ဒီဇင်ဘာ ၁၃-၂၀၂၀
နေနန်းနွယ်(VOM)
တောင်ကြီးမြို့ရှိ အရင်က stay at homeအဖြစ် ကြေညာထားတဲ့ ဧရိယာတွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ထပ်မံ ရက်တိုးလိုက်ပြီးဖြစ်ပါတယ်။
“မင်္ဂလာဦးရပ်ကွက်မှာ အိမ်ခြေ ၃၅၀ ရှိပါတယ်၊ အကုန်လုံးကို stay at home ကြေညာထားတာပါ၊ အပြင်လုံးဝထွက်လို့မရတာတော့ မဟုတ်ဘူး၊ အိမ်တိုင်းကို အပြင်ထွက်ခွင့်/ဈေးဝယ်ခွင့်ကတ်လေးတွေ ဝေပေးထားပါတယ်၊ ကတ်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း သုံးလို့ရပါတယ်၊ အဲ့ဒီအချိန်အတွင်းတော့ ထွက်လို့ရပါမယ်၊lockdown ဆိုရင်တော့ လုံး၀ ပေးမထွက်ဘူးလေ၊ အခုကတော့ stay at home ပေါ့၊ ကတ်က တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၂ နာရီ သုံးခွင့်ပေးထားပါတယ်၊ မင်္ဂလာဦးရပ်ကွက်နဲ့ဆက်စပ်ပြီး ပေါ့စတစ်ထွက်တာကတော့ အားလုံးပေါင်း ၃၃ ယောက်ရှိပါတယ်၊ အ.ထ.က-၁၁ ကွာရန်တင်းစင်တာ တစ်ခုထဲမှာတင် ၂၂ ယောက်ထွက်ထားပါတယ်” လို့ မင်္ဂလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းဝေက ပြောပါတယ်။
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်အတွင်းရှိ အရှေ့ဘက်၊ မြောက်ဘက်၊ အနောက်ဖက်နဲ့ တောင်ဖက်တို့ရှိ လမ်းနေရာအချို့ကို stay at home ဧရိယာတွေအဖြစ် ကြေညာထားတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်က စတင်ပြီး ကိုဗစ်ရောဂါ ဒေသတွင်းကူးစက်မှုကိုထိန်းချုပ်ဖို့အတွက် မူလက တောင်ကြီးမြို့ကို နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၅ ရက်အထိ stay at home ကာလအဖြစ် ကြေညာထားတာဖြစ်ပြီး အခုအခါမှာတော့ ဒီဇင်ဘာ ၂၀ အထိ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၇၀၀ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၅၀၂ ဦး ရှိပြီဖြစ်ပါတယ်။
#voiceofmyanmar #VOM #တောင်ကြီး #StayHome #ရက်တိုး