ယာယီအလုပ်ပိတ်ရက်အတွက် အလုပ်သမားတွေကို အနည်းဆုံးလုပ်ခလစာအတိုင်းအပြည့်ပေးဖို့တောင်းဆို

ယာယီအလုပ်ပိတ်ရက်အတွက် အလုပ်သမားတွေကို အနည်းဆုံးလုပ်ခလစာအတိုင်းအပြည့်ပေးဖို့တောင်းဆို

ရန်ကုန် စက်တင်ဘာ ၂၄-၂၀၂၀
သိင်္ဂီ (VOM)

စက်ရုံ၊ အလုပ်ရုံတွေ ယာယီ၂ ပတ် ပိတ်ရက်အတွက် အလုပ်သမားတွေကို ထောက်ပံ့မယ့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဟာ အလုပ်သမားတွေအတွက် အဆင်ပြေမှုမရှိဘူးလို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် အလုပ်သမားတွေရဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ဖူလုံရေးအကျုံးဝင်အလုပ်သမားတွေကို ဖူလုံရေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းနဲ့ အလုပ်ရှင်က ၄၀ ရာခိုင်နူနန်းပေါင်းပြီး တစ်နေ့ကို အခြေခံလုပ်ခနှုန်းထားပေးဆောင်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် လူမှုဖူလုံရေးအာမခံစနစ်အကျိုးခံစားခွင့်ရံပုံငွေ အကျုံးမဝင်တဲ့ အလုပ်သမားတွေကိုပါ အစိုးရရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အရေးပေါ် ရံပုံငွေကနေ ၆၀ရာခိုင်နူန်းနဲ့ အလုပ်ရှင်ကနေ ၄၀ရာခိုင်နူန်းပေါင်းပြီး အနည်းဆုံးလုပ်ခလစာ အပြည့်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“၄၀ ရာခိုင်နှုန်းက အလုပ်သမားတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုမျိုး မဟုတ်ပါဘူး။ ၂ ပတ်စာအတွက်ရမယ့်ငွေက သောင်းဂဏန်းဝန်းကျင်လောက်ပဲရှိတယ်။ ဘာလိုလဲဆိုတော့ အလုပ်သမားတွေရဲ့ ဝင်ငွေပေါ်မှာတွက်ပြီး ပေးတာမဟုတ်လို့ဘဲ။ ဒါက အင်မတန်မှ နည်းပါးပါတယ်”လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်ကပြောပါတယ်။

ပိတ်ရက်အတွက် လူမှုဖူလုံရေးကနေ အလုပ်သမားတွေကိုပေးမယ့် အကျိုးခံစားခွင့် ငွေကြေးကို အောက်တိုဘာလအတွက်ပေးချေတဲ့ လုပ်ခလစာမှာ တစ်ပါတည်းထည့်သွင်းပေးဖို့ပါ တောင်းဆိုထားတာဖြစ်ပါတယ်။

” ခုက အစိုးရအမိန့်ဖြစ်လို့ မနာခံလို့မရဘူး၊ စက်ရုံတွေက ပိတ်ကိုပိတ်ရမှာဖြစ်ပါတယ်။အစိုးရက ပိတ်ခိုင်းတာဖြစ်လို့ အလုပ်သမားအပေါ် လုပ်ခလစာကို အစိုးရကပဲ ပေးဆောင်သင့်တယ်။ ကျွန်တော်တို့လုပ်ငန်းရှင်တွေမှာလည်း ကိုဗစ်ကာလမှာ လုပ်ငန်းမပိတ်ရုံတမယ် လုပ်နေရတာဖြစ်တယ်။ ခု အလုပ်ပိတ်တော့မယ်ဆိုတော့လည်း အလုပ်သမားတွေကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ဝေတာတွေလုပ်ပါတယ်”လို့ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

ရန်ကုန်တိုင်းအတွင်းက CMP စနစ်စက်ရုံ၊ အလုပ်ရုံတွေကို ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်ကနေ စတင်ပြီး အောက်တိုဘာလ ၇ ရက်နေ့အထိ ယာယီပိတ်ထားဖို့ ညွှန်ကြားထားတာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ စက်ရုံ၊အလုပ်ရုံပေါင်း ၆၀၀၀ ကျော်ရှိပြီး CMP စနစ်နဲ့လုပ်ကိုင်နေတဲ့ စက်ရုံ၊အလုပ်ရုံပေါင်းက ၃၀၀၀ ကျော်ရှိကာ အလုပ်သမားအရေအတွက်က ၃ သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #အလုပ်သမား #လုပ်ခလစာ

Zawgyi

ယာယီအလုပ္ပိတ္ရက္အတြက္ အလုပ္သမားေတြကို အနည္းဆုံးလုပ္ခလစာအတိုင္းအျပည္႔ေပးဖို႔ေတာင္းဆို

ရန္ကုန္ စက္တင္ဘာ ၂၄-၂၀၂၀
သိဂႌ (VOM)

စက္႐ုံ၊ အလုပ္႐ုံေတြ ယာယီ၂ ပတ္ ပိတ္ရက္အတြက္ အလုပ္သမား​ေတြကို ေထာက္ပံ့မယ့္ လူမွုဖူလုံေရးအက်ိဳးခံစားခြင့္ ၄၀ ရာခိုင္နႈန္းဟာ အလုပ္သမား​ေတြအတြက္ အဆင္​ေျပမႈမ႐ွိဘူးလို႔ အလုပ္သမားအဖြဲ႔အစည္းေတြက ေျပာဆိုလိုက္ပါတယ္။

