ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး သေဆုံးသူ ၄ ဦးနဲ့  ဒဏ်ရာရသူ အများအပြားရှိ 

ကလေး-မတ်-၁၇-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ တာဟန်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြနေစဉ် မြို့လှရပ်ကွက်ထဲအရောက် ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ရဲနဲ့စစ်တပ်တွေဟာ ပတ်ပတ်လည် ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီး အသံဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၄ဦး သေဆုံးကာ စိုးရိမ်ရသူတွေအပါအဝင်  ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့သလို   ဖမ်းဆီးခံရသူလည်း အနည်းဆုံး ၁၀ ဦးရှိတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။   သေဆုံးသူတွေထဲမှာ အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျန်ကျဲအို၊ ကလေး ၃ ဦးဖခင် အသက် ၂၇ နှစ်အရွယ် ဦးကျင်ခန့်မာန်အပါအဝင် ယနေ့ ညနေ  ၄ နာရီလောက်မှာ ချင်းတောင်တန်းကားဂိတ်အနီးမှာလည်း  ထပ်မံပစ်ခတ်မှုကြောင့် နောက်ထပ် အမျိုးသားနှစ်ဦး သေဆုံးပြီး စိုးရိမ်ရသူ ၄ ဦးရှိကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ မျက်မြင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးသူ နောက်၂ဦးရဲ့ နာမည်ကိုတော့…

Read More

ကောလင်းမှာ ဖမ်းဆီးထားတဲ့ လူ ၂ ဦး ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေချိန် ရဲစခန်းဘေးက စ.ရ.ဖ ရုံးမီးလောင်

မတ် ၊ ၁၇ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ၊ မြို့ကုန်း မြို့မရပ်ကွက် (၁၂)လမ်းမှာ မနေ့ မတ် ၁၆ ရက် နေ့လယ် ၁၂ နာရီက ဆန္ဒပြရာမှာ ပါဝင်သူ လူ ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီ လူ ၂ ဦးကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူတွေက ကောလင်းမြို့မရဲစခန်းရှေ့ကို သွားရောက်ဆန္ဒပြ တောင်းဆိုနေချိန် ရဲစခန်းနောက်ကျောရှိ စုပေါင်းရုံးလမ်းမှာ ငှားရမ်းနေထိုင်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့ခံတွေဆီကနေ သိရပါတယ်။ ” လက်သမားဆရာ ကိုကျော်သူရနဲ့ သုံးဘီးမောင်းသူ ကိုသိန်းထိုက်တို့ကို ဖမ်းသွားတဲ့အတွက် ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ ဆန္ဒပြ တောင်းဆိုနေတဲ့အချိန် စခန်းနောက်ကျောက စရဖ ရုံး မီးလောင်တာဖြစ်တယ် ” လို့…

Read More

ပခုက္ကူ အခြေခံပညာ ထက်/လယ်ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ၉ဦးသာ တက်ရောက်

မတ်၁၇ – ၂၀၂၁ နေလင်းဖြူ(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာ ထက်/လယ်ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်မွမ်းမံသင်းတန်းကို ဒီကနေ့ မတ်လ၁၇ရက်နေ့က သင်တန်းခေါ်ယူပို့ချခဲ့ပေမယ့် ထက်/လယ်ကျောင်းအုပ်ကြီး ၉ဦးသာတက်ရောက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။ ” အဲ့ဒီသင်တန်းကို အမက၉​ ကျောင်းမှာစီစဥ်ပေးခဲ့တယ်၊ ပခုက္ကူမြို့နယ်မှာ ထက်/လယ်ကျောင်းအုပ်ကြီး ၅၁ဦးရှိတယ်၊ အထက်တန်းကျောင်းအုပ်၅ဦးနဲ့ အလယ်တန်းကျောင်း၄ဦးသာ တက်ရောက်ခဲ့တယ်”လို့ ပခုက္ကူမြို့နယ်ပညာရေးမှူးဒေါ်တင်တင်ရီက VOMကို ပြောပါတယ်။ ပခုက္ကူမြို့နယ်မှာ ပညာရေးဝန်ထမ်း CDM ပါဝင်မှု DTEO ၅ဦး၊ အထက်တန်းကျောင်းအုပ်၅ဦး၊ အလယ်တန်းကျောင်းအုပ် ၃၆ဦး၊ သင်ကြားရေး ထက်/လယ်/မှု ကာယ ရုံးစာရေး ၁၇၂၀ဦးCDMမှာ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ” စစ်အာဏာသိမ်းကောင်စီက ပထမဆုံး စော်ကားခံရတာ၊ ပညာရေးကဝန်ထမ်းတွေကိုပဲ ကိုဗစ်ကြားကနေ မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တယ်၊ ဒါပေမယ့် မဲအရေအတွက်ကို မမှန်ဘူးလို့ ပြောလိုက်ခြင်းဟာ ​ပညာရေးဝန်ထမ်း ခင်ဗျားတို့တွေက လူလိမ်ပါလို့ပထမဆုံးစွပ်စွဲခံရတာပဲ။ အဲ​​့ဒီလောက်…

Read More

တောင်ငူသပိတ် ဦး‌ဆောင်သူအချို့ကို ဓါတ်ပုံတွေနဲ့တကွ ပရင့်ထုတ်ကာ စစ်တပ်နဲ့ရဲက စစ်ဆေးရှာဖွေနေ

မတ် ၁၇-၂၀၂၁ KLY(VOM) တောင်ငူမြို့နယ်က သပိတ်ဦးဆောင်သူအချို့ကို နယ်မြေခံရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅ (က)(ခ)တွေနဲ့ အမှုဖွင့်လှစ်ထားတဲ့အပြင် ဒီနေ့ မတ်လ ၁၇ရက်နေ့ မွန်းလွဲပိုင်းမှာ ဓါတ်ပုံပရင့်ထုတ်ပြီး စစ်တပ်နဲ့ ရဲက ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူတိုက လမ်းသွား လမ်းလာတွေကိုရပ်တန့်ခိုင်းပြီး စစ်ဆေးတဲ့နေရာနားမှာ ကပ်ထားတဲ့ ပုံတွေနဲ့တိုက်စစ်နေတာပါ။ အရင်ရက်တွေက မွန်းလွဲချိန်ဆို တပ်နဲ့ရဲ ဆုတ်တောင်ဆုတ်သွားပြီ။ ကနေ့တော့ ခုချိန်ထိ စစ်ဆေးကြပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီ ဖမ်းဝရမ်းထုတ်ခံရတဲ့ လူငယ်တွေထဲမှာ တောင်ငူတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုသက်တင်အောင်၊ တောင်ငူတက္ကသိုလ်က လက်ထောက်ကထိက ဦးဇော်ဇော်အောင်(မြန်မာစာဌာန)၊ ကျောင်းဆရာ ဦးပြည်သိမ်းခိုင်နဲ့ ကျောင်းသားအချို့အပါအဝင် ရှစ်ဦးတိတိပါဝင်တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက သပိတ်စစ်ကြောင်းကို အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲခဲ့ပေမယ့် ပြည်သူတွေက ဆန္ဒပြပွဲကို ဆက်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ #voiceofmyanmar…

Read More

ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှုက လိုပြသက်သေတွေကို မတ်လအကုန်မှာ စစ်ဆေးဖို့ရှိ

မတ် ၁၇ – ၂၀၂၁ ထက်အောင်စိုင်း (VOM) ဖမ်းဆီးတရားစွဲဆ်ိုခံထားရတဲ့ ရခိုင်ဝန်ကြီးချုပ်ဦးညီပုအမှုက တရားလိုပြသက်သေတွေကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ စစ်ဆေးသွားဖို့ရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဦးညီပုရဲ့ရှေ့နေဆီကနေ သိရပါတယ်။ ဦးညီပုရဲ့ရှေ့နေဖြစ်တဲ့ သဇင်ဥပဒေအထောက်အကူပြုရေးအဖွဲ့က ရှေ့နေ ဦးငြိမ်းချမ်း က” ပြီးခဲ့တဲ့ ရုံးချိန်းက လုပ်ခဲ့တဲ့ အကြိုမှုခင်းစီမံခန့်ခွဲရေးကို ဒီနေ့မှာ အပြီးသတ်လုပ်ပါတယ်။ ပြီးတော့ ဘယ်နေ့မှာ အမှုကိုဘယ်လိုလုပ်မယ်ဆိုတာ လုပ်တယ်။ နောက်ထပ် ၃၁ ရက်နေ့ကို ရုံးချိန်းတယ်။ အဲဒီနေ့မှာပဲ တရားလိုပြသက်သေတွေကို စစ်ဆေးဖို့ လုပ်သွားမှာပေါ့”လို့ ပြောပါတယ်။ ဒီအမှုမှာ တရားလ်ိုပြသက်သေ (၅) ဦးရှိပြီး စစ်တွေ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ရုံးချိန်က်ိုတော့ Video Conferencing စနစ်နဲ့ စစ်တွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်​ပြီး…

Read More

သင်္ဃန်းကျွန်းမှာ လူမဲ့သပိတ်ပြုလုပ်

မတ် ၁၇ -၂၀၂၁ Voice Of Myanmar မတ်လ ၁၇ရက်နေ့ဒီနေ့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်မှာ သင်္ဃန်းကျွန်း လူငယ်တွေက အာဏာရှင်စနစ်ကို လက်မခံကြောင်း လူမဲ့သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #သင်္ဃန်းကျွန်း

Read More

မြစ်ဆုံအထက်တိုက်ပွဲကြောင့် တိမ်းရှောင်လာသူတွေ ပလန စစ်ရှောင်စခန်းရောက်ရှိ

မတ် ၁၇ -၂၀၂၁ YAT(VOM) မြစ်ဆုံအထက်ပိုင်း ဂွေထော်ကျေးရွာဘက်မှာ KIA နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်နေလို့ စစ်ရှောင်လာကြတဲ့ ရွာပေါင်း ၄ ရွာက ဒေသခံတွေ မြစ်ကြီးနားမြို့ ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းနဲ့ ထရီနတီ စစ်ရှောင်စခန်းတွေဆီ မနေ့ မတ်လ ၁၆ ရက် ည ၁၀ နာရီက ရောက်ရှိလာပါတယ်။ ဒီနေ့ မတ်လ ၁၇ ရက်နေ့ စာရင်းအရ ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှာ လူဦးရေ ၁၄၀ ကျော် ရောက်ရှိခဲ့ပြီး ထရီနတီစစ်ရှောင်စခန်းကို ရောက်လာသူတွေလည်း ရှိနေပါတယ်။ “ကျမတို့ နေ့ခင်းဆို အလုပ်သွားတယ်နော ညနေ ၅ နာရီခွဲလောက်ကနေ စပြီးမှ ပစ်ခတ်သွားတာ အိမ်တောင်မှ ပြန်မလာနိုင်ဘူး အလုပ်အပြန် သေနတ်သံကြားပြီး ထွက်ပြေးသွားတာ ကလေးတွေနဲ့ ဘာမှတောင် မပါဘူး ဒီအတိုင်းပဲ လူလွတ်ပဲ…

Read More

လှည်းတန်းလမ်းဆုံမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကိုဖမ်းဆီးပြီး လမ်းရှင်းခိုင်း

ရန်ကုန်၊ မတ် ၁၇-၂၀၂၁ အေးချမ်းသူ(VOM) ကမာရွတ်မြို့နယ် လှည်တန်းလမ်းမကြီးပေါ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ် ၁၇ရက် မနက် ၁၁နာရီခွဲအချိန်က ပြည်သူတွေကိုဖမ်းဆီးပြီး လမ်းရှင်းခိုင်းခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ “လမ်းပေါ်ထွက်လာတဲ့ သူတွေကို ဖမ်းတယ် ပြီးတော့ သဲအိတ်တွေ ဖယ်ခိုင်းတယ် လာတဲ့ကားတွေပါ တားပြီးဖမ်းတာဟု ” ဦးထွန်းလင်းခြံလမ်းမှာ နေထိုင်တစ်ဦးက ပြောပါတယ်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ အမှိုက်ကားအကြီးအသေးနှစ်စီးနဲ့ လာရောက်ပြီး လမ်းပေါ်လာသမျှလူတွေကို ဖမ်းဆီးကာ လမ်းပေါ်ချထားတဲ့ သဲအိတ်တွေကို ရှင်းခိုင်းတာလို့ လှည်းတန်းစျေးအနားက ပြည်သူတစ်ဦးကပြောပါတယ်။ “လာတဲ့ကားတွေရော ဆိုက်ကားတွေရော အမှိုက်လာပစ်တဲ့သူတောင်မချန်ဘူး အကုန်ဖမ်းပြီးလမ်းရှင်းခိုင်းတာ”လို့ ပြောပါတယ်။ လမ်းရှင်းခိုင်းပြီးနောက် ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #လှည်းတန်း #လမ်းရှင်းခိုင်း

Read More

မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ်ကြောင်း

မန္တလေး၊ မတ်- ၁၇-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

တောင်ငူဆန္ဒပြစစ်ကြောင်း မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခံရပေမယ့် မြို့အနှံ့ ဆက်လက်ဆန္ဒဖော်ထုတ်

မတ် ၁၇-၂၀၂၁ KLY(VOM) တောင်ငူမြို့ လူငယ်သပိတ်စစ်ကြောင်းကို ဒီနေ့ မတ် ၁၇ရက် မနက် ၁၀ နာရီလောက်က ကန်လမ်းနဲ့နံပါတ် ၁ လမ်းထောင့်မှာ တပ်နဲ့ရဲကမျက်ရည်ယိုဗုံး၊ အသံဗုံးတွေအသုံးပြုပြီး လူစုခွဲခဲ့ပေမယ့် ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “သပိတ်စစ်ကြောင်းကို မြို့ထဲအရောက်ဖြိုခွဲခံရတာပါ။”ဒါပေမယ့် စစ်ကြောင်းကိုအကွဲမခံဘဲ ဆက်လက်ချီတက်ဆန္ဒဖော်ထုတ် နိုင်ခဲ့ပါတယ်” လို့ သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပြပါတယ်။ ဒီနေ့ တောင်ငူ သပိတ်စစ်ကြောင်းကို အဲ့ဒီတကြိမ်သာ ဖြိုခွဲခဲ့ပြီး နောက်ကလိုက်ကာ ပစ်ခတ်ဖြိုခွဲမှု မလုပ်တော့ဘဲ စစ်ကြောင်းကွဲပြီး နေအိမ်ပြန်မယ့် လူငယ်တွေကို လူသိများတဲ့လမ်းမကြီးတွေနဲ့ မြို့အဝင်အထွက် ပေါက်တွေမှာ ဆိုင်ကယ်ရပ်တန့်ခိုင်းပြီး စစ်ဆေးရှာဖွေ‌တာပဲလုပ်တော့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #သပိတ်စစ်ကြောင်း #အသံဗုံး #လူစုခွဲ

Read More
VOM News

FREE
VIEW