လှည်းတန်းက GZ တွေလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ သနပ်ခါးတိုက်ပွဲ

ဖေဖေါ်ဝါရီ ၂၅-၂၀၂၁
အေးချမ်းသူ(VOM)

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ G Zမျိုးဆက်တွေဟာ ဒီနေ့မနက်ပိုင်းက မြေနီကုန်းကုန်းတံတားအောက်မှာ လူပေါင်းရာနှင့်ချီကာ သနပ်ခါးတိုက်ပွဲကန်ပိန်းကို ပြုလုပ်ခဲ့ကြပါတယ်။

ခရီးသွားအေဂျင်စီမှာလုပ်ငန်း ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဇွန်လေးက “သနပ်ခါးဆိုတာ အေးချမ်းတယ်လေ၊ သနပ်ခါး ဆိုတဲ့အတိုင်း သနပ်တွေခါးသွားအောင်လုပ်တာ အောင်ပွဲတွေရရင်တောင်သနပ်ခါးနဲ့ သပြေခက်ကို ပက်ဖြန်းရသေးတာပဲ”လို့ VOMကို ပြောပါတယ်။

လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သနပ်ခါးတိုက်ပွဲလုပ်တာမှာ လိမ်းသူ/မလိမ်းသူ ကွဲပြားမှုများလည်းရှိနေပါတယ်။

ရန်ကုန်မှာ တပ်မတော်အာဏာရယူပြီးနောက် ဖေဖော်ဝါရီ ၆ရက်နေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #vom # သနပ်ခါး

Related posts

Leave a Comment

VOM News

FREE
VIEW