ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် လက်ခံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် လက်ခံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

မနီလာ၊ စက်တင်ဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို လက်ခံဖို့ဆန္ဒရှိတယ်လို့ သမ္မတဒူတာတေးက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

၁၉၁၇ တော်လှန်ရေးအပြီးမှာ ရုရှားလူဖြူဒုက္ခသည်တွေ၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးတွေ၊ ၁၉၆၀ ခုနှစ်နှောင်းပိုင်း ဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်နမ်ဒုက္ခသည်တွေနဲ့ ၁၉၇၉ ခုနှစ်တော်လှန်ရေးကြောင့် အိုးမဲ့အိမ်မဲ့ အီရန်လူမျိုးများအပါအဝင် ဒုက္ခသည်တွေကို ဖိလစ်ပိုင်နိုင်ငံက လက်ခံခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တယ်လို့လည်း ဒူတာတေးကဆိုပါတယ်။

ဒုက္ခသည်ဆိုင်ရာ ၁၉၅၁ ခုနှစ်စာချုပ်နဲ့ ၁၉၆၇ ခုနှစ်သဘောတူညီချက်တွေအရ ဖိလစ်ပိုင်နိုင်ငံဟာ မိမိတို့ရဲ့ တာဝန်ဝတ္တရားများနဲ့အညီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သူကပြောပါတယ်။

ပဋိပက္ခ၊ နှိပ်စက်ညှင်းပန်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အထိခိုက်လွယ်ဆုံးသူတွေကို ကူညီတာဟာ နိုင်ငံတွေအားလုံးရဲ့ တာဝန်ယူမှုကို မျှဝေယူလိုက်တာဖြစ်တယ်လို့ ဒူတာတေးက ပြောပါတယ်။

ရိုဟင်ဂျာတွေလိုမျိုး ဘေးကင်းလုံခြုံမှုရှိဖို့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာသူတိုင်းအတွက် ဖိလစ်ပိုင်နိုင်ငံဟာ တံခါးအမြဲဖွင့်ထားတယ်ဆိုတာ ကြိမ်ဖန်များစွာ ပြောဆိုထားပြီးဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောဆိုခဲ့ပါတယ်။

Ref: Inquirer.net
Photo: AP
#voiceofmyanmar #VOM #မနီလာ #ရိုဟင်ဂျာကိစ္စ #ဒူတာတေး

Zawgyi

ရိုဟင္ဂ်ာေတြကို ဒုကၡသည္အျဖစ္ လက္ခံသြားမယ္လို႔ ဖိလစ္ပိုင္သမၼတ ဒူတာေတးေျပာ

မနီလာ၊ စက္တင္ဘာ-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ဖိလစ္ပိုင္နိုင္ငံဟာ ျမန္မာနိုင္ငံက ရိုဟင္ဂ်ာေတြအပါအ၀င္ ဒုကၡသည္ေတြကို လက္ခံဖို႔ဆႏၵရိွတယ္လို႔ သမၼတဒူတာေတးက ကုလသမဂၢအေထြေထြညီလာခံမွာ ေျပာၾကားတဲ႔ ရုပ္သံမိန္႔ခြန္းမွာ ထည္႔သြင္းေျပာဆိုလိုက္ပါတယ္။

၁၉၁၇ ေတာ္လွန္ေရးအျပီးမွာ ရုရွားလူျဖဴဒုကၡသည္ေတြ၊ ဒုတိယကမၻာစစ္အတြင္းမွာ ဂ်ဴးေတြ၊ ၁၉၆၀ ခုနွစ္ေနွာင္းပိုင္း ဗီယက္နမ္စစ္ပြဲအတြင္း ဗီယက္နမ္ဒုကၡသည္ေတြနဲ႔ ၁၉၇၉ ခုနွစ္ေတာ္လွန္ေရးေၾကာင္႔ အိုးမဲ႕အိမ္မဲ႔ အီရန္လူမ်ိဳးမ်ားအပါအ၀င္ ဒုကၡသည္ေတြကို ဖိလစ္ပိုင္နိုင္ငံက လက္ခံခဲ႔တဲ႔ သမိုင္းေၾကာင္း ရိွခဲ႔တယ္လို႔လည္း ဒူတာေတးကဆိုပါတယ္။

ဒုကၡသည္ဆုိင္ရာ ၁၉၅၁ ခုနွစ္စာခ်ဳပ္နဲ႔ ၁၉၆၇ ခုနွစ္သေဘာတူညီခ်က္ေတြအရ ဖိလစ္ပိုင္နိုင္ငံဟာ မိမိတို႔ရဲ႕ တာ၀န္၀တၱရားမ်ားနဲ႔အညီ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အစဥ္အလာကို ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ သူကေျပာပါတယ္။

ပဋိပကၡ၊ နွိပ္စက္ညွင္းပန္းမႈ၊ နိုင္ငံေရးမတည္ျငိမ္မႈေတြေၾကာင္႔ အိုးအိမ္စြန္႔ခြာထြက္ေျပးခဲ႔ရတဲ႔ အထိခိုက္လြယ္ဆံုးသူေတြကို ကူညီတာဟာ နိုင္ငံေတြအားလံုးရဲ႕ တာ၀န္ယူမႈကို မွ်ေ၀ယူလိုက္တာျဖစ္တယ္လို႔ ဒူတာေတးက ေျပာပါတယ္။

ရိုဟင္ဂ်ာေတြလိုမ်ိဳး ေဘးကင္းလံုျခံဳမႈရိွဖို႔အတြက္ ေနရပ္စြန္႔ခြာထြက္ေျပးလာသူတိုင္းအတြက္ ဖိလစ္ပိုင္နိုင္ငံဟာ တံခါးအျမဲဖြင္႔ထားတယ္ဆိုတာ ၾကိမ္ဖန္မ်ားစြာ ေျပာဆိုထားျပီးျဖစ္တယ္လို႔ ဖိလစ္ပိုင္သမၼတက ေျပာဆိုခဲ႔ပါတယ္။

Ref: Inquirer.net
Photo: AP
#voiceofmyanmar #VOM #မနီလာ #႐ိုဟင္ဂ်ာကိစၥ #ဒူတာေတး

Related posts

Leave a Comment

VOM News

FREE
VIEW