မြစ်ကြီးနားကနေ နေပြည်တော်အထိ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းစီးခဲ့တဲ့ မော်တော်ယာဉ်က ယာဉ်မောင်းကို စုံစမ်းမရသေး

မြစ်ကြီးနားကနေ နေပြည်တော်အထိ ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းစီးခဲ့တဲ့ မော်တော်ယာဉ်က ယာဉ်မောင်းကို စုံစမ်းမရသေး

မြစ်ကြီးနား၊ စက်တင်ဘာ ၂၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

နေပြည်တော်က Covid-19 အတည်ပြုလူနာ ရဲဝန်ထမ်းနဲ့အတူ ဝန်ထမ်းတွေလိုက်ပါစီးနင်းခဲ့တဲ့ မော်တော်ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ၂ဦးကို မတွေ့သေးဘူးလို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြောပါတယ်။

Covid-19 အတည်ပြုလူနာဟာ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စနဲ့ အင်ဂျန်းယန်ကနေ နေပြည်တော်ကို တာဝန်ပြောင်းရင်း ကွာရန်တင်းဝင်ခဲ့ရာက ကိုဗစ်ရောဂါပိုး ကူးစက်ခံရထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်းဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ မြစ်ကြီးနားကားဝင်းကနေ ကားအစင်လုံးငှားပြီး ပြန်သွားတာလို့သိရပြီး ရဲဝန်ထမ်းလိုက်ပါခဲ့တဲ့ ကားမှာတော့ အခြားရဲဝန်ထမ်း ၁၆ ယောက် လိုက်ပါခဲ့ပြီး သူတစ်ယောက်သာ Covid-19 အတည်ပြုလူနာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ကျန်တဲ့ရဲဝန်ထမ်းတွေရဲ့ Swabကိုလည်း စိတ်ချရအောင်အတွက် ဒုတိယအကြိမ် ထပ်မံဓာတ်ခွဲအတည်ပြုမယ်လို့လည်း သိရပါတယ်။

သူတို့စီးခဲ့တဲ့ ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က စက်တင်ဘာ ၂၃ ရက်မှာ မန္တလေးကို ပြန်သွားတာဖြစ်လို့ စုံစမ်းဆောင်ရွက်မှုအကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးကို မေးကြည့်တော့ “ ကားသမားက ယကတနဲ့ လှမ်းချိတ်တော့ မြစ်ကြီးနားမှာမရှိဘူး၊ မန္တလေးကိုသွားတယ်ဆိုလို့ ထွေအုပ်တို့ ယကတ တို့နဲ့ပေါင်းပြီး မန္တလေးကို လှမ်းချိတ်နေတယ်လို့တော့ ကြားရတယ်။ ကားဂိတ်ကိုလှမ်းချိတ်တော့ အဲ့ကားဂိတ်က ကားကဒီနေ့ပဲထွက်သွားတယ်တဲ့ လမ်းမှာရောက်နေပြီတဲ့၊ မန္တလေးကိုပဲ လှမ်းချိတ်ရမှာတဲ့ အဲ့လိုပြောတယ်၊ ကျွန်တော်ကတော့ ထွေအုပ်တို့ ကျန်းမာရေးတို့နဲ့ လှမ်းချိန်ဖို့ပြောတော့ သူတို့က လုပ်လိုက်မယ်လို့ ပြောတယ်၊ ယာဉ်မောင်းနာမည်ရော၊ ယာဉ်နောက်လိုက်နာမည်ရော ကားနံပါတ်တွေရော ရှိတယ်“ လို့ ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်း စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ နေထိုင်သွားတဲ့ မြစ်ကြီးနားမြို့က အေးချမ်းသာတည်းခိုခန်းကို စက်တင်ဘာလ (၂၃) ရက်က အသွားအလာကန့်သတ်လိုက်ပြီး အဲ့ဒီမှာတည်းခိုသွားတဲ့ ခရီးသည် (၇)ဦးနဲ့ ဝန်ထမ်း(၇) ဦးတို့ကို facility Quarantine ဝင်းခိုင်းထားတာဖြစ်ပါတယ်။

“ ပထမဦးဆုံး ရတဲ့သတင်းတွေအရ မြို့နယ်အလိုက် စုံစမ်းဆောင်ရွက်နေတယ်ပေါ့နော်၊ သူနဲ့ထိတွေ့တဲ့သူတွေ ရှာပြီးတော့ ထည့်မှာပဲလေ၊ ကားဆရာကိုလည်း မြိုနယ်အလိုက် ဘယ်ကားလဲ ဘာလဲပေါ့လေ အဲ့ဒါလိုက်ပြီးမေးနေတယ်၊ အဲ့ဒါတော့ မြို့နယ်က တက်မလာသေးဘူးလေ “ လို့ ယာဉ်မောင်းရှာဖွေရေးစုံစမ်းမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် Covid-19 အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူ ဦးတင့်နိုင်က စက်တင်ဘာ ၂၃ ရက် ညပိုင်းက ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာ ရဲဝန်ထမ်း တာဝန်ထမ်းဆောင်သွားတဲ့ အင်ဂျန်းယန်မြို့မရဲစခန်းကို အသွားအလာကန့်သတ်ထားသလို သူနဲ့ထိတွေ့မှုရှိခဲ့သူ ရဲတပ်သား (၇) ယောက်ကိုပါ facility Quarantine ဝင်ခိုင်းထားပြီး Swabနမှုနာတွေကို ကျန်းမာရေးဌာနကို ပို့ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Zawgyi

ျမစ္ႀကီးနားကေန ေနျပည္ေတာ္အထိ ကိုဗစ္အတည္ျပဳလူနာ ရဲဝန္ထမ္းစီးခဲ့တဲ့ ေမာ္ေတာ္ယာဥ္က ယာဥ္ေမာင္းကို စုံစမ္းမရေသး

ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၄-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ေနျပည္ေတာ္က Covid-19 အတည္ျပဳလူနာ ရဲဝန္ထမ္းနဲ႔အတူ ဝန္ထမ္းေတြလိုက္ပါစီးနင္းခဲ့တဲ့ ေမာ္ေတာ္ယာဥ္ရဲ႕ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္တို႔ ၂ဦးကို မေတြ႕ေသးဘူးလို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးျမင့္မိုးက ေျပာပါတယ္။

Covid-19 အတည္ျပဳလူနာဟာ ရဲတပ္ၾကပ္တစ္ဦးျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ အင္ဂ်န္းယန္ကေန ေနျပည္ေတာ္ကို တာဝန္ေျပာင္းရင္း ကြာရန္တင္းဝင္ခဲ့ရာက ကိုဗစ္ေရာဂါပိုး ကူးစက္ခံရထားရတာကို စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ကိုဗစ္အတည္ျပဳလူနာ ရဲဝန္ထမ္းဟာ စက္တင္ဘာ ၁၈ ရက္ေန႔မွာ ျမစ္ႀကီးနားကားဝင္းကေန ကားအစင္လုံးငွားၿပီး ျပန္သြားတာလို႔သိရၿပီး ရဲဝန္ထမ္းလိုက္ပါခဲ့တဲ့ ကားမွာေတာ့ အျခားရဲဝန္ထမ္း ၁၆ ေယာက္ လိုက္ပါခဲ့ၿပီး သူတစ္ေယာက္သာ Covid-19 အတည္ျပဳလူနာ ျဖစ္ခဲ့တာလို႔ ေျပာပါတယ္။

က်န္တဲ့ရဲဝန္ထမ္းေတြရဲ႕ Swabကိုလည္း စိတ္ခ်ရေအာင္အတြက္ ဒုတိယအႀကိမ္ ထပ္မံဓာတ္ခြဲအတည္ျပဳမယ္လို႔လည္း သိရပါတယ္။

