ဖေဖော်ဝါရီ ၂၁-၂၀၂၁ KM #VoiceOfMyanmar #VOM #မြင်းခြံ #ဆန္ဒပြ
Read MoreMonth: February 2021
ဒီနေ့ တောင်ကြီးမြို့ ဆန္ဒပြပွဲ မြင်ကွင်းများ
ဖေဖော်ဝါရီ ၂၁-၂၀၂၁ Photo – Sai Khun Zay #VoiceOfMyanmar #VOM #တောင်ကြီး #ဆန္ဒပြ
Read More“ဗမာသူပုန်အလိုမရှိ” ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ထားတဲ့ ရေဦးမြို့က ဆန္ဒပြသူတွေ
ဖေဖော်ဝါရီ ၂၁-၂၀၂၁ #VoiceOfMyanmar #VOM #ရေဦး #ဆန္ဒပြ
Read Moreကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမေ ၃ ဦး CDM လှုပ်ရှားမှု၌ ပထမဦးဆုံး ပါဝင်လာ
ကလေး-ဖေဖေါ်ဝါရီ၂၁-၂၀၂၁ သိမ်မွေ့ကဗျာ(VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားအဆင့် ရဲမေ ၃ ဦးဟာ CDM လှုပ်ရှားမှုမှာ ပထမဦးဆုံး ပါဝင်လာပါတယ်။ ကလေးမြို့မှာ စည်ပင်၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ သစ်တော၊ မြန်မာ့မီးရထား၊ ပညာရေး စတဲ့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုဟာ ဆက်တိုက်ပါဝင်ခဲ့ကြပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့က ရဲမေ ၃ ဦးဟာ CDM မှာ ပထမဦးဆုံး ပါဝင်လာတာပါ။ အဲဒီရဲမေ ၃ ဦးထဲက နှစ်ဦးဟာ ပြည်သူလူထုနဲ့အတူ ဆန္ဒပြရာမှာ အရပ်ဝတ်နဲ့ လိုက်ပါခဲ့ကြသလို ယခုလောလောဆယ်မှာတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရန် လိုက်လံရှာဖွေနေတာကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတယ်လို့ ရဲတပ်သား ရဲမေတစ်ဦးက ပြောပါတယ်။ သူတို့အနေနဲ့ မြို့နယ်ရဲတပ်ဖွဲ့အကြီးအကဲအပေါ် သဘောမကျခြင်းကြောင့်မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို လုံးဝလက်ခံနိုင်စရာမရှိတဲ့အတွက် CDM…
Read Moreကွယ်လွန်သူ မြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်ကလပ်တင်ဆောင်လာတဲ့ နိဗ္ဗာန်ယာဉ်
၁၁း၀၀ နာရီ ကုတင်တစ်ထောင်ဆေးရုံမှာ ကွယ်လွန်သူ မြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်ကလပ်တင်ဆောင်လာတဲ့ နိဗ္ဗာန်ယာဉ် စတင်ထွက်ခွာလာချိန် ပြည်သူသောင်းကျော် တိတ်ဆိတ်ငြိမ်သက်စွာပို့ဆောင်ကြပါတယ်။ ကိုထွန်း(VOM) #voiceofmyanmar #VOM #မြသွဲ့သွဲ့ခိုင်
Read Moreပခုက္ကူမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ (၁၄) ရက်မြောက်နေ့မြင်ကွင်း
ဖေဖော်ဝါရီ ၂၁-၂၀၂၁ နေလင်းဖြူ (VOM) ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၁၄ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၁ရက်နေ့ မနက်ပိုင်းက မြို့တွင်းမှာ လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ပခုက္ကူ #ဆန္ဒပြပွဲ #၁၄ရက်မြောက်နေ့
Read Moreအာဏာရှင်ဆန့်ကျင်ရေး ၁၅ ရက်မြောက်နေ့ မုံရွာမှာ အသံတိတ် ဆန္ဒပြ
ဖေဖော်ဝါရီ ၂၁ -၂၀၂၁ ကိုတိုးကြီး(VOM) အာဏာရှင်ဆန့်ကျင်ရေး ၁၅ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၁ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့က နေပြည်တော်မှာ သေနတ် ထိမှန်သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်နဲ့ မနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့ ညနေပိုင်းက မန္တလေးမြို့မှာ သေနတ်ထိမှန် သေဆုံးခဲ့တဲ့ သူတွေအပြင် အာဏာရှင်ဆန့်ကျင်ရေးကာလမှာ လူစုလူဝေးဖြိုခွင်းချိန် သေဆုံးခဲ့တဲ့သူတွေကို အောက်မေ့နှစ်သိမ့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့မှာ အသံတိတ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြရာမှာ စည်ပင်သာယာရေး၊ ပညာရေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းသူကျောင်းသားတွေ စုစုပေါင်း ၃ ထောင်နီးပါး ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ သံဃာတော်တွေကလည်း ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းပတ်အနီး လုံခြုံရေး ရဲတပ်ဖွဲ့တွေ အင်အားသုံးချထားတဲ့နေရာမှာ ဘာသာရေးထုံးတမ်းအရ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ခဲ့ပါတယ်။ #VoiceOfMyanmar…
Read Moreပြည်မြို့မှာ စစ်တပ်က သေနတ် ၂ ချက်ပစ်ဖောက်ပြီး သံပုံးတီးတဲ့ နေအိမ်တစ်ခုကို ဖျက်ဆီးမှုဖြစ်ပွားခဲ့
ဖေဖော်ဝါရီ ၂၁-၂၀၂၁ သိင်္ဂီထွန်း(VOM) မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၈ နာရီ မိနစ် ၃၀ အကျော်လောက်က ပြည်မြို့မှာ စစ်တပ်က သေနတ် ၂ ချက်ပစ်ဖောက်ခဲ့ပြီး ရပ်ကွက်ထဲကနေအိမ်တစ်ခုကိုလည်း သံပုံးတီးတယ်ဟုဆိုကာ အိမ်တံခါးဖျက်ဆီးခဲ့သလို၊ ဆိုင်ကပစ္စည်းတွေကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ နေအိမ်ဖျက်ဆီးခံရတဲ့ ကာယကံရှင်ဆီကနေ သိရပါတယ်။ “သေနတ်သံ၂ချက်ကြားတယ်၊ အိမ်နားကကပ်ကြားတယ်။ ပြီးတော့လူကိုလည်းရိုက်သွားတဲ့အသံမျိုး ကြားလိုက်ရတယ်။ ဒါပေမယ့်ဘယ်သူလဲမသိဘူးပေါ့။ အမတို့အိမ်က အိမ်အရှေ့တံခါး၊ အိမ်အထဲမှာလည်း အိမ်မတံခါးရှိတယ်၊ အဲ့ဒါလည်း ပိတ်တယ်။ ဒါပေမယ့် သေနတ်သံတွေကြားတော့ အိမ်ထဲကအလယ်တံခါးကို ဖွင့်ပြီးသွားပြီ၊ ပထမဆုံးတံခါးကတော့မဖွင့်ရသေးဘူး။ အဲ့မှာ အိမ်ထဲမှာအိပ်နေတဲ့ ကလေးတွေက အရှေ့ကိုထွက်ကြည့်တော့ သူတို့တွေက အရင်ရောက်သွားကြပြီ။ အဲ့ဒီမှာ စစ်သား အယောက် ၃၀ လောက် လူအုပ်ကြီးကဒီလမ်းထဲကိုဝင်ချလာတယ်။ သေနတ်တွေနဲ့ဝင်လာတော့ သံပုံးတီးမှဖြစ်မယ်လို့ ပြောတဲ့အချိန် အဖေကအရှေ့တံခါးကနေချောင်းနေတယ်။ အဲ့မှာ အမတို့အခန်းကမတီးရသေးဘူး။…
Read Moreမြန်မာအရပ်သားတွေ ပစ်သတ်ခံရမှု ခွင့်လွှတ်နိုင်စရာမရှိလို့ စင်ကာပူပြော၊ နောက်ထပ်အရေးယူပိတ်ဆို့ဖို့ ဗြိတိန်ပြင်ဆင်နေ
စင်ကာပူ၊ ဖေဖော်ဝါရီ-၂၁-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေက ကျည်အစစ်တွေအသုံးပြုပြီး လူသေဆုံးစေတဲ့အထိ နှိမ်နှင်းမှုတွေဟာ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ လက်နက်မဲ့ဆန္ဒပြသူတွေအပေါ်ကို အလွန်အကျွံအင်အားအသုံးပြုတာတွေကြောင့် လူသေဆုံးစေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မိမိတို့အလွန်စိတ်ပျက်မိကြောင်း၊ လက်နက်မဲ့အရပ်သားတွေအပေါ် သေစေလောက်တဲ့လက်နက်တွေအသုံးပြုတာဟာ ခွင့်လွှတ်နိုင်စရာမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောက်ထပ် အလားတူ အသက်ဆုံးရံှုးမှုများ မဖြစ်ပေါ်ရေးအတွက်ရှောင်ရှားကြဖို့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ပြင်းပြင်းထန်ထန်တိုက်တွန်းကြောင်းနဲ့ တင်းမာမှုတွေလျှော့ချရေးနဲ့ အခြေအနေအေးဆေးတည်ငြိမ်ရေးကို အလျှင်အမြန်ဆောင်ကြဖို့၊ အာဏာပိုင်တွေအနေနဲ့ နောက်ထပ်အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုကိစ္စတွေမဖြစ်အောင် ကာကွယ်တားဆီးရမယ်လို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက တိုက်တွန်းထားပါတယ်။ မနေ့က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တဲ့ အပေါ် ကုလသမဂ္ဂနဲ့ အီးယူအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြစ်တင်ရှုတ်ချထားပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက သေနတ်နဲ့ပစ်ခတ်တဲ့ လုပ်ရပ်ကို…
Read Moreပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ (၁၄) ရက်မြောက်နေ့မြင်ကွင်း
ဖေဖော်ဝါရီ ၂၁-၂၀၂၁ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၁၄ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၁ရက်နေ့ မနက်ပိုင်းက မြို့တွင်းမှာ လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြပွဲ #၁၄ရက်မြောက်နေ့
Read More