ထိုင်းနိုင်ငံကို ပြန်လည်ဝင်ဖို့ မြန်မာလုပ်သားတစ်သိန်း စောင့်ဆိုင်းနေ

ချင်းရိုင်၊ ဒီဇင်ဘာ ၂၀-၂၀၂၀
မျိုးဆက် (VOM)

မြန်မာလုပ်သားတစ်သိန်းဟာ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားနေ့အထိမ်းအမှတ်အဖြစ် မဲ့ဖာလောင်တက္ကသိုလ်ရဲ့ လူမှုဆန်းသစ်တီထွင်မှုကျောင်းက စီစဉ်ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သုတေသီတစ်ဦးဖြစ်သူ Suebsakun Kidnukorn က မြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ချင်းရိုင်ဒေသတစ်ခုတည်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၄၀၀၀ ဦးမှတ်ပုံတင်ထားပြီး အဲ့ဒီအထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အထောက်အထားမဲ့အလုပ်သမားတွေ မပါသေးဘူးလို့ သူကပြောပါတယ်။

ချင်းရိုင်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရွှေ့ပြောင်းလုပ်သားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပြီး လက်ရှိမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ Mr Suebsakun ကပြောပါတယ်။

ဒီလိုကန့်သတ်ချက်တွေကြောင့် အလုပ်သမားအများအပြားဟာ နယ်စပ်တွေမှာ သောင်တင်နေကြပြီး နှစ်နိုင်ငံနယ်စပ်နှစ်ဘက်စလုံးမှာ သောင်တင်နေတဲ့ မြန်မာနဲ့ ထိုင်းရွှေ့ပြောင်းလုပ်သားတွေကိုကူညီဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီဖို့ အရှိန်မြင့်လုပ်ဆောင်ရမယ်လို့ သူကဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံကိုပြန်လာမယ့် ရွှေ့ပြောင်းလုပ်သာတွေကို ဝင်ခွင့်မပြုသေးကြောင်း၊ ဒီအတွက်ကြောင့် အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများအပြားဟာ နယ်စပ်ကိုဖြတ်ပြီး ခိုးဝင်ဖို့ ကြိုးစားမှုတွေဖြစ်ပေါ်စေခဲ့တယ်လို့ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာအဖွဲ့ ညှိုနှိုင်းရေးမှူး Adisorn Koetmongkol ကပြောပါတယ်။

Ref : Bangkok
Photo: Mai Sai district office Facebook
#voiceofmyanmar #VOM #ချင်းရိုင်

Related posts

Leave a Comment

VOM News

FREE
VIEW