ဒါကာ၊ ဒီဇင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာတပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ခင်ပွန်းဖြစ်သူသေဆုံးခဲ့တဲ့အတွက် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ Setara Begumက မြန်မာအစိုးရဆီကနေ လျော်ကြေးငွေ ဒေါ်လာ နှစ်သန်းတောင်းခံနေတယ်လို့ အဲ့ဒီအမျိုးသမီးရဲ့ ရှေ့နေက ပြောပါတယ်။
ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ခင်ပွန်းဖြစ်သူShoket Ullah သတ်ဖြတ်ခံရမှုအတွက် Setara Begum ကိုယ်စား မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို ဒီဇင်ဘာ ၁၀ ရက်မှာ တိုင်ကြားစာတစ်စောင်ပေးပို့ခဲ့တယ်လို့ Legal Action Worldwide (LAW)အဖွဲ့နဲ့ နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့ McDermott Will & Emery ကပြောပါတယ်။
Setara Begum ရဲ့လျော်ကြေးတောင်းခံမှုဟာ ရိုဟင်ဂျာအရေးနဲ့ဆက်နွယ်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆီကို ပထမဆုံးတိုင်ကြားမှုဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် Legal Action Worldwide (LAW) ကပြောပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့ ရိုက်တာက တယ်လီဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
Setara Begum ရဲ့ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် ငါးဖမ်းသမား Shoket Ullah ဟာ ၂၀၁၇ ခုနှစ် ၊စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ အမျိုးသား ၁၀ ဦးကို စစ်သာတွေနဲ့ ရွာသားတွေက သတ်ဖြတ်ပြီး မီးရှိုှု့မြုပ်နှံခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးခဲ့သူတစ်ဦးဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စစ်သားတွေကို အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မြန်မာစစ်တပ်က ကြေညာခဲ့ပေမယ့် သူတို့ဟာ တစ်နှစ်မပြည့်မီ ထောင်ကပြန်လွတ်လာခဲ့ပါတယ်။
Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒါကာ #မြန်မာအစိုးရ #ရိုဟင်ဂျာအမျိုးသမီး #ဒေါ်လာနှစ်သန်းလျော်ကြေးတောင်း