တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့

တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့

ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၀
မျိုးဆက်(VOM)

တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ဒါဟာ အလွန်ရက်စက်ရုပ်တ်မာတဲ့ လုပ်ရပ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

သေဆုံးသွားသူဟာ နှစ်နိုင်ငံနယ်စပ်အနီးရှိ ကင်းလှည့်သင်္ဘောတစ်စင်းပေါ်ကနေ ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာတော့ အလောင်းကို မြောက်ကိုရီးယားရေပိုင်နက်မှာ ပြန်တွေ့ခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သားတွေဟာ အဲဒီအမျိုးသားကို ပစ်သတ်ပြီးနောက် အလောင်းပေါ်ကိုဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအပေါ် အခြေခံကာ ဒီလိုကောက်ချက်ချခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုး မရှိပါဘူး။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမဖြစ်ပေါ်ရေးအတွက် မြောက်ကိုရီးယားဟာ သူ့ရဲ့နယ်စပ်ကို တင်းကြပ်မှုတွေပြုထားပြီး ဝင်ရောက်လာရင် ပစ်သတ်နိုင်တဲ့မူဝါဒ ထားရှိတယ်လို့ ယူဆရပါတယ်။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Zawgyi

ေတာင္ကိုရီးယား တာ၀န္ရိွသူတစ္ဦးကို ေျမာက္ကိုရီးယားစစ္သားေတြက ပစ္သတ္ျပီး မီးရိႈ႕

ဆိုးလ္၊ စက္တင္ဘာ-၂၄-၂၀၂၀
မ်ိဳးဆက္(VOM)

ေတာင္ကိုရီးယားတာ၀န္ရိွသူတစ္ဦးကို ေျမာက္ကိုရီးယားစစ္သားေတြက ပစ္သတ္ျပီး မီးရိႈ႕ခဲ႕တယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရး၀န္ၾကီးဌာနက ထုတ္ျပန္လိုက္ျပီး ဒါဟာ အလြန္ရက္စက္ရုပ္တ္မာတဲ႔ လုပ္ရပ္လို႔ ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ေသဆံုးသြားသူဟာ နွစ္နိုင္ငံနယ္စပ္အနိီးရိွ ကင္းလွည္႔သေဘၤာတစ္စင္းေပၚကေန ေပ်ာက္ဆံုးသြားျပီး ေနာက္ပိုင္းမွာေတာ႔ အေလာင္းကို ေျမာက္ကိုရီးယားေရပိုင္နက္မွာ ျပန္ေတြ႔ခ႔ဲပါတယ္။

ေျမာက္ကိုရီးယားစစ္သားေတြဟာ အဲဒီအမ်ိဳးသားကို ပစ္သတ္ျပီးေနာက္ အေလာင္းေပၚကိုဓါတ္ဆီေလာင္းျပီး မိီးရိႈ႕ခဲ့တယ္လို႔ ေတာင္ကိုရီးယားကာကြယ္ေရး၀န္ၾကီးဌာနက ဆိုပါတယ္။

ေတာင္ကိုရီးယား ကာကြယ္ေရး၀န္ၾကီးဌာနဟာ ေထာက္လွမ္းေရးသတင္းအခ်က္အလက္ေတြအေပၚ အေျခခံကာ ဒီလိုေကာက္ခ်က္ခ်ခဲ႔တာျဖစ္ျပီး ေျမာက္ကိုရီးယားဘက္ကေတာ႔ ဒီကိစၥနဲ႔ပတ္သက္ျပီး မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရိွပါဘူး။

နိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြမျဖစ္ေပၚေရးအတြက္ ေျမာက္ကိုရီးယားဟာ သူ႔ရဲ႕နယ္စပ္ကို တင္းၾကပ္မႈေတြျပဳထားျပီး ၀င္ေရာက္လာရင္ ပစ္သတ္နိုင္တဲ႔မူ၀ါဒ ထားရိွတယ္လို႔ ယူဆရပါတယ္။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ္

Related posts

Leave a Comment

VOM News

FREE
VIEW