ဒါ႔ေၾကာင့္ အလုပ္သမားေတြရဲ႕ စား၀တ္ေနေရး အဆင္ေျပေစဖို႔အတြက္ ဖူလုံေရးအက်ဳံးဝင္အလုပ္သမားေတြကို ဖူလုံေရးအက်ိဳးခံစားခြင့္ ၆၀ ရာခိုင္ႏွုန္းနဲ႔ အလုပ္႐ွင္က ၄၀ ရာခိုင္ႏူနန္းေပါင္းၿပီး တစ္ေန႔ကို အေျခခံလုပ္ခႏွုန္းထားေပးေဆာင္ဖို့ ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ လူမႈဖူလုံေရးအာမခံစနစ္အက်ိဳးခံစားခြင့္ရံပုံေငြ အက်ဳံးမဝင္တဲ့ အလုပ္သမားေတြကိုပါ အစိုးရရဲ႕ သဘာဝေဘးအႏၲရာယ္ကာကြယ္ေရး အေရးေပၚ ရံပုံေငြကေန ၆၀ရာခိုင္ႏူန္းနဲ႔ အလုပ္ရွင္ကေန ၄၀ရာခိုင္ႏူန္းေပါင္းၿပီး အနည္းဆုံးလုပ္ခလစာ အျပည့္ေပးဖို႔ အစိုးရကို ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

“၄၀ ရာခိုင္ႏွုန္းက အလုပ္သမားေတြအတြက္ လုံေလာက္တဲ့ေထာက္ပံ့မွုမ်ိဳး မဟုတ္ပါဘူး။ ၂ ပတ္စာအတြက္ရမယ့္ေငြက ေသာင္းဂဏန္း၀န္းက်င္ေလာက္ပဲရွိတယ္။ ဘာလိုလဲဆိုေတာ့ အလုပ္သမားေတြရဲ့ ၀င္ေငြေပၚမွာတြက္ၿပီး ေပးတာမဟုတ္လို့ဘဲ။ ဒါက အင္မတန္မွ နည္းပါးပါတယ္”လို႔ ျမန္မာနိုင္ငံ စက္မွုလက္မွုႏွင့္ ၀န္ေဆာင္မွုလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွူး ကိုသက္ႏွင္းေအာင္ကေျပာပါတယ္။

ပိတ္ရက္အတြက္ ​လူမႈဖူလုံေရးကေန အလုပ္သမားေတြကိုေပးမယ့္ အက်ိဳးခံစားခြင့္ ေငြေၾကးကို ေအာက္တိုဘာလအတြက္ေပးေခ်တဲ့ လုပ္ခလစာမွာ တစ္ပါတည္းထည့္သြင္းေပးဖို႔ပါ ေတာင္းဆိုထားတာျဖစ္ပါတယ္။

” ခုက အစိုးရအမိန္႔ျဖစ္လို႔ မနာခံလို႔မရဘူး၊ စက္႐ုံေတြက ပိတ္ကိုပိတ္ရမွာျဖစ္ပါတယ္။အစိုးရက ပိတ္ခိုင္းတာျဖစ္လို႔ အလုပ္သမားအေပၚ လုပ္ခလစာကို အစိုးရကပဲ ေပးေဆာင္သင့္တယ္။ ကၽြန္ေတာ္တို႔လုပ္ငန္း႐ွင္ေတြမွာလည္း ကိုဗစ္ကာလမွာ လုပ္ငန္းမပိတ္႐ုံတမယ္ လုပ္ေနရတာျဖစ္တယ္။ ခု အလုပ္ပိတ္ေတာ့မယ္ဆိုေတာ့လည္း အလုပ္သမားေတြကို ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္ ေဝတာေတြလုပ္ပါတယ္”လို႔ လိႈင္သာယာစက္မႈဇုန္မွ စက္႐ုံလုပ္ငန္း႐ွင္တစ္ဦးကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး အလုပ္သမားဝန္ႀကီးဌာနမွ တာဝန္႐ွိသူကို ဖုန္းျဖင့္ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာမ႐ွိခဲ့ပါဘူး။

ရန္ကုန္တိုင္းအတြင္းက CMP စနစ္စက္႐ုံ၊ အလုပ္႐ုံေတြကို ဒီကေန႔ စက္တင္ဘာလ ၂၄ ရက္ကေန စတင္ၿပီး ေအာက္တိုဘာလ ၇ ရက္ေန႔အထိ ယာယီပိတ္ထားဖို႔ ၫႊန္ျကားထားတာလည္းျဖစ္ပါတယ္။

ရန္ကုန္တိုင္းမွာ စက္႐ုံ၊အလုပ္႐ုံေပါင္း ၆၀၀၀ ေက်ာ္႐ွိၿပီး CMP စနစ္နဲ႔လုပ္ကိုင္ေနတဲ့ စက္႐ုံ၊အလုပ္႐ုံေပါင္းက ၃၀၀၀ ေက်ာ္႐ွိကာ အလုပ္သမားအေရအတြက္က ၃ သိန္းနီးပါး႐ွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #အလုပ္သမား #လုပ္ခလစာ

Related posts

Leave a Comment

VOM News

FREE
VIEW