မတ် ၆၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီး အနီး၊ ကျိန်းဟုန်ပြိန်းခမ်းရွာမှာ မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရွှေတူးဖို့ ပြင်ဆင်နေတဲ့ ကိုးကန့် တပ်ဖွဲ့ကို လယ်ပိုင်ရှင်တွေသွားရောက် တားမြစ်ရာက သေနတ်နဲ့ ပစ်ခတ်လို့ ခြောက် ယောက် သေဆုံးပြီး တချို့ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မုံးစီး သွားတဲ့လမ်းက ပြိန်းခမ်ရွာမှာ။ မုံးဟော်မ် ကနေ ၈ မိုင်လောက်ပဲ ဝေးမယ်။ ကိုးကန့် MNDAA တွေ ရွှေတူးတဲ့နေရာ ဒေသခံတွေ ရွှေမတူးဖို့ သွားပြောတာ စကားများကြပြီး ကိုးကန့် MNDAAဘက်က သေနတ်နဲ့ ပစ်လို့ ခြောက်ယောက်သေတယ်။ ခြောက်ယောက် ဒဏ်ရာရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ မတ်လ ၄…
Read MoreDay: March 6, 2025
ရိုက်ကြေး အဆမတန် မြင့်တက်လာလို့ သင်္ဘောသားလူသစ်တွေ အလုပ်အကိုင်ရဖို့ ခက်ခဲလာ
မတ် ၆ – ၂ဝ၂၅ KKO(VOM) ယနေ့ခေတ်ကာလမှာ လူသစ်သင်္ဘောသားတွေပေးရတဲ့ ရိုက်ကြေးလို့ခေါ်တဲ့ အေးဂျင့်ပွဲစားခတွေဟာ အဆမတန်မြင့်တက်လာလို့ သင်္ဘောသားလူသစ်တွေ အနေနဲ့ ပြည်ပထွက်ခွာဖို့နဲ့ အလုပ်အကိုင်ရဖို့အတွက် အခက်တွေ့နေရတယ်လို့ သင်္ဘောသားလောက အသိုင်း အဝိုင်းကနေ သိရပါတယ်။ သင်္ဘောသားလောကမှာ ရိုက်ကြေးဆိုတာ အေးဂျင့်တွေကို ပေးသွင်းရတဲ့ ပွဲစားခဖြစ်ပြီး သင်္ဘောသားတွေထဲမှာ လူသစ်တွေသာမက လူဟောင်းတွေပါ ရိုက်ကြေးပေးသွင်းနေရတာဖြစ်ပါတယ်။ သင်္ဘောသားတွေရဲ့အဆိုအရ ပွဲစားအေးဂျင့်ခလက်ရှိပေါက်ဈေးက သင်္ဘောတခါတက်မယ်ဆိုပါက အမေရိကန်ဒေါ်လာ ၁ဝဝ တန် (အစိမ်းအရွက် ၃ဝ)နီးပါးခန့် ပေးဆောင်ရတာဖြစ်တယ်လို့ သင်္ဘောသားတွေက ပြောပါတယ်။ “သူက အခုပေါက်ဈေးဆို အစိမ်းအရွက် ၃ဝ နီးပါးခန့်လောက် ရိုက်ကြေးပေးရတယ်။ လူဟောင်းပဲဖြစ်ဖြစ်၊ လူသစ်ပဲဖြစ်ဖြစ် ရိုက်ကြေးပေးရတယ်။လူသစ်တွေကတော့ ပိုပေးရတာပေါ့။အဲလိုမပေးရင်ရော ဘာဖြစ်မလဲဆိုရင် အလုပ်မရဘူးပေါ့၊သူတို့က ပေးတဲ့သူပဲ သင်္ဘောလိုင်းပေါ်တင်ပေးမှာလေ၊မပေးတဲ့သူက ကျန်ခဲ့မှာပေါ့။ နောက်သင်္ဘောသားလောကမှာ ဘာရှိလဲဆိုရင် အခွန်ဆောင်ရမယ်။သင်္ဘောပေါ်မတက်ခင်ကတည်းက ထွက်တော့မယ်ဆိုထဲက အခွန် ၈…
Read Moreတောင်ကိုရီးယားမှာ လူနေဒေသပေါ်ကို တိုက်လေယာဉ်နဲ့ ဗုံးရှစ်လုံး မှားကြဲမိလို့ ၁၅ ယောက် ဒဏ်ရာရ
ဆိုးလ်၊ မတ်-၆-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတခုအတွင်း တိုက်လေယာဉ်တစင်းပေါ်ကနေ အရပ်ဘက်ဒေသတခုပေါ်ကို ဗုံးရှစ်လုံး မှားယွင်းဖြုတ်ချမိခဲ့တာကြောင့် လူ ၁၅ ယောက် ဒဏ်ရာရပြီး လေးယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမတော်တမှုဟာ တောင်ကိုရီးယားလေတပ်ရဲ့ KF-16 တိုက်လေယာဉ်ပေါ်ကနေ ဗုံးမှားယွင်းကြဲချမှုဖြစ်စဉ်ဟာ မြောက်ကိုရီးယားနယ်စပ်အနီး ပိုချွန်းမြို့မှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄ မိနစ်မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗုံးတလုံးသာ ပေါက်ကွဲခဲ့ပြီး အခြားမပေါက်ကွဲသေးတဲ့ ဗုံးခုနှစ်လုံးကို ဘေးကင်းစွာ ဖြုတ်သိမ်းနိုင်ဖို့ လုပ်ဆောင်နေပြီး အနီးနားက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ တောင်ကိုရီးယားစစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း အရပ်သားတွေနေထိုင်ရာနေရာတွေကို ကျည်ဆန်ကျရောက်မှုတချို့ ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဖူးပါဘူး။ မိမိတို့ရဲ့ KF-16 ဂျက်တိုက်လေယာဉ်တစင်းဟာ MK-82 ဗုံးရှစ်လုံးကို ပုံမှန်မဟုတ်ဘဲ ကြဲချမိခဲ့ပြီး ပစ်မှတ်နေရာဒေသ…
Read MoreOWIC ကတ် ပိတ်ထားမှုကြောင့် ပြည်ပကနေ ခွင့်ပြန်အလုပ်သမားတွေ အခက်တွေ့
မတ် ၆ – ၂၀၂၅ SN (VOM) ပြည်ပအလုပ်သမား သက်သေခံကတ် (OWIC-Oversea Workers Identity Card) ပိတ်ထားမှုကြောင့် ပြည်ပ ခွင့်ပြန်အလုပ်သမားတွေ အခက်တွေ့နေရတယ်လို့ ကိုယ်တွေ့ ကြုံနေရသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကစပြီး အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) သမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card – OWIC) ကတ် ရိုက်ပေးခြင်း လုပ်ငန်းကို ယာယီ ရပ်နားလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာ OWIC ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်ကို ရပ်ထားတာဟာ နှစ်ပတ်ကျော် ရှိလာခဲ့ပြီဖြစ်တာကြောင့် သက်ဆိုင်ရာ နိုင်ငံတွေက လုပ်ငန်းခွင်တွေဆီ ပြန်လည် ဝင်ရောက်ဖို့ ပြင်ဆင်ထားသူတွေ…
Read Moreသိန္နီမှာ ကိုးကန့်ကထုတ်ပေးတဲ့ ယာယီ ယာဉ်မောင်းလိုင်စင် စစ်ဆေးနေပြီး မလုပ်ထားသူတွေ ရှစ်သောင်းနဲ့ အထက် ပေးနေရ
မတ် ၆၊ ၂၀၂၅ Shy V VOM ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမှာ လတ်တလော ကိုးကန့် MNDAA က ထုတ်ပေးတဲ့ ယာယီ ယာဉ်မောင်းလိုင်စင် စစ်ဆေးနေပြီး မလုပ်ထားတဲ့ သူတွေကို ရှစ် သောင်းနဲ့ အထက် ပေးပြီး ပြန်လုပ်ခိုင်းနေ ကြောင်း ယာဉ်မောင်း တွေဆီက သိရပါတယ်။ “ကျွန်မတို့ကိုလည်း လမ်းမှာ စစ်ပြီး လုပ်ခိုင်းတယ်။ သိန္နီမှာ လုပ်ရင် ကားသေး ၈၀၀၀၀ တောင်းတယ်။ သူတို့ ဂိတ်သိမ်းတဲ့ အချိန် စောင့်ပြန်ပြီး လားရှိုးမှာ လုပ်လိုက်တယ်။ ၁၅,၀၀၀ ပဲပေးရတယ်။ နောက်တစီးက တသိန်းကျော်ပေးရတယ်။ သိန္နိမှာ အဲလို လုပ်ခိုင်းလို့ လုပ်လိုက်တာ။ ကင်တာမို့လေ။ ကားပေါ်မူတည်ပြီးပေးရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လတ်တလော လမ်းတလျှောက် အစစ်အဆေးတွေ များပြီ…
Read Moreတိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်တွေအတွင်း နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် အထက် မြင့်တက်လာနိုင်
မတ် ၅ – ၂၀၂၅ SN (VOM) လာမယ့် ရက်တွေအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် အထက် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း ဒေသတွေအပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေ့အပူအချိန်တွေ တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့အတွက် သတိပြုရမှာဖြစ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “အခုက မတ်လ၊ နွေဦးရာသီ ရောက်ပြီဆိုတော့ ပြီးခဲ့တဲ့ လတွေထက်တော့ အပူချိန်တွေက တဖြည်းဖြည်းနဲ့ တက်လာမှာပေါ့။ ချောက်တို့ဘာတို့ဆို အခုဆို အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်တောင် ဖြစ်နေပြီ။ ဒါပေမယ့်အခုက မတ်လဆန်းဆိုတော့ အပူချိန်က အများကြီးတော့ မတက်နိုင်သေးဘူး။ သို့သော် တဖြည်းတဖြည်းနဲ့တော့ တရက်ထက်တရက် အပူချိန်တွေ တိုးလာနိုင်တယ်” လို့…
Read Moreသီပေါ နားမခေါ်ရွာမှာ စွန့်ပစ်ထားတဲ့ မိန်းကလေးသုံးယောက် အလောင်းတွေ့
မတ် ၅၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ရွာ၊ တာလုံ တံတားအနီးမှာ စွန့်ပစ်ထားတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလးကလာင်း သုံးလောင်းကို တွေ့ရှိခဲ့ကြာင်း ဒေသခံတွဆီက သိရပါတယ်။ “သတ်ခံရတာ တပတ်ကျော်ပါပြီ။ ကိုယ်တုံးလုံးအနေအထားနဲ့စွန့်ပစ်ခံရတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ သေသွားတဲ့ မိန်းကေလး တွေဟာ အမည်၊ နေရပ်လိပ်စာ နဲ့ ဘယ်သူ ဘယ်ဝါတွေလဲ ဆိုတာ မသိပေမယ့် KTV မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေ လို့ ယူဆရတယ် လို့ သူက ပြောပါတယ်။ သီပေါ တံတားရဲ့ အရှေ့ဘက်ခြမ်း နားမခေါ်၊ ပန်ညု၊ ဆောင်ကြဲ၊ ဆိုင်ကျောက်၊ တကြောလုံး လက်ရှိ MNDAA (ကိုးကန့်)က ထိန်းချုပ်ထားတာ…
Read Moreထရန့်ရဲ့ဦးဆောင်မှုနဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဇီလန်စကီးပြော
ကိဗ်ယက်၊ မတ်-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဦးဆောင်မှုအောက်မှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါဟာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံကြစဉ် စကားအချေအတင်များခဲ့ပြီး အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ယာယီရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ပြီးနောက်မှာ ယူကရိန်းသမ္မတရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့ အပေါ် လွန်စွာစိတ်မကောင်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ထရန့်ကတော့ ယူကရိန်းသမ္မတဟာ ဆွေးနွေးရေးစားပွဲဝိုင်းထိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဝေဖန်ထားပါတယ်။ ဒါအပြင် စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းမှာ ကိုင်ထားစရာကတ်မရှိဘူးလို့ ပြောပါတယ်။ ယူကရိန်းအနေနဲ့ အမေရိကန်နဲ့ တွင်းထွက်သယံဇာတဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့နဲ့ စစ်ပွဲအဆုံးသတ်ဖို့ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ကိုလည်း အဆင့်သင့်ရှိတယ်လို့ ဇီလန်စကီးကပြောပါတယ်။ ပထမအဆင့် အကျဉ်းသားတွေ လဲလှယ်ဖို့နဲ့ ဝေဟင်မှာ ဒုံးကျည်တွေ တာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို ရပ်ဆိုင်းဖို့နဲ့ ရုရှားက ဆန္ဒရှိရင်…
Read Moreညောင်တုန်းမြို့ကို ဗဟိုပြုပြီး ငလျင် လေးကြိမ် လှုပ်ခတ်၊ မအူပင်မြို့ရှိ ဘုရား၊ ဓမ္မာရုံနဲ့ လူနေအိမ်တချို့ ပျက်စီး
မတ် ၅ – ၂၀၂၅ SS (VOM) ဒီကနေ့ မတ် ၅ ရက်၊ မနက်ပိုင်းက ညောင်တုန်းမြို့ကို ဗဟိုပြုပြီး ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ကာ ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ ဘုရား၊ ဓမ္မာရုံနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ မြို့နေ ပြည်သူတွေက ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ မနက် ၄ နာရီ ၃၇ မိနစ် ဝန်းကျင်မှာ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင် စတင် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ငလျင်တွေအနေနဲ့ ညောင်တုန်းမြို့အနီး ၁၀…
Read Moreတောင်သာ လေကြောင်းတိုက်ခိုက်မှု ခြောက်ယောက် သေဆုံး
မတ် ၅ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မနေ့ မတ် ၄ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ မနေ့ည ၁၀ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှုအပြင် ထိခိုက်၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပြီး နေအိမ် အလုံး ၃၀ လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး ခြောက်ယောက်၊ ဒဏ်ရာရက လေးယောက်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း အနီရောင်အဆင့်ဖြစ်တယ်။ ဒဏ်ရာ ပြင်းတယ်။ လေကြောင်း တိုက်ခိုက်မှုပြီးသွားတော့ နတ်စောင့်ရွာထဲကို နစကတပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လူဦးရေ စုစုပေါင်း ၃၅၈၇ ယောက် နေထိုင်တဲ့…
Read More