ဘာရှန်ချာကျွန်းပေါ်ပြောင်းတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို အရင်ဆုံးပြန်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆို

ဒါကာ၊ ဒီဇင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)

ကော့ဘဇားဒေသရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်အတွင်းရှိ ဘာရှန်ချာကျွန်းသို့ ပြောင်းရွှေ့ထားတာဟာ ယာယီအစီအစဉ်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့လုပ်ငန်းစဉ် စတင်ရင် ဒီကျွန်းပေါ်ကလူတွေဟာ ပထမသုတ်အဖြစ် အရင်ပြန်ရဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ စစ်တကောင်းဆိပ်ကမ်းကနေ ၅၂ ကီလိုမီတာကွာဝေးတဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဘာရှန်ချာကျွန်းပေါ်ကို ကော့ဘဇားဒေသက စခန်းတွေမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၆၀၀ ကျော်ကို မကြာသေးမီက ပြောင်းရွှေ့ပေးခဲ့ပါတယ်။

ဘယ်လိုပြောင်းရွှေ့မှုမျိုးမဆို ဆန္ဒအလျောက်ဖြစ်ရမယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတဲ့ ရပ်တည်ချက်ဟာ အလွန်ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့ ရိုဟင်ဂျာတွေ ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ် ဘယ်နေရာမှာမဆို ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတိုင်းကို လုပ်ပိုင်ခွင့်အရ ကူညီပေးသင့်တယ်လို့ ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

Ref: bssnews
Photo: AFP
#voiceofmyanmar #VOM #ရိုဟင်ဂျာ #ဘင်္ဂလားဒေရှ်

zawgyi

ဘာရွန္ခ်ာကြၽန္းေပၚေျပာင္းတဲ့ ႐ိုဟင္ဂ်ာေတြ ျမန္မာႏိုင္ငံကို အရင္ဆုံးျပန္ႏိုင္ဖြယ္ရွိတယ္လို႔ ဘဂၤလားေဒ့ရွ္ဆို

ဒါကာ၊ ဒီဇင္ဘာ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ေကာ့ဘဇားေဒသရွိ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ပင္လယ္အတြင္းရွိ ဘာရွန္ခ်ာကြၽန္းသို႔ ေျပာင္းေ႐ႊ႕ထားတာဟာ ယာယီအစီအစဥ္သာျဖစ္ၿပီး ဘဂၤလားေဒ့ရွ္က ႐ိုဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံျပန္ပို႔တဲ့လုပ္ငန္းစဥ္ စတင္ရင္ ဒီကြၽန္းေပၚကလူေတြဟာ ပထမသုတ္အျဖစ္ အရင္ျပန္ရဖြယ္ရွိတယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာေအေကအဗၺဒူမိုမန္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရဟာ စစ္တေကာင္းဆိပ္ကမ္းကေန ၅၂ ကီလိုမီတာကြာေဝးတဲ့ ဘဂၤလားပင္လယ္ေအာ္အတြင္းရွိ ဘာရွန္ခ်ာကြၽန္းေပၚကို ေကာ့ဘဇားေဒသက စခန္းေတြမွာေနထိုင္ၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၁၆၀၀ ေက်ာ္ကို မၾကာေသးမီက ေျပာင္းေ႐ႊ႕ေပးခဲ့ပါတယ္။

ဘယ္လိုေျပာင္းေ႐ႊ႕မႈမ်ိဳးမဆို ဆႏၵအေလ်ာက္ျဖစ္ရမယ္ဆိုတဲ့ ဘဂၤလားေဒ့ရွ္အစိုးရတဲ့ ရပ္တည္ခ်က္ဟာ အလြန္ရွင္းလင္းၿပီး ပြင့္လင္းျမင္သာမႈရွိတယ္လို႔ ႐ိုဟင္ဂ်ာေတြ ေျပာင္းေ႐ႊ႕တာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။

ကုလသမဂၢအေနနဲ႔ ဘဂၤလားေဒ့ရွ္ ဘယ္ေနရာမွာမဆို ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာတိုင္းကို လုပ္ပိုင္ခြင့္အရ ကူညီေပးသင့္တယ္လို႔ ေဒါက္တာေအေကအဗၺဒူမိုမန္က ေျပာပါတယ္။

Ref: bssnews
Photo: AFP
#voiceofmyanmar #VOM #႐ိုဟင္ဂ်ာ #ဘဂၤလားေဒရွ္

 

Related posts

Leave a Comment

VOM News

FREE
VIEW