ရခိုင်မှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုး

ဖေဖော်ဝါရီ ၂၅- ၂၀၂၁   ထက်အောင်စိုင်း (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဘာသာကြီး (၄) ခုက ဘာသာရေးခေါင်းဆောင် အသက်ကြီးပိုင်းတွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။   ကိုဗစ်ကာကွယ်ဆေးလာရောက် ထိုးနှံမှုခံယူတဲ့ စစ်တွေမြို့က ဗုဒ္ဓဘာသာ ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ အရှင်အရိယာဝံသက   “ အဓိကတော့ ကပ်ရောဂါကို ကာကွယ်ဖို့အတွက် ဆေးထိုးတာကတော့ ကောင်းတာပေါ့။ ဆေးထိုးတဲ့အပေါ်မှာ စိုးရိမ်မှုသိပ်မရှိပါဘူး။ စမ်းသပ်ပြီးတော့မှ ထိုးတာဆိုတော့လေ။ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေက တည်ငြိမ်အေးချမ်းတဲ့ အခြေအနေမှာ ရှိတယ်လို့ မြင်ပါတယ်။ ဒီအခြေအနေကို တာဝန်ရှိသူတွေအနေနဲ့ ထိမ်းသိမ်းထားစေချင်တယ်။” လို့ မိန့်ပါတယ်။   အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်တဲ့ ဦးဆံနီကလည်း  “ ဒီကာကွယ်ဆေးက ဝယ်လို့မရဘူးလို့ ကြားပါတယ်။ အခုလို လာပြီးထိုးပေးတာကိုလည်း ကျနော်တို့ ဝမ်းသာပါတယ်။ ကျန်တဲ့မထိုးရသေးတဲ့လူတွေကိုလည်း…

Read More

CDM ပြုလုပ်တဲ့ ကသာမြို့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုချီးမြှင့်

ကသာ၊ ဖေဖော်ဝါရီလ ၂၅-၂၀၂၁ စပ်ခွန်သာ(VOM) ကသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ပြုလုပ်နေတဲ့ ဝန်ထမ်း(၈)ဦးကို ပြည်သူလူထုက ဒီနေ့ ဖေဖော်ဝါရီလ(၂၅)ရက် မနက်ပိုင်းမှာ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်း(၉)နာရီအချိန်က စုရပ်ဖြစ်တဲ့ မဟာလေးထပ်ကျောင်းဝန်းအတွင်းမှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒထုတ်ဖော်ဖို့ လာရောက်ကြတဲ့ ပြည်သူလူထုတွေက CDM လုပ်နေတဲ့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ပန်းကုံးစွပ်ဂုဏ်ပြုတာ၊ အလေးပြုဂုဏ်ပြုတာအပါအဝင် ဂုဏ်ပြုငွေပါ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ CDM မှာပါတဲ့ ထွေအုပ်ဝန်ထမ်းတဦးက “ဘယ်သူမှဦးဆောင်ခြင်းမရှိဘဲ တစ်ယောက်ချင်းစီရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်သူများနဲ့အတူ ကျွန်တော်တို့ရပ်တည်တာဖြစ်ပါတယ်။ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတယ်။ အဲဒီလမ်းကြောင်းကနေသွေဖယ်တဲ့ ကိစ္စရပ်တွေကို မကြိုက်နှစ်သက်ပါဘူး။ ဒါကြောင့် ဒီနေ့မှာ ပြည်သူနဲ့အတူရပ်တည်တာပါ။ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ သွားမှာပါ။ ကျွန်တော်တို့ အရေးတော်ပုံ အောင်ကိုအောင်ရမယ်” လို့ ပြောပါတယ်။ ကသာမြို့မှာ CDM ပြုလုပ်နေတဲ့…

Read More

ကလေးမြို့မှာ ထိုင်သပိတ်ဆင်နွှဲကာ သနပ်ခါး Campaign ပြုလုပ်

ဖေဖော်ဝါရီ ၂၅ -၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ ပြည်သူလူထုဟာ ဒီကနေ့ပဲ ထိုင်သပိတ်ဆင်နွှဲဆန္ဒပြမှုနဲ့အတူ သနပ်ခါး Campaign ပြုလုပ်ကြပါတယ်။ အဲဒီဆန္ဒပြမှုနဲ့အတူ ပါဝင်သူအချို့က သပိတ်တော်လှန်ရေး ဆက်လက်လုပ်ဆောင်ရေးမှာ ပြည်သူလူထုပူးပေါင်းပါဝင်ရေး ဟောပြောခဲ့ကြသလို ထိုင်သပိတ်ပြုလုပ်ပြီးချိန်မှာတော့ ကလေးမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

မြင်းခြံမြို့ မြို့လူထုနဲ့အတူ စက်ယန္တရားကြီးတွေပါ ပါဝင်တဲ့ နွေဦးတော်လှန်ရေး (၁၉) ရက်မြောက်နေ့

ဖေဖော်ဝါရီ ၂၅-၂၀၂၁ MPG #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #မြင်းခြံ #၁၉ရက်မြောက်

Read More

တောင်ကြီးမြို့မှာ လူသောင်းချီပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ

ဖေဖော်ဝါရီ ၂၅-၂၀၂၁ နေနန်းနွယ် VOM #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #တောင်ကြီးမြို့

Read More

ပင်လည်ဘူးမြို့ရှိ မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံးရှေ့မှာ CDMထိုင်သပိတ်ပြုလုပ်

ဖေဖော်ဝါရီ ၂၅-၂၀၂၁ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို လူအင်အား ရာဂဏန်းနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံးရှေ့မှာလည်း CDM ထိုင်သပိတ်လုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #ပင်လည်ဘူး

Read More

မန္တလေးတိုင်း၊ အမရပူရမြို့က အာဏာရှင်ဆန့်ကျင်ရေး သနပ်ခါးလိမ်းကမ်ပိန်းနဲ့ ဆန္ဒပြပွဲ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅-၂၀၂၁ ဓါတ်ပုံ ထိန်လင်းအောင် #VoiceOfMyanmar #VOM #အာဏာသိမ်းမှုဆန့်ကျင် #စစ်ကိုင်း #ဆန္ဒပြ

Read More

တပ်မတော်မှ အာဏာရယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကိုင်းမြို့မှာ လူဦးရေ ထောင်ချီ ဆန္ဒပြ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅-၂၀၂၁ MTY တပ်မတော်အာဏာရယူမှု ဆန့်ကျင်တဲ့ အနေနဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက လူဦးရေ ထောင်ချီဟာ မြို့တွင်းကို စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #အာဏာသိမ်းမှုဆန့်ကျင် #စစ်ကိုင်း

Read More

တပ်ထောက်ခံပွဲလုပ်ပြီး လေးခွနဲ့ပစ်သူတွေကို ပြည်သူတွေက ဖမ်းဆီး

ဖေဖေါ်ဝါရီ ၂၅-၂၀၂၁ မင်းထက်စံ တပ်မတော်ထောက်ခံတဲ့သူတွေနဲ့ အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြသူတွေ အပြန်အလှန်ရိုက်ကြတာတွေ ၊ လောက်လေးတွေ ၊ ခဲတွေနဲ့ ပစ်ခတ်တာကြောင့် ရပ်ကွက်နေပြည်သူက တပ်မတော်ထောက်ခံတဲ့သူတွေကို လက်ရဖမ်းဆီးခဲ့ကြပါတယ်။ လတ်တလောအခြေအနေမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူမီးရထားဝန်းထဲက သာသနာ့ဟိတဓရ ဓမ္မာရုံမှာ ဖမ်းမိထားတဲ့ တပ်မတော်ထောက်ခံသူ ၃၀ လောက်ကို ထိမ်းသိမ်းထားတယ်လို့သိရပါတယ်။ ဖမ်းမိတဲ့သူတွေကို ရဲလက်အပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #သိမ်ဖြူမီးရထားဝန်း#တပ်မတော်ထောက်ခံသူတွေဖမ်းမိ

Read More
VOM News

FREE
VIEW