အုတ်ဖိုမြို့နယ်မှာ ပထမဦးဆုံး ကိုဗစ်လူနာ ၂ဦးတွေ့

အုတ်ဖိုမြို့နယ်မှာ ပထမဦးဆုံး ကိုဗစ်လူနာ ၂ဦးတွေ့

ပြည် ၊ စက်တင်ဘာလ ၁၈-၂၀၂၀
လပြည့် (VOM)

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်မှာ ပထမဆုံးအကြိမ် COVID 19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာ ၂ ဦးကို ဒီကနေ့မှာတွေ့ရှိခဲ့ပြီး အဲ့ဒီလူနာ၂ဦးကို ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလူနာ ၂ဦးနဲ့ထိစပ်ခဲ့တဲ့သူ ၄၀ ကျော်ကို ကွာရန်တင်းဝင်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

“လူနာကတော့ ညနေ‌ ၄ နာရီမှပဲ case number သိရမယ်၊ ညနေ ၄ နာရီကျော်မှ သူတို့ထုတ်ပြန်မှပဲ case number မသိရသေးဘူး၊ ကျွန်တော်တို့က ညထဲကသိရတာလေ၊ လူနာနှစ်ယောက်ပါ၊ နံပါတ် ၁ က အမျိုးသားတစ်ယောက် ၅၁ နှစ် တိမ်မြုပ်ကျေးရွာမှနေထိုင်သူဖြစ်ပြီးတော့ တောင်ဥက္ကလာပအဝေးပြေးဝန်းမှာ ရွှေမန်းသူယာဉ်ကြီးကြပ်ရေးလုပ်တဲ့သူအဲ့ဒီသူက ၅ ရက်နေ့က ဆိုင်ကယ်တက္ကစီနဲ့ အောင်မင်္ဂလာသွားတယ်၊ အောင်မင်္ဂလာကနေဘုန်းမြတ်ပိုင်စီးပြီးတော့ ၅ ရက်နေ့မှာအဲ့ဒီအုတ်ဖို တာဆုံရောက်ပြီး သူ့အရှေ့ဘက်ခြမ်းတိမ်မြုပ်ကျေးရွာကိုပြန်ပြီးတော့ Home Quarantine နေတယ်လို့ပြောတယ်၊ ဒါပေမယ့်လည်းသူ HQ တိတိကျကျမနေခဲ့တဲ့အတွက် သူ့ contact တွေကတော့ ကျွန်တော်တို့လိုက်နေရတယ်မြို့ထဲကိုသွားထားတာတွေရှိတယ်၊ နောက်နှစ်ရက်မှာ ကိုယ်လက်ကိုက်ပြီးတော့ အနံ့ပျောက်တယ်ဆိုလို့သတင်းရတော့မှ HQ တိတိကျကျထားပြီးတော့ Swab ယူတဲ့အခါမှာ Positive တွေ့တယ်”လို့ အုတ်ဖိုဆေးရုံအုပ် ဒေါက်တာသန့်ဇော်မောင်ကပြောပါတယ်။

မှော်ဘီကနေ အုတ်ဖိုကို ရထားနဲ့ပြန်လာတဲ့ အသက် ၄၂ အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးကတော့ Quarantine ထားပြီး Swab ယူစစ်ဆေးတဲ့အခါမှာ ဘာရောဂါလက္ခဏာမှမပြဘဲ ပိုးတွေ့ခဲ့တာဖြစ်တဲ့အတွက် သူနဲ့ထိစပ်ခဲ့သူ ၅ ယောက်လောက်ပဲရှိတယ်လို့ ဒေါက်တာသန့်ဇင်မောင်ကပြောပါတယ်။

ဒါ့အပြင် အုတ်ဖိုမြိုက ပိုးတွေ့လူနာနေထိုင်ခဲ့တဲ့နေရတွေနဲ့ သွားလာခဲ့တဲ့နေရာတွေကိုစုံစမ်းစစ်ဆေးပြီး ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်နေသလို သူနဲ့ထိတွေ့ခဲ့တဲ့ contact များကိုလည်း စုံစမ်းစစ်ဆေးပြီး Quarantine ထားရှိနေတယ်လို့ သိရပါတယ်။

အခုလက်ရှိ ပြည်ကုတင် ၅၀၀ ဆေးရုံကြီး ICU မှာ အုတ်ဖိုမြို့နယ်ကလူနာ ၂ ယောက် ၊ ကြို့ပင်ကောက်မြို့နယ်ကလူနာ ၁ ယောက် ၊ အောင်လံမြို့ကလူနာ ၁ ယောက် ၊ ပြည်မြို့မှာပြုလုပ်တဲ့ သတင်းသင်တန်းက ၂ ယောက်နဲ့ စက်တင်ဘာလ ၇ ရက်နေ့က ထပ်တိုးခဲ့တဲ့ ၂ ယောက် စုစုပေါင်း ၈ ယောက်ရှိပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ညပိုင်းမှာပို့ခဲ့တဲ့ သူနာပြုဆရာမတစ်ဦးကတော့ ပြည်ဆေးရုံကြီးပိုးစစ်ဌာနရဲ့အဖြေအရ ပိုးတွေ့ရှိခဲ့ပြီး အမျိုးသားဓာတ်ခွဲဌာနက မထုတ်ပြန်သေးတာကြောင့် အတည်မပြုသေးဘူးလို့ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကနေ သိရပါတယ်။

#voiceofmyanmar #VOM #အုတ်ဖို #ကိုဗစ်လူနာ

Zawgyi

အုတ္ဖိုၿမိဳ႕နယ္မွာ ပထမဦးဆုံး ကိုဗစ္လူနာ ၂ဦးေတြ႕

ျပည္ ၊ စက္တင္ဘာလ ၁၈-၂၀၂၀
လျပည့္ (VOM)

ပဲခူးတိုင္း ၊ သာယာဝတီခ႐ိုင္ ၊ အုတ္ဖိုၿမိဳ႕နယ္မွာ ပထမဆုံးအႀကိမ္ COVID 19 ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ လူနာ ၂ ဦးကို ဒီကေန႔မွာေတြ႕ရွိခဲ့ၿပီး အဲ့ဒီလူနာ၂ဦးကို ျပည္ၿမိဳ႕ ကုတင္ ၅၀၀ ေဆး႐ုံကို လႊဲေျပာင္းပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီလူနာ ၂ဦးနဲ႔ထိစပ္ခဲ့တဲ့သူ ၄၀ ေက်ာ္ကို ကြာရန္တင္းဝင္ခိုင္းခဲ့တယ္လို႔လည္း သိရပါတယ္။

“လူနာကေတာ့ ညေန‌ ၄ နာရီမွပဲ case number သိရမယ္၊ ညေန ၄ နာရီေက်ာ္မွ သူတို႔ထုတ္ျပန္မွပဲ case number မသိရေသးဘူး၊ ကြၽန္ေတာ္တို႔က ညထဲကသိရတာေလ၊ လူနာႏွစ္ေယာက္ပါ၊ နံပါတ္ ၁ က အမ်ိဳးသားတစ္ေယာက္ ၅၁ ႏွစ္ တိမ္ျမဳပ္ေက်း႐ြာမွေနထိုင္သူျဖစ္ၿပီးေတာ့ ေတာင္ဥကၠလာပအေဝးေျပးဝန္းမွာ ေ႐ႊမန္းသူယာဥ္ႀကီးၾကပ္ေရးလုပ္တဲ့သူအဲ့ဒီသူက ၅ ရက္ေန႔က ဆိုင္ကယ္တကၠစီနဲ႔ ေအာင္မဂၤလာသြားတယ္၊ ေအာင္မဂၤလာကေနဘုန္းျမတ္ပိုင္စီးၿပီးေတာ့ ၅ ရက္ေန႔မွာအဲ့ဒီအုတ္ဖို တာဆုံေရာက္ၿပီး သူ႔အေရွ႕ဘက္ျခမ္းတိမ္ျမဳပ္ေက်း႐ြာကိုျပန္ၿပီးေတာ့ Home Quarantine ေနတယ္လို႔ေျပာတယ္၊ ဒါေပမယ့္လည္းသူ HQ တိတိက်က်မေနခဲ့တဲ့အတြက္ သူ႔ contact ေတြကေတာ့ ကြၽန္ေတာ္တို႔လိုက္ေနရတယ္ၿမိဳ႕ထဲကိုသြားထားတာေတြရွိတယ္၊ ေနာက္ႏွစ္ရက္မွာ ကိုယ္လက္ကိုက္ၿပီးေတာ့ အနံ႔ေပ်ာက္တယ္ဆိုလို႔သတင္းရေတာ့မွ HQ တိတိက်က်ထားၿပီးေတာ့ Swab ယူတဲ့အခါမွာ Positive ေတြ႕တယ္”လို႔ အုတ္ဖိုေဆး႐ုံအုပ္ ေဒါက္တာသန႔္ေဇာ္ေမာင္ကေျပာပါတယ္။

ေမွာ္ဘီကေန အုတ္ဖိုကို ရထားနဲ႔ျပန္လာတဲ့ အသက္ ၄၂ အ႐ြယ္ရွိတဲ့ အမ်ိဳးသမီးတစ္ဦးကေတာ့ Quarantine ထားၿပီး Swab ယူစစ္ေဆးတဲ့အခါမွာ ဘာေရာဂါလကၡဏာမွမျပဘဲ ပိုးေတြ႕ခဲ့တာျဖစ္တဲ့အတြက္ သူနဲ႔ထိစပ္ခဲ့သူ ၅ ေယာက္ေလာက္ပဲရွိတယ္လို႔ ေဒါက္တာသန႔္ဇင္ေမာင္ကေျပာပါတယ္။

ဒါ့အျပင္ အုတ္ဖိုၿမိဳက ပိုးေတြ႕လူနာေနထိုင္ခဲ့တဲ႔ေနရေတြနဲ႔ သြားလာခဲ့တဲ့ေနရာေတြကိုစုံစမ္းစစ္ေဆးၿပီး ပိုးသတ္ေဆးျဖန္းျခင္းမ်ားျပဳလုပ္ေနသလို သူနဲ႔ထိေတြ႕ခဲ့တဲ့ contact မ်ားကိုလည္း စုံစမ္းစစ္ေဆးၿပီး Quarantine ထားရွိေနတယ္လို႔ သိရပါတယ္။

အခုလက္ရွိ ျပည္ကုတင္ ၅၀၀ ေဆး႐ုံႀကီး ICU မွာ အုတ္ဖိုၿမိဳ႕နယ္ကလူနာ ၂ ေယာက္ ၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ကလူနာ ၁ ေယာက္ ၊ ေအာင္လံၿမိဳ႕ကလူနာ ၁ ေယာက္ ၊ ျပည္ၿမိဳ႕မွာျပဳလုပ္တဲ့ သတင္းသင္တန္းက ၂ ေယာက္နဲ႔ စက္တင္ဘာလ ၇ ရက္ေန႔က ထပ္တိုးခဲ့တဲ့ ၂ ေယာက္ စုစုေပါင္း ၈ ေယာက္ရွိၿပီျဖစ္ပါတယ္။

စက္တင္ဘာလ ၁၇ ရက္ေန႔ညပိုင္းမွာပို႔ခဲ့တဲ့ သူနာျပဳဆရာမတစ္ဦးကေတာ့ ျပည္ေဆး႐ုံႀကီးပိုးစစ္ဌာနရဲ႕အေျဖအရ ပိုးေတြ႕ရွိခဲ့ၿပီး အမ်ိဳးသားဓာတ္ခြဲဌာနက မထုတ္ျပန္ေသးတာေၾကာင့္ အတည္မျပဳေသးဘူးလို႔ ျပည္ကုတင္ ၅၀၀ ေဆး႐ုံႀကီးကေန သိရပါတယ္။

#voiceofmyanmar #VOM #အုတ္ဖို #ကိုဗစ္လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW