး ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

သီပေါမြို့နယ်အနီး ကျေးရွာအချို့နားမှာ မကြာခဏ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူတွေကို လာရောက်စွန့်ပစ်လေ့ရှိပြီး ယမန်နှစ် ဒီဇင်ဘာလမှာလည်း အမျိုးသား ၃ဦး၊ အခုနှစ် ဇန်နဝါရီလမှာလည်း ၅ဦးနဲ့ ဩဂုတ်လ နောက်ဆုံးပတ်ခန့်ကလည်း အမျိုးသား၃ ဦးကို လာရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုလို လူသေဆုံးမှုနဲ့ပတ်သက်ပြီး သီပေါမြို့မရဲစခန်း နဲ့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို VOM ကဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။

Photo -နယ်စည်းမခြား မရဟိတ(သီပေါ)
#voiceofmyanmar #VOM #သီပေါ #သေနတ်မှန်အလောင်း #လာစွန့်

Zawgyi

သီေပါ-နမ့္လန္ကားလမ္းေဘးမွာ ေသနတ္ဒဏ္ရာနဲ႔ စြန႔္ပစ္အေလာင္းေတြ႕

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္ ၊ သီေပါ- နမ့္လန္ လမ္းေပၚက နမ့္ပုပၸ႐ြာအေက်ာ္မွာ စက္တင္ဘာ ၁၇ ရက္ေန႔ မနက္ပိုင္းက ေသနတ္ဒဏ္ရာႏွစ္ခ်က္နဲ႔ေသဆုံးေနတဲ့ ‌အေလာင္းတစ္ေလာင္းကို လာေရာက္စြန႔္ပစ္ထားတယ္လို႔ သီေပါၿမိဳ႕နယ္ နယ္စည္းမျခားပရဟိတအဖြဲ႕မွကိုသွ်ားထက္ပိုင္က ေျပာပါတယ္။

“အေလာင္းက ပိုင္ရွင္ေပၚတယ္ ။‌ေနာင္အန္ဘက္က ကိုစိုင္းညီညီလို႔သိရတယ္၊ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားပါ။ လြန္ခဲ့တဲ့ သံုးေလးလကလည္း ဟိုမုံး႐ြာနားမွာ အေလာင္းသုံးေလာင္း ေသနတ္ဒဏ္ရာနဲ႔ေသဆုံးေနတာ ေတြ႕ခဲ့ေသးတယ္”လို႔ ကိုသွ်ားထက္ပိုင္က ေျပာပါတယ္။

ေသဆုံးသူ ဦးစိုင္းညီညီကိုရဲ႔ လက္ျပင္ေနရာနဲ႔ ဝဲဘက္ရင္အုံမွာ ေသနတ္ဒဏ္ရာ ၂ ခ်က္နဲ႔ ေသဆုံးေနတာျဖစ္ၿပီး အေလာင္းကို သီေပါေဆး႐ုံႀကီး ပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

သီေပါၿမိဳ႕နယ္အနီး ေက်း႐ြာအခ်ိဳ႕နားမွာ မၾကာခဏ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးေနသူေတြကို လာေရာက္စြန႔္ပစ္ေလ့ရွိၿပီး ယမန္ႏွစ္ ဒီဇင္ဘာလမွာလည္း အမ်ိဳးသား ၃ဦး၊ အခုႏွစ္ ဇန္နဝါရီလမွာလည္း ၅ဦးနဲ႔ ဩဂုတ္လ ေနာက္ဆုံးပတ္ခန႔္ကလည္း အမ်ိဳးသား၃ ဦးကို လာေရာက္စြန႔္ပစ္ခဲ့တဲ့ျဖစ္စဥ္ေတြျဖစ္ခဲ့တယ္လို႔ ေဒသခံေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

အခုလို လူေသဆုံးမႈနဲ႔ပတ္သက္ၿပီး သီေပါၿမိဳ႕မရဲစခန္း နဲ႔ ေက်ာက္မဲခ႐ိုင္ရဲတပ္ဖြဲ႔မွဴးရံုးကို VOM ကဖုန္းနဲ႔ဆက္သြယ္ေမးျမန္းေပမယ့္ လက္ခံေျဖၾကားမႈမရွိခဲ့ပါဘူး။

Photo -နယ္စည္းမျခား မရဟိတ(သီေပါ)
#voiceofmyanmar #VOM #သီေပါ #ေသနတ္မွန္အေလာင္း #လာစြန္႔

Related posts

Leave a Comment

VOM News

FREE
VIEW