ဝါရှင်တန်၊ ဒီဇင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)
အမေရိကန်မှာ Pfizer BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့အတွက် အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(အက်ဖ်ဒီအေ)က ခွင့်ပြုလိုက်ပါတယ်။
ကာကွယ်ဆေးကို အသုံးပြုဖို့ ခွင့်ပြုချက်အတွက် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့အပေါ် ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရက ဖိအားပေးမှုများပြုလုပ်ခဲ့ပါတယ်။
ထွက်ပေါ်နေတဲ့သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ အက်ဖ်ဒီအေ အကြီးအကဲ စတီဖင်ဟန်က ပြောဆိုပေမယ့်လည်း ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၁ ရက်မှာ အတည်မပြုဘူးဆိုရင် နှုတ်ထွက်ရမယ်လို့ ဖိအားပေးခံခဲ့ရကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ခွင့်ပြုလိုက်တာနဲ့ ၂၄ နာရီအတွင်း ပထမဆုံးကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ လူ ၂၉၂၀၀၀ သေဆုံးသွားပြီဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို ဒီဇင်ဘာ ၁၄ ရက်သို့မဟုတ် ၁၅ ရက်နေ့မှာ Pfizer နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးနဲ့ လူ့စွမ်းအားဝန်ကြီး အဲလက်အေဇာက ဒီဇင်ဘာ ၁၁ ရက်အစောပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဗြိတိန်၊ ကနေဒါ၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့မှာ အသုံးပြုဖို့အတွက် ကျန်းမာရေးတာဝန်ရှိသူတွေက ခွင့်ပြုပေးခဲ့ပါတယ်။
Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန် #ကိုဗစ်ကာကွယ်ဆေး #အသုံးပြုဖို့ခွင့်ပြု