အမှိုက်ကားပေါ်က စိန်နားကပ်တရံ
Read More
ဥူးပဇင်း ၃ ပါးက ကိုရင် ၁ ပါးကို ဖုန်းခိုးတယ်ဆိုပြီး ရိုက်နှက်စစ်ဆေးရာကနေ ကိုရင် ပျံလွန်တော်မူ
ဥူးပဇင်း ၃ ပါးက ကိုရင် ၁ ပါးကို ဖုန်းခိုးတယ်ဆိုပြီး ရိုက်နှက်စစ်ဆေးရာကနေ ကိုရင် ပျံလွန်တော်မူ ပင်လည်ဘူး ၊ စက်တင်ဘာ၂၄-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ပင်လည်ဘူးမြို့နယ် ၊ ပင်ကြိုင်ကျေးရွာ ပင်ကြိုတောင်ကျောင်းတိုက်မှာ မနေ့ စက်တင်ဘာ ၂၃ရက် ညပိုင်းက သီတင်းသုံးနေထိုင်တဲ့ ကိုရင် ရှင်ရာဇိန္ဒ(ခ)မောင်သစ်ဆန်းကို ဖုန်းခိုးယူတယ်လို့ မသင်္ကာတာကြောင့် ဥူးပဇင်း ၃ ပါးက မီးပလပ်ခုံက ဝါယာကြိုးတွေ ၊ ဝါးခြမ်းပြားတုတ်တွေနဲ့ ရိုက်နှက်စစ်ဆေးတဲ့အတွက် ကိုရင် ၁ပါး ပျံလွန်တော်မူခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ် ။ အခုလိုရိုက်နှက်စစ်ဆေးခဲ့တဲ့ သီတင်သုံး(ဝါကပ်)ထားတဲ့ ဥူးပဇင်း ၃ ပါးကို ပင်လည်ဘူးမြို့မရဲစခန်းက ဒီကနေ့မနက်မှာပဲ လူဝတ်လဲပြီး လူသတ်မှုနဲ့အမှုဖွင့်အရေးယူလိုက်တယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ လူသတ်မှုနဲ့ အရေးယူထားတာ ဟုတ်တယ် ၊…
Read More
ယာယီအလုပ်ပိတ်ရက်အတွက် အလုပ်သမားတွေကို အနည်းဆုံးလုပ်ခလစာအတိုင်းအပြည့်ပေးဖို့တောင်းဆို
ယာယီအလုပ်ပိတ်ရက်အတွက် အလုပ်သမားတွေကို အနည်းဆုံးလုပ်ခလစာအတိုင်းအပြည့်ပေးဖို့တောင်းဆို ရန်ကုန် စက်တင်ဘာ ၂၄-၂၀၂၀ သိင်္ဂီ (VOM) စက်ရုံ၊ အလုပ်ရုံတွေ ယာယီ၂ ပတ် ပိတ်ရက်အတွက် အလုပ်သမားတွေကို ထောက်ပံ့မယ့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဟာ အလုပ်သမားတွေအတွက် အဆင်ပြေမှုမရှိဘူးလို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် အလုပ်သမားတွေရဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ဖူလုံရေးအကျုံးဝင်အလုပ်သမားတွေကို ဖူလုံရေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းနဲ့ အလုပ်ရှင်က ၄၀ ရာခိုင်နူနန်းပေါင်းပြီး တစ်နေ့ကို အခြေခံလုပ်ခနှုန်းထားပေးဆောင်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေးအာမခံစနစ်အကျိုးခံစားခွင့်ရံပုံငွေ အကျုံးမဝင်တဲ့ အလုပ်သမားတွေကိုပါ အစိုးရရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အရေးပေါ် ရံပုံငွေကနေ ၆၀ရာခိုင်နူန်းနဲ့ အလုပ်ရှင်ကနေ ၄၀ရာခိုင်နူန်းပေါင်းပြီး အနည်းဆုံးလုပ်ခလစာ အပြည့်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ “၄၀ ရာခိုင်နှုန်းက အလုပ်သမားတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုမျိုး မဟုတ်ပါဘူး။ ၂ ပတ်စာအတွက်ရမယ့်ငွေက သောင်းဂဏန်းဝန်းကျင်လောက်ပဲရှိတယ်။ ဘာလိုလဲဆိုတော့…
Read More
ပြည်ပနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိသလား
ပြည်ပနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိသလား စစ်ကိုင်း၊ စက်တင်ဘာ- ၂၄- ၂၀၂၀ ရှိုင်းအောင်(VOM) မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိလား၊ စိတ်ဝင်စားမှုမရှိကြဘူးလားဆိုတာကို VOM သတင်းထောက် ကိုရှိုင်းအောင်က ပြည်ပနိုင်ငံတွေမှာ နေထိုင်နေကြတဲ့သူတွေကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိမရှိကို ၁၉၉၁ ခုနှစ်ကတည်းက ကိုရီးယားမှာ ရောက်ရှိနေထိုင်နေတဲ့ ကိုရန်နိုင်ထွန်းကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “၂၀၂၀ ရွေးကောက်ပွဲကာလမှာတော့ ၂၀၁၅ ရွေးကောက်ပွဲကာလထက်စာရင် စိတ်ပါဝင်စားမှုက တော်တော်အားကောင်းလာတာကိုတွေ့ရတယ်၊ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကိုရီးယားမှာဆိုရင် မြန်နာနိုင်ငံသား ၃ သောင်းကျော်လောက် ရောက်ရှိနေပါပြီ၊ အဲ့ဒီထဲမှာ အလုပ်သမားတွေပါမယ် အစိုးရအမှုထမ်းတွေပါမယ်၊ ကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူတွေပါမယ်ပေါ့လေ၊ လူတန်းစား ၃ ရပ်လောက်ရှိတယ်၊ အဲ့ဒီအထဲကနေ ပုံံစံ-၁၅…
Read More
တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့
တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့ ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၀ မျိုးဆက်(VOM) တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ဒါဟာ အလွန်ရက်စက်ရုပ်တ်မာတဲ့ လုပ်ရပ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ သေဆုံးသွားသူဟာ နှစ်နိုင်ငံနယ်စပ်အနီးရှိ ကင်းလှည့်သင်္ဘောတစ်စင်းပေါ်ကနေ ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာတော့ အလောင်းကို မြောက်ကိုရီးယားရေပိုင်နက်မှာ ပြန်တွေ့ခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ အဲဒီအမျိုးသားကို ပစ်သတ်ပြီးနောက် အလောင်းပေါ်ကိုဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအပေါ် အခြေခံကာ ဒီလိုကောက်ချက်ချခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုး မရှိပါဘူး။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမဖြစ်ပေါ်ရေးအတွက် မြောက်ကိုရီးယားဟာ သူ့ရဲ့နယ်စပ်ကို တင်းကြပ်မှုတွေပြုထားပြီး ဝင်ရောက်လာရင် ပစ်သတ်နိုင်တဲ့မူဝါဒ ထားရှိတယ်လို့ ယူဆရပါတယ်။ Ref : BBC Photo:Getty Images #voiceofmyanmar #VOM #ဆိုးလ်…
Read More
ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ်
ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ် ပုသိမ် ၊စက်တင်ဘာ ၂၄-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံအားလုံး ၁၄ ရက်ယာယီပိတ်သိမ်းဖို့ တိုင်း အစိုးရအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ညွန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ပုသိမ်စက်မှုဇုန်မှာရှိတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံက အလုပ်သမား ၃ ဦးနဲ့ ဒေါင်းလောင်အထည်ချုပ်စက်ရုံက အလုပ်သမား ၁ ဦးတို့မှာ Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက် အထည်ချုပ်စက်ရုံအားလုံးကို ၁၄ ရက်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “တိုင်းအစိုးရကယာယီအားဖြင့်ပိတ်တာပါ၊ ရောဂါပိုးထိန်းချုပ်နိုင်ရေးနဲ့ အများပြည်သူအတွက်ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။ စက်ရုံအလုပ်သမားအားလုံး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ Home Stay နေထိုင်စေပြီး သွားလာမှုတွေကို ကန့်သတ်ထားရှိကာ ကြပ်မတ်ဆောင်ရွက်ရမယ်လို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တဆင့်ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။ ” စက်တင်ဘာ ၂၄ရက်နေ့ ယနေ့ နေ့လယ်မှ ညွှန်ကြားစာရောက်လာတဲ့အတွက် မနက်ဖြန် စက်တင်ဘာ ၂၅ ရက်နေ့မှသာ…
