ရွေးကောက်ပွဲနဲ့ ကိုဗစ်ကာလ သတင်းတုများ ရေပန်းစားရခြင်း

ဒီခေတ်ဟာ အင်တာနက်ခေတ်မို့ ဖုန်းတလုံးရှိယုံနဲ့ ကမ္ဘာကြီးဘာဖြစ်နေတယ်ဆိုတာ သိနိုင်တာကြောင့် သတင်းမှားဖြန့်သူတို့အတွက် အင်တာနက်ဟာ တကယ့်ကို အသုံးဝင်နေပါတယ်။

သတင်းမှားဖြန့်သူတွေက လူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ယုတ္တိရှိအောင်ရေးသားပြီးဖြန့်တာရှိသလို ရုပ်သံတွေ၊ ဓါတ်ပုံတွေကို ပြုပြင်ပြီး ဖြန့်ကြတာများပါတယ်။ ဒါတွေကို အလွယ်တကူ အင်တာနက်မှာတင်လိုက်တာနဲ့ အထူးသဖြင့် ဖေ့ဘုတ်လိုနေရာမှာ တင်လိုက်တာနဲ့ တချို့က မဆန်းစစ်ဘဲ ရှယ်တာ ထပ်ဖြန့်တာမျိုးတွေ ဖြစ်တာကြောင့် ကောလဟတွေနဲ့ သတင်းမှားတွေဟာ နေရာရနေပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမှား သတင်းတု တိုက်ဖျက်တဲ့ စစ်ဆေးတဲ့အဖွဲ့ဟာ အနည်းငယ်ပဲရှိတော့ သတင်းတု သတင်းမှားကို အချိန်မှီမတိုက်ဖျက်နိုင်ပဲ လူထုကြားမှာ အလွယ်ပျံ့ကုန်ပါတယ်။ ဥပမာ ကလေးသူခိုးဖမ်းမိတယ်၊ သန်းခေါင်ယံကတုံးတို့ လို လူတွေအလွယ်ယုံနိုင်တဲ့ အောက်ခြေသတင်းတွေကစ နိုင်ငံရေး၊ စစ်ရေးကြောင်းအရာတွေကိုလည်း အချက်အလက်နဲ့ ပုံမှားရိုက်ဖြန့်ကြပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက်လက်တွေကို ရောသမမွှေသတင်းမှားတဲ့ ရောဖြန့်ကြသလို ကိုဗစ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း လူတွေပိုမိုထိတ်လန့်အောင် ဖြန့်နေကြသူတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာ တံခါးဖွင့်မှုဝါဒကျင့်သုံးလာပြီးနောက် တယ်လီဖုန်းဆင်းကဒ်တွေဟာ လမ်းဘေးမှာ အလွယ်တကူဝယ်လာနိုင်တာမို့ တယ်လီဖုန်းသုံးနိုင်သူများပြားလာသလို ဖေ့ဘုတ်သုံးစွဲသူဟာလည်း သန်း ၂၀ ကျော်လာတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းအရသိရပါတယ်။
ဒီလို လူအများသုံးစွဲလာနိုင်တာဟာ တဖက်ကကောင်းသလို အခြားတဖက်မှာလည်း အင်တာနက်နဲ့ မယဉ်ပါးသေးသူတွေ၊ ဆိုရှယ်မီဒီယာရဲ့သဘောသဘာဝကို နားလည်မှုအားနည်းသူတွေအတွက် အမှားတွေကို အလွယ်လက်ခံမိပြီး အမှန်ထင်ကာ ပြန်လည်ဖြန့်ဝေတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာဟာ အရင်ထက် များပြားလာပါတယ်။
သတင်းတု သတင်းမှားတွေ ပျံ့နှံ့လာတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား သတင်းမှားတွေသုံးပြီး သပ်လျှိုတာတွေနဲ့ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေကို အများဆုံးတွေ့ရပါတယ်။

တချို့ဆိုရင် သတင်းဌာနပေချ်အယောင်ဆောင်ပြီး တင်ကြတာရှိသလို တချို့က လူကြိုက်များအောင် လူစိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ နာမည်ရအောင်လုပ်ပြီးမှ လူထုယုံကြည်မှုများလာတဲ့အချိန်မှာ သတင်းမှားတွေကို အမှန်နဲ့ရောထွေးတင်တာတွေလည်းတွေ့ရပါတယ်။ တခါတရံမှာ သတင်းဌာနကြီးတွေရဲ့ လိုဂိုအမှတ်အသားတွေနဲ့ သတင်းမှားတွေကို ပြန်ရေးပြီး ဖြန့်ဝေတာတွေတောင်ရှိခဲ့ပါတယ်။ တချို့ဆိုရင် သတင်းဌာနတွေက သတင်းတွေကို ကော်ပီကူးယူပြီး လိုသလို ပြန်ပြင်တင်တဲ့ သတင်းဌာနလိုလို လိုက်ခ်ပေချ်တွေလည်းတွေ့နေရလို့ သတင်းမီဒီယာကောင်စီနဲ့ပူးပေါင်းပြီး ဒီသတင်းဌာနအမည်ခံတွေက သတင်းခိုးတင်တဲ့ ပေချ်တွေဖြစ်တယ်ဆိုပြီး နာမည်ပျက်စာရင်း ကြေငြာရတာတွေလည်းရှိပါတယ်။ ဒီလို သတင်းမှားတွေ အမုန်းစကားတွေဖြန့်ဝေတာတွေကြောင့် အစိုးရက ပိတ်ဆို့လိုက်ရတဲ့ သတင်းဌာန အမည်ခံ စာမျက်နှာတွေလည်း ရှိခဲ့ပါတယ်။

လူထုကြားမှာသတင်းမှားတွေ ကောလဟလတွေဖြန့်ဝေတာတွေကို လူတွေအလွယ်ယုံရတဲ့အကြောင်းအရင်းက အစိုးရဝန်ကြီးဌာနတွေက အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှု အားနည်းတာလည်းပါသလို သတင်းဌာနတွေက မေးမြန်းရင် ပြောရေးဆိုခွင့်ရှိသူတွေက အလွယ်မဖြေတာ ဖြေမပေးတာတွေကြောင့်ဆိုတာလည်း အကြောင်းအချက်ထဲမှာ တခုပါတယ်လို့ ထောက်ပြချင်ပါတယ်။

ဒီလိုသတင်းမှားတွေ မပျံ့ဖို သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုရင်

သတင်းဌာနနာမည်ကို အရင်စိစစ်ပါ။ သတင်းရေးသူကို စိစစ်ပါ။ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။
သတင်းကို အစအဆုံးဖတ်ပါ။ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။
အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်တွေမှာ ရေးထားလား နှိုင်းယှဉ်ချိန်ထိုးကြည့်ပါ။
အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။
ဒီအချက်တွေကို သေသေချာချာလေ့လာပြီးရင် စာဖတ်သူတို့တွေ့တဲ့ သတင်းတွေအကြောင်းအရာတွေရဲ့ အမှား အမှန်ကို ခွဲခြားလာနိုင်မှ တိုင်းပြည်သာယာအေးချမ်းပြီး မလိုလားတဲ့ ပြဿနာတွေ မတက်တော့မှာမို့ အသိပေးတင်ပြလိုက်ပါတယ်။

VOM အယ်ဒီတာအဖွဲ့

zawgy

ေ႐ြးေကာက္ပြဲနဲ႔ ကိုဗစ္ကာလ သတင္းတုမ်ား ေရပန္းစားရျခင္း

ဒီေခတ္ဟာ အင္တာနက္ေခတ္မို႔ ဖုန္းတလုံးရွိယုံနဲ႔ ကမာၻႀကီးဘာျဖစ္ေနတယ္ဆိုတာ သိႏိုင္တာေၾကာင့္ သတင္းမွားျဖန႔္သူတို႔အတြက္ အင္တာနက္ဟာ တကယ့္ကို အသုံးဝင္ေနပါတယ္။

သတင္းမွားျဖန႔္သူေတြက လူစိတ္ဝင္စားတဲ့ အေၾကာင္းအရာေတြကို ယုတၱိရွိေအာင္ေရးသားၿပီးျဖန႔္တာရွိသလို ႐ုပ္သံေတြ၊ ဓါတ္ပုံေတြကို ျပဳျပင္ၿပီး ျဖန႔္ၾကတာမ်ားပါတယ္။ ဒါေတြကို အလြယ္တကူ အင္တာနက္မွာတင္လိုက္တာနဲ႔ အထူးသျဖင့္ ေဖ့ဘုတ္လိုေနရာမွာ တင္လိုက္တာနဲ႔ တခ်ိဳ႕က မဆန္းစစ္ဘဲ ရွယ္တာ ထပ္ျဖန႔္တာမ်ိဳးေတြ ျဖစ္တာေၾကာင့္ ေကာလဟေတြနဲ႔ သတင္းမွားေတြဟာ ေနရာရေနပါတယ္။

ျမန္မာႏိုင္ငံမွာ သတင္းမွား သတင္းတု တိုက္ဖ်က္တဲ့ စစ္ေဆးတဲ့အဖြဲ႕ဟာ အနည္းငယ္ပဲရွိေတာ့ သတင္းတု သတင္းမွားကို အခ်ိန္မွီမတိုက္ဖ်က္ႏိုင္ပဲ လူထုၾကားမွာ အလြယ္ျပန႔္ကုန္ပါတယ္။ ဥပမာ ကေလးသူခိုးဖမ္းမိတယ္၊ သန္းေခါင္ယံကတုံးတို႔ လို လူေတြအလြယ္ယုံႏိုင္တဲ့ ေအာက္ေျခသတင္းေတြကစ ႏိုင္ငံေရး၊ စစ္ေရးေၾကာင္းအရာေတြကိုလည္း အခ်က္အလက္နဲ႔ ပုံမွား႐ိုက္ျဖန႔္ၾကပါတယ္။ ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တဲ့ သတင္းအခ်က္လက္ေတြကို ေရာသမေမႊသတင္းမွားတဲ့ ေရာျဖန႔္ၾကသလို ကိုဗစ္နဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြကိုလည္း လူေတြပိုမိုထိတ္လန႔္ေအာင္ ျဖန႔္ေနၾကသူေတြရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ တံခါးဖြင့္မႈဝါဒက်င့္သုံးလာၿပီးေနာက္ တယ္လီဖုန္းဆင္းကဒ္ေတြဟာ လမ္းေဘးမွာ အလြယ္တကူဝယ္လာႏိုင္တာမို႔ တယ္လီဖုန္းသုံးႏိုင္သူမ်ားျပားလာသလို ေဖ့ဘုတ္သုံးစြဲသူဟာလည္း သန္း ၂၀ ေက်ာ္လာတယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြရဲ႕ စာရင္းအရသိရပါတယ္။
ဒီလို လူအမ်ားသုံးစြဲလာႏိုင္တာဟာ တဖက္ကေကာင္းသလို အျခားတဖက္မွာလည္း အင္တာနက္နဲ႔ မယဥ္ပါးေသးသူေတြ၊ ဆိုရွယ္မီဒီယာရဲ႕သေဘာသဘာဝကို နားလည္မႈအားနည္းသူေတြအတြက္ အမွားေတြကို အလြယ္လက္ခံမိၿပီး အမွန္ထင္ကာ ျပန္လည္ျဖန႔္ေဝတာေတြေၾကာင့္ မလိုလားအပ္တဲ့ ျပႆနာေတြ တက္ခဲ့တဲ့ သာဓကေတြ ရွိေနပါတယ္။
၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ နီးကပ္လာတာနဲ႔အမွ် ႏိုင္ငံေရးပါတီေတြ၊ အစိုးရေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြအေပၚ လူမ်ိဳးေရး ဘာသာေရးနဲ႔ ပတ္သက္တဲ့ သတင္းတု၊ သတင္းမွားေတြနဲ႔ တိုက္ခိုက္တာဟာ အရင္ထက္ မ်ားျပားလာပါတယ္။
သတင္းတု သတင္းမွားေတြ ပ်ံ႕ႏွံ႔လာတာဟာ လူမႈကြန္ယက္ ေဖ့ဘုတ္သုံးစြဲမႈ ျမင့္တက္လာတာက အေၾကာင္းရင္းတခု ျဖစ္ၿပီး အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေတြကို အတုလုပ္တာေတြ၊ ပါတီတခုနဲ႔ တခုၾကား သတင္းမွားေတြသုံးၿပီး သပ္လွ်ိဳတာေတြနဲ႔ ကိုဗစ္ ၁၉ နဲ႔ ပတ္သက္တဲ့ သတင္းတု၊ သတင္းမွားေတြကို အမ်ားဆုံးေတြ႕ရပါတယ္။
တခ်ိဳ႕ဆိုရင္ သတင္းဌာနေပခ်္အေယာင္ေဆာင္ၿပီး တင္ၾကတာရွိသလို တခ်ိဳ႕က လူႀကိဳက္မ်ားေအာင္ လူစိတ္ဝင္စားတဲ့အေၾကာင္းအရာေတြနဲ႔ နာမည္ရေအာင္လုပ္ၿပီးမွ လူထုယုံၾကည္မႈမ်ားလာတဲ့အခ်ိန္မွာ သတင္းမွားေတြကို အမွန္နဲ႔ေရာေထြးတင္တာေတြလည္းေတြ႕ရပါတယ္။ တခါတရံမွာ သတင္းဌာနႀကီးေတြရဲ႕ လိုဂိုအမွတ္အသားေတြနဲ႔ သတင္းမွားေတြကို ျပန္ေရးၿပီး ျဖန႔္ေဝတာေတြေတာင္ရွိခဲ့ပါတယ္။ တခ်ိဳ႕ဆိုရင္ သတင္းဌာနေတြက သတင္းေတြကို ေကာ္ပီကူးယူၿပီး လိုသလို ျပန္ျပင္တင္တဲ့ သတင္းဌာနလိုလို လိုက္ခ္ေပခ်္ေတြလည္းေတြ႕ေနရလို႔ သတင္းမီဒီယာေကာင္စီနဲ႔ပူးေပါင္းၿပီး ဒီသတင္းဌာနအမည္ခံေတြက သတင္းခိုးတင္တဲ့ ေပခ်္ေတြျဖစ္တယ္ဆိုၿပီး နာမည္ပ်က္စာရင္း ေၾကျငာရတာေတြလည္းရွိပါတယ္။ ဒီလို သတင္းမွားေတြ အမုန္းစကားေတြျဖန႔္ေဝတာေတြေၾကာင့္ အစိုးရက ပိတ္ဆို႔လိုက္ရတဲ့ သတင္းဌာန အမည္ခံ စာမ်က္ႏွာေတြလည္း ရွိခဲ့ပါတယ္။
လူထုၾကားမွာသတင္းမွားေတြ ေကာလဟလေတြျဖန႔္ေဝတာေတြကို လူေတြအလြယ္ယုံရတဲ့အေၾကာင္းအရင္းက အစိုးရဝန္ႀကီးဌာနေတြက အခ်ိန္နဲ႔တေျပးညီ သတင္းထုတ္ျပန္မႈ အားနည္းတာလည္းပါသလို သတင္းဌာနေတြက ေမးျမန္းရင္ ေျပာေရးဆိုခြင့္ရွိသူေတြက အလြယ္မေျဖတာ ေျဖမေပးတာေတြေၾကာင့္ဆိုတာလည္း အေၾကာင္းအခ်က္ထဲမွာ တခုပါတယ္လို႔ ေထာက္ျပခ်င္ပါတယ္။