သူတို႔စီးခဲ့တဲ့ ယာဥ္ရဲ႕ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္က စက္တင္ဘာ ၂၃ ရက္မွာ မႏၲေလးကို ျပန္သြားတာျဖစ္လို႔ စုံစမ္းေဆာင္႐ြက္မႈအေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးျမင့္မိုးကို ေမးၾကည့္ေတာ့ “ ကားသမားက ယကတနဲ႔ လွမ္းခ်ိတ္ေတာ့ ျမစ္ႀကီးနားမွာမရွိဘူး၊ မႏၲေလးကိုသြားတယ္ဆိုလို႔ ေထြအုပ္တို႔ ယကတ တို႔နဲ႔ေပါင္းၿပီး မႏၲေလးကို လွမ္းခ်ိတ္ေနတယ္လို႔ေတာ့ ၾကားရတယ္။ ကားဂိတ္ကိုလွမ္းခ်ိတ္ေတာ့ အဲ့ကားဂိတ္က ကားကဒီေန႔ပဲထြက္သြားတယ္တဲ့ လမ္းမွာေရာက္ေနၿပီတဲ့၊ မႏၲေလးကိုပဲ လွမ္းခ်ိတ္ရမွာတဲ့ အဲ့လိုေျပာတယ္၊ ကြၽန္ေတာ္ကေတာ့ ေထြအုပ္တို႔ က်န္းမာေရးတို႔နဲ႔ လွမ္းခ်ိန္ဖို႔ေျပာေတာ့ သူတို႔က လုပ္လိုက္မယ္လို႔ ေျပာတယ္၊ ယာဥ္ေမာင္းနာမည္ေရာ၊ ယာဥ္ေနာက္လိုက္နာမည္ေရာ ကားနံပါတ္ေတြေရာ ရွိတယ္“ လို႔ ေျပာပါတယ္။

ကိုဗစ္အတည္ျပဳလူနာ ရဲဝန္ထမ္း စက္တင္ဘာ ၁၆ ရက္နဲ႔ ၁၇ ရက္မွာ ေနထိုင္သြားတဲ့ ျမစ္ႀကီးနားၿမိဳ႕က ေအးခ်မ္းသာတည္းခိုခန္းကို စက္တင္ဘာလ (၂၃) ရက္က အသြားအလာကန္႔သတ္လိုက္ၿပီး အဲ့ဒီမွာတည္းခိုသြားတဲ့ ခရီးသည္ (၇)ဦးနဲ႔ ဝန္ထမ္း(၇) ဦးတို႔ကို facility Quarantine ဝင္းခိုင္းထားတာျဖစ္ပါတယ္။

“ ပထမဦးဆုံး ရတဲ့သတင္းေတြအရ ၿမိဳ႕နယ္အလိုက္ စုံစမ္းေဆာင္႐ြက္ေနတယ္ေပါ့ေနာ္၊ သူနဲ႔ထိေတြ႕တဲ့သူေတြ ရွာၿပီးေတာ့ ထည့္မွာပဲေလ၊ ကားဆရာကိုလည္း ၿမိဳနယ္အလိုက္ ဘယ္ကားလဲ ဘာလဲေပါ့ေလ အဲ့ဒါလိုက္ၿပီးေမးေနတယ္၊ အဲ့ဒါေတာ့ ၿမိဳ႕နယ္က တက္မလာေသးဘူးေလ “ လို႔ ယာဥ္ေမာင္းရွာေဖြေရးစုံစမ္းမႈနဲ႔ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ Covid-19 အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီ တာဝန္ရွိသူ ဦးတင့္ႏိုင္က စက္တင္ဘာ ၂၃ ရက္ ညပိုင္းက ေျပာပါတယ္။

ကိုဗစ္အတည္ျပဳလူနာ ရဲဝန္ထမ္း တာဝန္ထမ္းေဆာင္သြားတဲ့ အင္ဂ်န္းယန္ၿမိဳ႕မရဲစခန္းကို အသြားအလာကန္႔သတ္ထားသလို သူနဲ႔ထိေတြ႔မႈရွိခဲ့သူ ရဲတပ္သား (၇) ေယာက္ကိုပါ facility Quarantine ဝင္ခိုင္းထားၿပီး Swabနမႈနာေတြကို က်န္းမာေရးဌာနကို ပို႔ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ျမစ္ႀကီးနား

Related posts

Leave a Comment

VOM News

FREE
VIEW