ဖေဖော်ဝါရီ၂၂၊ ၂၀၂၁ Photos-violin shayi ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ ၁၅ ရက်မြောက် နေ့ 22.2.2021 နွေးဦးတော်လှန်ရေး 22222 လုံး သီပေါ သပိတ်စစ်ကြောင်း အောင်မြင်စွာပြီးစီးခဲ့ပါတယ်။ ရှမ်းနှင့် တအာင်းပလောင် တိုင်ရင်းသား အများစု ပါဝင်ပြီး ဒေသခံ ပြည်သူလူထု ထောင်ချီ လမ်းလျှောက် ကာ “စစ်အာဏာရှင်စနစ် ကျရှုံးပါစေရ၊ အရေးတော်ပုံ အောင်ရမည် အောင်ရမည်”လို့ အဓိက ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #သီပေါ
Read MoreMonth: February 2021
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာလည်း ၂ ငါးလုံးအရေးတော်ပုံကို မြို့နယ်လုံးကျွတ် ဆင်နွှဲခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂-၂၀၂၁ TRLA #VoiceOfMyanmar #VOM #ဘုတလင် #၂ငါးလုံး
Read Moreရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သပိတ်စစ်ကြောင်း
ဓါတ်ပုံ- မင်းထက်စံ #voiceofmyanmar #VOM #ရန်ကုန်စည်ပင်
Read Moreစစ်အာဏာရှင်ဆန့်ကျင်တဲ့ စစ်ကိုင်းမြို့က နွေဦးတော်လှန်ရေး
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၂-၂၀၂၁ MTY တပ်မတော်အာဏာရယူထားမှုကို ဆန့်ကျင်တဲ့ အနေနဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းမှာ လူအင်အား သိန်းချီနဲ့ မြို့တွင်းကို စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #စစ်ကိုင်း #နွေဦးတော်လှန်ရေး
Read Moreပခုက္ကူက နွေဦးတော်လှန်ရေး မြို့လုံးကျွတ်ဆန္ဒပြ
ဖေဖော်ဝါရီ ၂၂-၂၀၂၁ နေလင်းဖြူ (VOM) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ ၂ ငါးလုံး နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်အလိုမရှိကြောင်း မြို့လုံးကျွတ်သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ပခုက္ကူ #ဆန္ဒပြ
Read Moreမန္တလေးရွှေမြို့တော်မှာ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေပါ ဆန္ဒပြ
ဖေဖော်ဝါရီ- ၂၂- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ မြို့လုံးကျွတ်နီးပါး လမ်းပေါ် ထွက်ပြီး ဆန္ဒပြကြသလို အရန်းမီးသတ်တပ် ဖွဲ့ဝင်တွေကပါ အင်အားအများအပြားနဲ့ဆန္ဒထုတ်ဖော်ပြသခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #အရန်မီးသတ်တပ်ဖွဲ့ #ဆန္ဒပြ
Read Moreပဲခူးဆန္ဒပြပွဲမှာ မီးရထားဝန်ထမ်းတစ်ဦး မူးလဲပြီးသေဆုံး
ဖေဖော်ဝါရီ ၂၂ -၂၀၂၁ သိင်္ဂီထွန်း (VOM) ပဲခူးမြို့မှာ ဒီကနေ့မနက်ပိုင်း နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်မှာပါဝင် ဆန္ဒပြခဲ့တဲ့ ပဲခူးမီးရထားဝန်ထမ်းတစ်ဦး ဆန္ဒပြနေချိန် မူးလဲပြီး အသက်သေဆုံးသွားခဲ့တယ်လို့ သပိတ်ဦးဆောင်သူတွေဆီကနေ သိရပါတယ်။ “အချိန်က မနက် ၁၀ နာရီကျော် ၁၁ ဝန်းကျင်လောက်ပေါ့။ ပဲခူးဘူတာဂုံးတံတားအဆင်းလေးမှာမူးလဲသွားတော့ မီးရထားဝန်ထမ်းအိမ်ယာကိုခေါ်သွားတယ်။ အခြေအနေသိပ်မကောင်းတာနဲ့ ဝန်ထမ်းအိမ်ယာကနေ သမာဓိဆေးခန်းကိုခေါ်သွားတော့ ရောက်တဲ့အချိန်မှာ အသက်မရှိတော့ဘူးလို့ ဆရာဝန်ကပြောတယ်။”လို့ သပိတ်ဦးဆောင်သူတစ်ဥိးကပြောပါတယ်။ ဆန္ဒပြနေချိန်အတွင်း သေဆုံးခဲ့တဲ့ မီးရထားဝန်ထမ်းဟာ အသက် ၄၄နှစ်အရွယ်ရှိ အမျိုးသားဖြစ်ပြီး မြန်မာ့မီးရထား ပါဝါလျှပ်စစ်ဌာနမှာ လုပ်ကိုင်နေတဲ့ ဦးမျိုးမင်းထွန်းဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ ဦးမျိုးမင်းထွန်းဟာ CDM လှုပ်ရှားမှုမှာပါဝင်သလို၊ ပဲခူးမြို့က ဆန္ဒပြပွဲတွေမှာလည်း ပါဝင်ဆန္ဒပြနေသူဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ပဲခူးမြို့မှာ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်ကို ပြည်သူလူထုက မြို့လုံးကျွတ်ပါဝင်ခဲ့ကြတယ်လို့လည်း…
Read Moreမန္တလေးရွှေမြို့တော်မှာ မြို့လုံးကျွတ်နီးပါး လမ်းပေါ် ထွက် ဆန္ဒပြ
ဖေဖော်ဝါရီ ၂၂- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဈေးဆိုင်တွေနဲ့ အိမ်တွေပိတ်ပြီး လမ်းတွေပေါ်မှာ ဆန္ဒပြနေကြတဲ့အပြင် ကျောင်းသူကျောင်းသာတွေနဲ့ ဝန်ထမ်းတွေကတော့ မန္တလေးဘူတာကြီးရှေ့မှာ ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ တပ်မတော်သားတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကတော့ ဈေးချိုတော့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေရှေ့နဲ့ မင်္ဂလာမန္တလေးအနီးတဝိုက်မှာ လုံခြုံရေးတွေရယူထားတာကိုလည်း တွေ့ရပါတယ်။ #မန္တလေး #VOM #voiceofmyanmar #ဆန္ဒပြ
Read Moreစစ်ကိုင်းတိုင်း ရေဦးမြို့နယ်က လူသိန်းချီပါဝင်တဲ့ အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်
ဖေဖော်ဝါရီ ၂၂-၂၀၂၁ KAL #VoiceOfMyanmar #VOM #ရေဦး #ဆန္ဒပြ
Read Moreတောင်ငူမြို့မှာ လူအင်အား ၂သိန်းနီးပါး အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ ၂၂-၂၀၂၁ ကောင်းလက်ျာ(VOM) ဖေဖော်ဝါရီ၂၂ရက်နေ့ နံနက် ၉ နာရီကျော်ခန့်က ပဲခူတိုင်းဒေသကြီး တောင်ငူမြို့မှာအလုပ်သမား၊လယ်သမား၊ဌာနဆိုင်ရာ၊ကျောင်းသား၊ကျောင်းသူတွေနဲ့ ဒေသခံပြည်သူ နှစ်သိန်းနီးပါးခန့်ဟာ အာဏာရှင်စနစ် အလိုမရှိကြောင်း မြို့တွင်းလမ်းတွေပိတ်ဆို့သွားတဲ့အထိ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #တောင်ငူ
Read More