ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံအားလုံး ယာယီပိတ်သိမ်း

ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံအားလုံး ယာယီပိတ်သိမ်း

ရန်ကုန်၊ စက်တင်ဘာ၂၄-၂၀၂၀
အေးချမ်းသူ(VOM)

ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ ရန်ကုန်တိုင်းအတွင်း ခွင့်ပြုထားသောလုပ်ငန်းများမှအပ ကျန်တဲ့စက်ရုံအလုပ်ရုံတွေအားလုံး ဒီကနေ့ စက်တင်ဘာ၂၄ရက်မှစတင်ကာ အောက်တိုဘာ၇ရက်နေ့အထိ ယာယီပိတ်သိမ်းလိုက်ပြီးဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံများပိတ်သိမ်းရာမှာ အမိန့်စာထုတ်ပြန်ချက်အရ ယာယီပိတ်တဲ့စက်ရုံတွေဟာ အထည်ချုပ်စက်ရုံအများစုသာပါရှိတယ်လို့ မြန်မာ
နိူင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MICS-TUSF)အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။

“အမိန့်စာထုတ်ပြန်တာကို မရှင်းတာ၊ ရှုပ်ထွေးနေတာ၊ တစ်ကိုယ်ရေသုံးပစွည်းသုံးဆိုတာ ဘာတွေလဲ ထည့်မရေးထားဘူး၊ CMP ဆိုရင် ကုန်ကြမ်းပေး၊ကုန်ချောယူပေါ့၊ အဲ့ဒါဆိုရင်အထည်ချုပ်ပဲသိတာ အိတ်၊ဖိနပ် အဲ့လိုစက်ရုံတွေမပါပြန်ဘူး”လို့ ဦးသက်နှင်းအောင်ကရှင်းပြပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘဏ်နဲ့ငွေကြေးဝန်ဆောင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နဲ့ သား၊ငါးအအေးခန်းများ၊ ဆေးဝါးနှင့်ဆေးပစွည်းကိရိယာဖြန့်ဖြူးထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့စက်ရုံတွေမပါဝင်ဘူးလို့ သိရပါတယ်။

အမိန့်အမှတ် ၁၀၇/၂၀၂၀မှာ အလုပ်ပိတ်ရက်တွေမှာ လုပ်ခလစာပေးချေမှုမပါဝင်တာကြောင့် အလုပ်ရှင်နှင့်အလုပ်သမားကြား အငြင်းပွားမှုများစွာဖြစ်ပေါ်စေပြီး အလုပ်သမားတွေကို လူမှုဖူလုံရေးကနေ ၆၀ရာခိုင်နူန်းနဲ့ အလုပ်ရှင်ဘက် ၄၀ရာခိုင်နူန်းပေးဖို့ တော
င်းဆိုထားပေမယ့်လည်း လက်ရှိအခြေအနေအထိ အကြောင်းတစ်စုံတစ်ရာပြန်ကြားခြင်းမရှိသေးဘူးလို့ MICS-TUSFမှ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်းကပြောပါတယ်။

“သင်္ကြန်ပိတ်တုန်းကလည်း လူမှုဖူလုံရေးက ၄၀%ပေးတယ်၊ လူမှုဖူလုံရေးကြေးသွင်းတဲ့ အလုပ်သမားတွေရတယ်။ မသွင်းရင်မရဘူးပေါ့။ အခုလည်း ပေးမယ်တော့ကြားတယ်”လို့ Youn Clothing အထည်ချုပ်စက်ရုံမှ အလုပ်သမားဖြစ်သူ မအေးအေးဝင်းက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ လမ်းညွန်ဆောင်ရွက်ချက်တွေကို လိုက်နာမှုမရှိတဲ့ အလုပ်ရှင်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအား လေးစားလိုက်နာမှုမရှိဘဲ လုပ်သားလျှော့ခြင်း၊ စက်ရုံပိတ်သိမ်းခြင်းများပြုလုပ်နေသောအလုပ်ရှင်များ၊ လုပ်ခလစာပေးချေမှုမရှိသောအလုပ်ရှင်တွေကို ဥပဒေအရအရေးယူပေးဖို့ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့(၁၃)ခုက စက်တင်ဘာ ၂၂ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ Labour Power Groupအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောပါတယ်။

အခုလိုကိစ္စတွေနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကလည်း ” လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထားတဲ့ အလုပ်သမားများအတွက် လူမှုရေးထောက်ပံ့ကူညီမှုများကို ဥပဒေနှင့်အညီ ပေးအပ်သွားဖို့ စီစဉ်ထားပြီး၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိတဲ့ အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှလည်း ထောက်ပံ့ပေးဖို့ စီစဉ်နေတဲ့အတွက် အလုပ်ရှင်များကလည်း ပူးပေါင်းပြီး အလုပ်သမားတွေကို တတ်နိုင်သမျှထောက်ပံ့ ပေးစေလိုတယ်”လို့ စက်တင်ဘာလ ၂၁ရက်နေ့က UMFCCI တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းအတြင္းက စက္႐ုံအလုပ္႐ုံအားလံုး ယာယီပိတ္သိမ္း

ရန္ကုန္၊ စက္တင္ဘာ၂၄-၂၀၂၀
ေအးခ်မ္းသူ(VOM)

က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခ်က္အရ ရန္ကုန္တိုင္းအတြင္း ခြင့္ျပဳထားေသာလုပ္ငန္းမ်ားမွအပ က်န္တဲ့စက္႐ုံအလုပ္႐ုံေတြအားလံုး ဒီကေန႔ စက္တင္ဘာ၂၄ရက္မွစတင္ကာ ေအာက္တိုဘာ၇ရက္ေန႔အထိ ယာယီပိတ္သိမ္းလုိက္ၿပီးျဖစ္တယ္လို႔ အလုပ္သမားအေရးလႈပ္႐ွားသူေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

ရန္ကုန္တိုင္းအတြင္း႐ွိ စက္႐ုံအလုပ္႐ုံမ်ားပိတ္သိမ္းရာမွာ အမိန္႔စာထုတ္ျပန္ခ်က္အရ ယာယီပိတ္တဲ့စက္ရံုေတြဟာ အထည္ခ်ဳပ္စက္႐ုံအမ်ားစုသာပါ႐ွိတယ္လို႔ ျမန္မာ
ႏူိင္ငံစက္မႈလက္မႈႏွင့္ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံအလုပ္သမားသမဂၢအဖြဲ႔ခ်ဳပ္(MICS-TUSF)အေထြေထြအတြင္းေရးမႈးခ်ဳပ္ ဦးသက္ႏွင္းေအာင္ကေျပာပါတယ္။

“အမိန္႔စာထုတ္ျပန္တာကုိ မ႐ွင္းတာ၊ ႐ႈပ္ေထြးေနတာ၊ တစ္ကုိယ္ေရသုံးပစြည္းသုံးဆုိတာ ဘာေတြလဲ ထည့္မေရးထားဘူး၊ CMP ဆိုရင္ ကုန္ၾကမ္းေပး၊ကုန္ေခ်ာယူေပါ့၊ အဲ့ဒါဆိုရင္အထည္ခ်ဳပ္ပဲသိတာ အိတ္၊ဖိနပ္ အဲ့လုိစက္႐ုံေတြမပါျပန္ဘူး”လို႔ ဦးသက္ႏွင္းေအာင္က႐ွင္းျပပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႔ ထုတ္ျပန္ခ်က္မွာ ဘဏ္နဲ႔ေငြေၾကးဝန္ေဆာင္မ်ား၊ စက္သုံးဆီအေရာင္းဆိုင္မ်ား၊ စားေသာက္ကုန္နဲ႔ သား၊ငါးအေအးခန္းမ်ား၊ ေဆးဝါးႏွင့္ေဆးပစြည္းကိရိယာျဖန္႔ျဖဴးထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ ေရသန္႔ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်တဲ့စက္ရံုေတြမပါဝင္ဘူးလို႔ သိရပါတယ္။

အမိန္႔အမွတ္ ၁၀၇/၂၀၂၀မွာ အလုပ္ပိတ္ရက္ေတြမွာ လုပ္ခလစာေပးေခ်မႈမပါဝင္တာေၾကာင့္ အလုပ္႐ွင္ႏွင့္အလုပ္သမားၾကား အျငင္းပြားမႈမ်ားစြာျဖစ္ေပၚေစၿပီး အလုပ္သမားေတြကို လူမႈဖူလုံေရးကေန ၆၀ရာခိုင္ႏူန္းနဲ႔ အလုပ္႐ွင္ဘက္ ၄၀ရာခိုင္ႏူန္းေပးဖို႔ ေတာ
င္းဆိုထားေပမယ့္လည္း လက္႐ွိအေျခအေနအထိ အေၾကာင္းတစ္စုံတစ္ရာျပန္ၾကားျခင္းမ႐ွိေသးဘူးလို႔ MICS-TUSFမွ အေထြေထြအတြင္းေရးမႈးခ်ဳပ္ ဦးသက္ႏွင္းေအာင္းကေျပာပါတယ္။

“သၾကၤန္ပိတ္တုန္းကလည္း လူမႈဖူလုံေရးက ၄၀%ေပးတယ္၊ လူမႈဖူလုံေရးေၾကးသြင္းတဲ့ အလုပ္သမားေတြရတယ္။ မသြင္းရင္မရဘူးေပါ့။ အခုလည္း ေပးမယ္ေတာ့ၾကားတယ္”လို႔ Youn Clothing အထည္ခ်ဳပ္စက္႐ုံမွ အလုပ္သမားျဖစ္သူ မေအးေအးဝင္းက ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားတဲ့ လမ္းၫြန္ေဆာင္ရြက္ခ်က္ေတြကို လုိက္နာမႈမ႐ွိတဲ့ အလုပ္႐ွင္မ်ား၊ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားအား ေလးစားလုိက္နာမႈမ႐ွိဘဲ လုပ္သားေလ်ွာ့ျခင္း၊ စက္႐ုံပိတ္သိမ္းျခင္းမ်ားျပဳလုပ္ေနေသာအလုပ္႐ွင္မ်ား၊ လုပ္ခလစာေပးေခ်မႈမ႐ွိေသာအလုပ္႐ွင္ေတြကို ဥပေဒအရအေရးယူေပးဖို႔ အလုပ္သမားအေရးလႈပ္႐ွားေဆာင္ရြက္တဲ့ အဖြဲ႔(၁၃)ခုက စက္တင္ဘာ ၂၂ရက္ေန႔မွာ ထုတ္ျပန္ခဲ့တယ္လို႔ Labour Power Groupအဖြဲ႔မွ ဥကၠ႒ ဦးေက်ာ္မ်ိဳးေထြးက ေျပာပါတယ္။

အခုလိုကိစၥေတြနဲ႔ ပတ္သက္ၿပီး လူဝင္မွုႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးသိန္းေဆြကလည္း ” လူမွုဖူလုံေရး ထည့္ဝင္ေၾကးေပးသြင္းထားတဲ့ အလုပ္သမားမ်ားအတြက္ လူမွုေရးေထာက္ပံ့ကူညီမွုမ်ားကို ဥပေဒႏွင့္အညီ ေပးအပ္သြားဖို႔ စီစဥ္ထားၿပီး၊ လူမွုဖူလုံေရးထည့္ဝင္ေၾကး ေပးသြင္းထားျခင္းမရွိတဲ့ အလုပ္သမားမ်ားအတြက္ နိုင္ငံေတာ္အစိုးရမွလည္း ေထာက္ပံ့ေပးဖို႔ စီစဥ္ေနတဲ့အတြက္ အလုပ္ရွင္မ်ားကလည္း ပူးေပါင္းၿပီး အလုပ္သမားေတြကို တတ္နိုင္သမၽွေထာက္ပံ့ ေပးေစလိုတယ္”လို႔ စက္တင္ဘာလ ၂၁ရက္ေန႔က UMFCCI တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔ ညႇိႏွိုင္းေဆြးေႏြးပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW