ငွေဆောင်မှာ ရေလာကူးတဲ့ လူငယ် ၂ ဦး ရေနစ်သေဆုံး

ဒီဇင်ဘာ ၂၀-၂၀၂၀
ကိုအောင်(VOM)

ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့လူငယ်နှစ်ဦး ရေနစ်သေဆုံးတဲ့ဖြစ်စဉ် မနေ့ ဒီဇင်ဘာ ၁၉ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ကပြောပါတယ်။

“သူတို့က ကားနဲ့လာတာ၊ တာဝန်ရှိသူတွေက မြို့စစ်ဆေးရေးဂိတ်မှာတားလိုက်သေးတယ်၊ ညနေကြတော့ ရေနစ်တယ်သတင်း ကြားရတော့တာပဲ”လို့ ဦးဝင်းကျော်ကပြောပါတယ်။

ရေနစ်သေဆုံးသူတွေဟာ ပုသိမ်မြို့ကနေလာရောက်တဲ့ အမျိုးသား(၁)ဦး နဲ့ အမျိုးသမီး(၁)ဦး ဖြစ်ပြီး ရေနစ်တဲ့သတင်းကြားရတဲ့နောက်ပိုင်း ဒေသခံတွေနဲ့ရေငုပ်သမားတွေ လိုက်လံရှာဖွေခဲ့ရတာဖြစ်ပါတယ်။

မနေ့ ဒီဇင်ဘာ ၁၉ရက် ညနေ၆နာရီအချိန်မှာ အမျိုးသမီးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားအလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့အတွက် ငွေဆောင်ဆေးရုံမှာ ရင်ခွဲစစ်ဆေးမှူတွေပြုလုပ်နေပါတယ်။

သေဆုံးသူတွေဟာ အသက်၂၀အရွယ်သာရှိသေးပြီး အမျိုးသားက ပုသိမ်မြို့၊ အမှတ်၆ရပ်ကွက်မှာနေထိုင်သူနဲ့ အမျိုးသမီးကတော့ အမှတ်၅ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သူတို့ကို ပုသိမ်မြို့မှာ သဂြိုၤလ်မှာဖြစ်ပြီး ငွေဆောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှုအဖြစ် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းအစိုးရက မတ်လကစပြီး ကမ်းခြေနဲ့အပန်းဖြေစခန်းတွေပိတ်သိမ်းဖို့အမိန့်ထုတ်ပြန်ခဲ့တဲ့အပြင် ပုသိမ်၊ မအူပင်နဲ့ ဖျာပုံမြို့တွေကိုလည်း Stay at Homeမြို့တွေအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

Photo – Facebook
#voiceofmyanmar #VOM #ငွေဆောင် #လူငယ်၂ဦး #ရေနစ်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW