ပခုက္ကူ အခြေခံပညာ ထက်/လယ်ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ၉ဦးသာ တက်ရောက်

မတ်၁၇ – ၂၀၂၁
နေလင်းဖြူ(VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာ ထက်/လယ်ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်မွမ်းမံသင်းတန်းကို ဒီကနေ့ မတ်လ၁၇ရက်နေ့က သင်တန်းခေါ်ယူပို့ချခဲ့ပေမယ့် ထက်/လယ်ကျောင်းအုပ်ကြီး ၉ဦးသာတက်ရောက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။

” အဲ့ဒီသင်တန်းကို အမက၉​ ကျောင်းမှာစီစဥ်ပေးခဲ့တယ်၊ ပခုက္ကူမြို့နယ်မှာ ထက်/လယ်ကျောင်းအုပ်ကြီး ၅၁ဦးရှိတယ်၊ အထက်တန်းကျောင်းအုပ်၅ဦးနဲ့ အလယ်တန်းကျောင်း၄ဦးသာ တက်ရောက်ခဲ့တယ်”လို့ ပခုက္ကူမြို့နယ်ပညာရေးမှူးဒေါ်တင်တင်ရီက VOMကို ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ ပညာရေးဝန်ထမ်း CDM ပါဝင်မှု DTEO ၅ဦး၊ အထက်တန်းကျောင်းအုပ်၅ဦး၊ အလယ်တန်းကျောင်းအုပ် ၃၆ဦး၊ သင်ကြားရေး
ထက်/လယ်/မှု ကာယ ရုံးစာရေး ၁၇၂၀ဦးCDMမှာ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

” စစ်အာဏာသိမ်းကောင်စီက ပထမဆုံး စော်ကားခံရတာ၊ ပညာရေးကဝန်ထမ်းတွေကိုပဲ ကိုဗစ်ကြားကနေ မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တယ်၊ ဒါပေမယ့် မဲအရေအတွက်ကို မမှန်ဘူးလို့ ပြောလိုက်ခြင်းဟာ ​ပညာရေးဝန်ထမ်း ခင်ဗျားတို့တွေက လူလိမ်ပါလို့ပထမဆုံးစွပ်စွဲခံရတာပဲ။ အဲ​​့ဒီလောက် စော်ကားချင်တိုင်း စော်ကားခဲ့တဲ့ အာဏာသိမ်းကောင်စီလက်အောက်မှာဝန်ထမ်းတွေအနေနဲ့ ရုံးမတက်ဘဲရုန်းထွက်ပါ၊ အခုချိန်မှာCDMလုပ်ဖို့ ဝေဝါးနေရင် နောင်တစ်ချိန် မိသားစု တပည့်သားစဥ်မြေးဆက် မှောင်မိုက်လိမ့်မယ်၊ အဲ့ဒါကြောင့် CDMမှာပါဝင်တဲ့ဝန်ထမ်းတွေအနေနဲ့ ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ၊ ရုံးတက်နေတဲ့ဝန်ထမ်းတွေကိုလည်း ပညာရေးအသိုင်းအဝန်းရဲ့သမိုင်းတရားခံများအဖြင့်ရှုံ့ချတယ်”လို့ အထက်တန်းကျောင်းအုပ်တစ်ဦးကပြောပါတယ်။

အခြေခံပညာရေးကျောင်းအုပ်ကြီးများ အထက်တန်း၊
အလယ်တန်း၊မူလတန်း မြို့နယ်အဆင့်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို မတ်လ ၁၇ရက်ကနေ ၁၉ရက်နေ့ထိ၊ အခြေခံ ထက်/လယ်ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်းကို မတ်လ၂၂ရက်က‌နေ ၂၄ရက်နေ့ထိ၊ မမူလတန်းကျောင်းအုပ်ကြီးမျာမွမ်းမံသင်တန်းကို မတ်လ၃၀ရက်ကနေ ဧပြီလ ၁ရက်နေ့ထိ၊ အခြေခံပညာသင်ရိုးသစ် Grade7 Grade10 မြို့နယ်အဆင့် Face to Face မွမ်းမံသင်တန်းကို ဧပြီ၅ရက်ကနေ ၇ရက်နေ့အထိ အ​ခြေခံပညာသင်ရိုးသစ်Grade 4 မြို့နယ်အဆင့််Face to Face မွမ်းမံသင်တန်းတွေတက်ရောက်ရမယ်လို့
ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ထက်လယ်ကျောင်းအုပ်ကြီးများ #မွမ်းမံသင်တန်း #ကိုးဦးသာတက်ရောက်

Related posts

Leave a Comment

VOM News

FREE
VIEW