ဒီလိုသတင္းမွားေတြ မျပန႔္ဖို႔ သတင္းတစ္ပုဒ္ကို မွ်ေဝေတာ့မယ္ဆိုရင္

သတင္းဌာနနာမည္ကို အရင္စိစစ္ပါ။ သတင္းေရးသူကို စိစစ္ပါ။ ေခါင္းစဥ္တစ္ခုတည္းကိုပဲ မဖတ္ပါနဲ႔။
သတင္းကို အစအဆုံးဖတ္ပါ။ သတင္းထုတ္ေဝတဲ့ ေန႔စြဲကို စစ္ပါ။
အလားတူျဖစ္ရပ္ကို အျခားသတင္းရင္းျမစ္ေတြမွာ ေရးထားလား ႏႈိင္းယွဥ္ခ်ိန္ထိုးၾကည့္ပါ။
အင္တာနက္ေပၚ လ်င္ျမန္စြာ ျဖန႔္ေဝေနတဲ့ မက္ေဆ့ခ်္မ်ား၊ အသံဖိုင္မ်ား၊ ဗီဒီယိုႏွင့္ အမည္မသိ မေသခ်ာေသာ ပုံမ်ားကို မမွ်ေဝပါနဲ႔။
ဒီအခ်က္ေတြကို ေသေသခ်ာခ်ာေလ့လာၿပီးရင္ စာဖတ္သူတို႔ေတြ႕တဲ့ သတင္းေတြအေၾကာင္းအရာေတြရဲ႕ အမွား အမွန္ကို ခြဲျခားလာႏိုင္မွ တိုင္းျပည္သာယာေအးခ်မ္းၿပီး မလိုလားတဲ့ ျပႆနာေတြ မတက္ေတာ့မွာမို႔ အသိေပးတင္ျပလိုက္ပါတယ္။
VOM အယ္ဒီတာအဖြဲ႕

 

 

Related posts

Leave a Comment

VOM News

FREE
VIEW