Read More
ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် လက်ခံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော
ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် လက်ခံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော မနီလာ၊ စက်တင်ဘာ-၂၄-၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို လက်ခံဖို့ဆန္ဒရှိတယ်လို့ သမ္မတဒူတာတေးက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။ ၁၉၁၇ တော်လှန်ရေးအပြီးမှာ ရုရှားလူဖြူဒုက္ခသည်တွေ၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးတွေ၊ ၁၉၆၀ ခုနှစ်နှောင်းပိုင်း ဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်နမ်ဒုက္ခသည်တွေနဲ့ ၁၉၇၉ ခုနှစ်တော်လှန်ရေးကြောင့် အိုးမဲ့အိမ်မဲ့ အီရန်လူမျိုးများအပါအဝင် ဒုက္ခသည်တွေကို ဖိလစ်ပိုင်နိုင်ငံက လက်ခံခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တယ်လို့လည်း ဒူတာတေးကဆိုပါတယ်။ ဒုက္ခသည်ဆိုင်ရာ ၁၉၅၁ ခုနှစ်စာချုပ်နဲ့ ၁၉၆၇ ခုနှစ်သဘောတူညီချက်တွေအရ ဖိလစ်ပိုင်နိုင်ငံဟာ မိမိတို့ရဲ့ တာဝန်ဝတ္တရားများနဲ့အညီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သူကပြောပါတယ်။ ပဋိပက္ခ၊ နှိပ်စက်ညှင်းပန်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အထိခိုက်လွယ်ဆုံးသူတွေကို ကူညီတာဟာ နိုင်ငံတွေအားလုံးရဲ့ တာဝန်ယူမှုကို မျှဝေယူလိုက်တာဖြစ်တယ်လို့ ဒူတာတေးက…
Read More
 ရခိုင်မှာ စစ်ဘေးနဲ့ကပ်ရောဂါဘေးကျရောက်နေချိန် ကျောက်ဖြူကစီမံကိန်းတွေဆက်လုပ်နေတာ ဒေသခံတွေမလိုလား
ရခိုင်မှာ စစ်ဘေးနဲ့ကပ်ရောဂါဘေးကျရောက်နေချိန် ကျောက်ဖြူကစီမံကိန်းတွေဆက်လုပ်နေတာ ဒေသခံတွေမလိုလား   ကျောက်ဖြူ၊ စက်တင်ဘာ ၂၄- ၂၀၂၀ ထက်အောင်စိုင်း (VOM)   ရခိုင်ပြည်နယ်အတွင်း လက်ရှိ ကိုဗစ် ၁၉ ပိုးကူးစက်မှုမြင့်တက်နေတဲ့အပြင် ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ၊ လက်နက်ကြီး ကျည်ကျပြီး သေဆုံး၊ ဒဏ်ရာရမှုတွေမြင့်တက်နေတဲ့ ကာလမှာ ရခိုင်ပြည်နယ်အလယ်ပိုင်းက ကျောက်ဖြူခရိုင်အတွင်း အထူးစီပွားရေးဇုန်စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို ရပ်နားထားဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက လိုလားနေကြတာဖြစ်ပါတယ်။   ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ကိုထွန်းကြည်ပြောပြတာကတော့ “ ရေနက်ဆိပ်ကမ်းကိုတော့ လုပ်တာမတွေ့သေးဘူး။ ဒါပေမယ့် တစ်ခြား စီမံကိန်းတွေကိုတော့ လုပ်နေတာတွေ့ရတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် စစ်ပွဲတွေအများကြီး ဖြစ်နေတယ်။ ပဋိပက္ခတွေလည်းအများကြီးဖြစ်နေတယ်။ ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်။ လက်ရှိ စစ်ရေးကာလ ရခိုင်ပြည်နယ်ရဲ့ ဒေသမတည်ငြိမ်တဲ့ ကာလမှာ…
Read More
ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံအားလုံး ယာယီပိတ်သိမ်း
ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံအားလုံး ယာယီပိတ်သိမ်း ရန်ကုန်၊ စက်တင်ဘာ၂၄-၂၀၂၀ အေးချမ်းသူ(VOM) ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ ရန်ကုန်တိုင်းအတွင်း ခွင့်ပြုထားသောလုပ်ငန်းများမှအပ ကျန်တဲ့စက်ရုံအလုပ်ရုံတွေအားလုံး ဒီကနေ့ စက်တင်ဘာ၂၄ရက်မှစတင်ကာ အောက်တိုဘာ၇ရက်နေ့အထိ ယာယီပိတ်သိမ်းလိုက်ပြီးဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံများပိတ်သိမ်းရာမှာ အမိန့်စာထုတ်ပြန်ချက်အရ ယာယီပိတ်တဲ့စက်ရုံတွေဟာ အထည်ချုပ်စက်ရုံအများစုသာပါရှိတယ်လို့ မြန်မာ နိူင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MICS-TUSF)အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။ “အမိန့်စာထုတ်ပြန်တာကို မရှင်းတာ၊ ရှုပ်ထွေးနေတာ၊ တစ်ကိုယ်ရေသုံးပစွည်းသုံးဆိုတာ ဘာတွေလဲ ထည့်မရေးထားဘူး၊ CMP ဆိုရင် ကုန်ကြမ်းပေး၊ကုန်ချောယူပေါ့၊ အဲ့ဒါဆိုရင်အထည်ချုပ်ပဲသိတာ အိတ်၊ဖိနပ် အဲ့လိုစက်ရုံတွေမပါပြန်ဘူး”လို့ ဦးသက်နှင်းအောင်ကရှင်းပြပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘဏ်နဲ့ငွေကြေးဝန်ဆောင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နဲ့ သား၊ငါးအအေးခန်းများ၊ ဆေးဝါးနှင့်ဆေးပစွည်းကိရိယာဖြန့်ဖြူးထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့စက်ရုံတွေမပါဝင်ဘူးလို့ သိရပါတယ်။ အမိန့်အမှတ် ၁၀၇/၂၀၂၀မှာ အလုပ်ပိတ်ရက်တွေမှာ လုပ်ခလစာပေးချေမှုမပါဝင်တာကြောင့် အလုပ်ရှင်နှင့်အလုပ်သမားကြား အငြင်းပွားမှုများစွာဖြစ်ပေါ်စေပြီး အလုပ်သမားတွေကို လူမှုဖူလုံရေးကနေ ၆၀ရာခိုင်နူန်းနဲ့ အလုပ်ရှင်ဘက် ၄၀ရာခိုင်နူန်းပေးဖို့ တော…
Read More
မြစ်ကြီးနားကနေ နေပြည်တော်အထိ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းစီးခဲ့တဲ့ မော်တော်ယာဉ်က ယာဉ်မောင်းကို စုံစမ်းမရသေး
မြစ်ကြီးနားကနေ နေပြည်တော်အထိ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းစီးခဲ့တဲ့ မော်တော်ယာဉ်က ယာဉ်မောင်းကို စုံစမ်းမရသေး မြစ်ကြီးနား၊ စက်တင်ဘာ ၂၄-၂၀၂၀ ရန်အောင်ထွန်း(VOM) နေပြည်တော်က Covid-19 အတည်ပြုလူနာ ရဲဝန်ထမ်းနဲ့အတူ ဝန်ထမ်းတွေလိုက်ပါစီးနင်းခဲ့တဲ့ မော်တော်ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ၂ဦးကို မတွေ့သေးဘူးလို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြောပါတယ်။ Covid-19 အတည်ပြုလူနာဟာ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စနဲ့ အင်ဂျန်းယန်ကနေ နေပြည်တော်ကို တာဝန်ပြောင်းရင်း ကွာရန်တင်းဝင်ခဲ့ရာက ကိုဗစ်ရောဂါပိုး ကူးစက်ခံရထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ မြစ်ကြီးနားကားဝင်းကနေ ကားအစင်လုံးငှားပြီး ပြန်သွားတာလို့သိရပြီး ရဲဝန်ထမ်းလိုက်ပါခဲ့တဲ့ ကားမှာတော့ အခြားရဲဝန်ထမ်း ၁၆ ယောက် လိုက်ပါခဲ့ပြီး သူတစ်ယောက်သာ Covid-19 အတည်ပြုလူနာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ကျန်တဲ့ရဲဝန်ထမ်းတွေရဲ့ Swabကိုလည်း စိတ်ချရအောင်အတွက် ဒုတိယအကြိမ် ထပ်မံဓာတ်ခွဲအတည်ပြုမယ်လို့လည်း သိရပါတယ်။…
Read More
VOM News
FREE
VIEW