ကျောက်ဆည်မြို့ စူပါဝမ်းစတိုးဆိုင်ပိုင်ရှင်နဲ့ ထိစပ်သူ ၁၇ ဦးမှာ ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ ၁၂-၂၀၂၀
သက်ထားခင်

ကျောက်ဆည်မြို့မှာရှိတဲ့ စူပါဝမ်းစတိုးဆိုင်ပိုင်ရှင် အမျိုးသားဟာ ကိုဗစ်ပိုးတွေ့ရှိခဲ့လို့ ထိစပ်သူတွေကို ကွာရန်တင်းထားပြီး စစ်ဆေးလိုက်ချိန် ဒီကနေ့ မနက်ပိုင်းမှာ ၁၇ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

“မိသားစုနဲ့ ဆိုင်ဝန်ထမ်းတွေကို ကွာရန်တင်းထားထားတာ၊ အဲ့ဒီအထဲကနေ ၁၇ ယောက် ထွက်တယ်၊ အခုလည်း လုပ်သင့်တာတွေလုပ်နေတယ်၊ လောလောဆယ် အဲ့ဒီနေရာကို Semi lockdown ပုံစံမျိုး လမ်းလေးကို ကန့်သတ်ထားဖို့ ကိုဗစ်ကော်မတီကို တင်ပြထားတယ်၊ ဆိုင်ကို ဝင်ထွက်ခဲ့တဲ့သူတွေကိုတော့ ဆက်သွယ်ပါဆိုပြီးတော့ လုပ်ထားတယ်၊ လောလောဆယ်တော့ ဆက်သွယ်တာမရှိသေးဘူး”လို့ ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စူပါဝမ်းစတိုးဆိုင်ပိုင်ရှင်ဖြစ်တဲ့ အမျိုးသားဟာ ဆီးချိုရောဂါနဲ့ မောလာတဲ့အတွက် အပြင်ဆေးခန်းမှာ ပြသခဲ့ပေမယ် မတက်သာတာကြောင့် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျောက်ဆည်ပြည်သူ့ဆေးရုံကို တက်ရောက်ပြသခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ပိုး ရှိ၊မရှိစစ်ဆေးလိုက်တဲ့အခါ ကိုဗစ်ပိုးတွေ့တယ်လို့ အဖြေထွက်ခဲ့တာဖြစ်တဲ့အတွက် ထိစပ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ဆိုင်ဝန်ထမ်းတွေကို ကွာရန်တင်းထား စစ်ဆေးလိုက်တဲ့အချိန် ၁၇ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။

ကျောက်ဆည်ပြည်သူ့ဆေးရုံကို စတင်တက်ရောက်ရှိချိန်ကလည်း ကျန်းမားရေးဝန်ထမ်းတွေနဲ့ ထိစပ်မှုရှိခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်း ၁၂ ဦးကိုလည်း ဆေးရုံမှာ ကွာရန်တင်းထားထားရတယ်လို့ သိရပါတယ်။

အခုကဲ့လို တစ်နေ့ထဲ ကိုဗစ်ပိုးတွေ့တဲ့သူ ၁၇ ဦးရှိတာဟာ ကျောက်ဆည်မြို့မှာ ပထမကြိမ် အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၂ရက်နေ့ ညနေပိုင်းအချိန်ထိ ကိုစေ်အတည်ပြုလူနာ ၈၉၃၉ ဦး ၊သေဆုံးသူ ၁၀၂ဦးတဲ့ရှိနေပြီးဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်ဆည် #စူပါဝမ်းစတိုး #ကိုဗစ်ပိုး၁၇ဦးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW