တောင်ငူဆန္ဒပြစစ်ကြောင်း မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခံရပေမယ့် မြို့အနှံ့ ဆက်လက်ဆန္ဒဖော်ထုတ်

မတ် ၁၇-၂၀၂၁
KLY(VOM)

တောင်ငူမြို့ လူငယ်သပိတ်စစ်ကြောင်းကို ဒီနေ့ မတ် ၁၇ရက် မနက် ၁၀ နာရီလောက်က ကန်လမ်းနဲ့နံပါတ် ၁ လမ်းထောင့်မှာ တပ်နဲ့ရဲကမျက်ရည်ယိုဗုံး၊ အသံဗုံးတွေအသုံးပြုပြီး လူစုခွဲခဲ့ပေမယ့် ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“သပိတ်စစ်ကြောင်းကို မြို့ထဲအရောက်ဖြိုခွဲခံရတာပါ။”ဒါပေမယ့် စစ်ကြောင်းကိုအကွဲမခံဘဲ ဆက်လက်ချီတက်ဆန္ဒဖော်ထုတ် နိုင်ခဲ့ပါတယ်” လို့ သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပြပါတယ်။

ဒီနေ့ တောင်ငူ သပိတ်စစ်ကြောင်းကို အဲ့ဒီတကြိမ်သာ ဖြိုခွဲခဲ့ပြီး နောက်ကလိုက်ကာ ပစ်ခတ်ဖြိုခွဲမှု မလုပ်တော့ဘဲ စစ်ကြောင်းကွဲပြီး နေအိမ်ပြန်မယ့် လူငယ်တွေကို လူသိများတဲ့လမ်းမကြီးတွေနဲ့ မြို့အဝင်အထွက် ပေါက်တွေမှာ ဆိုင်ကယ်ရပ်တန့်ခိုင်းပြီး စစ်ဆေးရှာဖွေ‌တာပဲလုပ်တော့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူ #သပိတ်စစ်ကြောင်း #အသံဗုံး #လူစုခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW